အားလူးစျေး အဆမတန် ကျဆင်းသဖြင့် တောင်သူများအရှုံးနဲ့ရင်ဆိုင်နေရ
ခမ်းသားငေါဝ်း မတ် ၁၃၊၂၀၂၄ အာလူးစျေးအဆမတန် ကျဆင်းသဖြင့် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်နေကြရကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ နောင်တရားဒေသ ကျေးရွာအများစုတွင် အာလူးကို အဓိကစိုက်ပျိုးကြပြီး ယခုနှစ်တွင် သွင်းအားစု အဆမတန်စျေးတက်ပြီး အရင်းနှီးကြီးကာ စျေးမရရှိခြင်းကြောင့် အရှုံးဖြင့်သာ ရောင်းနေရကြောင်း သိရသည်။ “ဆေးဖျန်းဖိုးရော ၊ရေဖိုးရော၊ ပိုက်ဖိုးရော၊ မြေသြဇာဖိုးရော ၊လူငှားခရော အများကြီးကုန်တာ။…