Category: စီးပွားရေး/စိုက်ပျိုးရေး

အောင်သမာဓိ၊အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်အပါအဝင် ရွှေဆိုင်ပိုင်ရှင် ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

ခမ်းသားငေါဝ်း ဇွန် ၄ ၊ ၂၀၂၄ နာမည်ကြီး ရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်နှင့်အကယ်ဒမီ အပါအဝင် ရွှေဆိုင် ပိုင်ရှင် ၇ ဦးနှင့် ပွဲစား ၃ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားကြောင်း ဇွန်လ ၂ ရက် ညပိုင်းတွင်စစ်ကောင်စီကထုတ်ပြန်ထားသည်။ ယင်းရွှေလုပ်ငန်းရှင်များအား ဝိသမ လောဘသားများအဖြစ် စစ်ကောင်စီကစွပ်စွဲကြေညာပြီး နိုင်ငံတော်စီးပွားရေး…

ပင်လောင်းဒေသတွင် စက်သုံးဆီအကန့်အသတ်ဖြင့်သာရောင်းချပေးနေဟုဆို

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ပင်‌လောင်းမြို့တွင် စက်သုံးဆီအရောင်းဆိုင်များကဆီကိုအကန့်အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည်ဟု ဒေသခံတစ်ဦးကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ စက်သုံးဆီအ‌ရောင်းဆိုင်ကြီးများတွင် ဆိုင်ကယ်တစ်စီးလျှင် ၅ ထောင်ကျပ်အထက်ပိုမရောင်းပေးဘဲ ကားတစ်စီးလျှင်သုံးသောင်းကျပ်အထိသာ အကန့်အသတ်ဖြင့်ရောင်းချပေးနေသည်။ “ပိုက်ဆံရှိလည်းဝယ်ထားလို့မရဘူး ကိုယ်လိုရင်လိုသလောက်မရဘူး သိုလှောင်ထားတဲ့ဆီတွေတော့ရှိတယ်ထင်တယ် ဒေါ်လာစျေးတက်တော့ဆီစျေးတွေလည်းတက်လာမှာရော အဲအချိန်ကျဆိုင်တွေကသူတို့ပြန်ယူရင် စျေးအရမ်းကြီးမှာကြောက်လို့ ဆီကို အကန့်အသတ်နဲ့ပဲရောင်းပေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပင်လောင်းမြို့တွင် စက်သုံးဆီပြတ်လပ်နေသည့်အချိန်လည်းရှိနေပြီး မိမိလိုသလောက်ထည့်မရသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေကြောင်း သိရသည်။…

ခရမ်းချဥ်သီးစျေးပြန်တက်သော်လည်း ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် တွက်ခြေမကိုက်

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ခရမ်းချဥ်သီးစျေးပြန်တက်သော်လည်း အခြေခံကုန်စျေးနှုန်းမြင့်တက်မှုကြောင့်တွက်ခြေမကိုက်ဘဲ ခရမ်းချဥ်သီးစိုက်တောင်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ရှိခရမ်းချဥ်သီးစိုက်တောင်သူများ ယခင်ထက် ခရမ်းချဥ်သီးစျေးကောင်းရနေသော်လည်း အခြေခံစားသောက် ကုန်နှင့် သွင်းအားစုကုန်များ ဈေးမြှင့်တက်လာခြင်းကြောင့် ရသည့်အမြတ်တွက်ခြေမကိုက်ဖြစ်နေရ သည်။ “ယခင်ထက်တော့စျေးတက်လာတယ် ခရမ်းချဥ်သီးက ဒါပေမယ့် ကုန်စျေးနှုန်းတွေမြင့်တက်တော့မကိုက်ပါဘူး မြေသြဇာတောင် တစ်အိတ် ၁ သိန်း ၈ သောင်းရှိနေပြီ ဒါတောင်ဆေးကဖြန်းရသေးတယ်…

မြေမြှုပ်မိုင်း၊ လက်နက်ကြီး အန္တရာယ်များကြားမှ စားဝတ်နေရေးအတွက် ဆီဆိုင်ဒေသခံများ စိုက်ပျိုးရေးပြန်လုပ်နေရ

ခမ်းသားငေါဝ်း မေ ၂၈ ၊ ၂၀၂၄ ဆီဆိုင်ဒေသခံများသည် မြေမြှုပ်မိုင်း၊ လက်နက် ကြီး အန္တရာယ်များကြားမှ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးပြန်လုပ်သူရှိနေကြောင်း ဒေသခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာဖက်တို့တွင် ယခုမေလကစပြီး စားဝတ်နေရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများကို မြေမြုပ်မိုင်း၊လက်နက်ကြီးအန္တရာယ်ကြားကနေမှ ပြန်လုပ်နေကြကြောင်းသိရသည်။ “မစိုက်ပြန်တော့လည်း လာမဲ့နှစ်ဘာစားရမလဲ စိုက်တော့စိုက်နေတယ် အခြေအနေကဘယ်လိုလာမလဲမသိဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။ ဆီဆိုင်မြို့သည် လျက်ရှိ…

ပြည်တွင်းရွှေစျေးတကျပ်သား သိန်း ၅၀ နီးပါးအထိမြှင့်တက်လာ

ခမ်းသားငေါဝ်း မေ ၁၆၊ ၂၀၂၄ ယနေ့မနက်တွင် ပြည်တွင်းအခေါက်ရွှေ တကျပ်သားလျှင် ၄၉ သိန်း ၉ သောင်း ကျပ်အထိမြင့်တက်လာနေသည်ဟု ရွှေရောင်းဝယ်သူများထံမှသိရပါသည်။ မေလအစတွင်ရွှေစျေးတကျပ်သားလျှင် ၄၇သိန်းကျော်အထိရှိနေခဲ့ပြီး ယခုလက်ရှိတွင် သိန်း ၅၀ နီး ပါးအထိရှိလာနေပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်လာသည့်အတွက်ကြောင့် ရွှေစျေးနှုန်းများ တဟုန်ထိုးမြင့်တက်လာရသည်ဟုလည်းသိရပါသည်။ “အာဏာစသိမ်းပြီးကတည်းက အကုန်လုံးစျေးတက်နေခဲ့တာ ရွှေစျေးဆိုလည်းအဲချိန်ကစပြီးမြင့်တက်နေတာကနေခုဆိုရင် သိန်း၅၀နီးပါးအထိတောင်ဖြစ်လာပြီပေါ့နော် အဓိကမြန်မာငွေကျပ်တန်ဖိုးကကျဆင်းနေတော့‌ပိုဆိုးတာပေါ့”ဟု…

လက်ရှိအာလူးဈေး ယခင်ထက်ဈေးကောင်းပိုမိုရရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသရှိ အာလူးဈေးသည် ယခင်ထက် ဈေးကောင်းရရှိလာသည်ဟု ဧပြီလ၂၃ ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။ ယခင်လတွင် အာလူးဈေး တစ်ပိဿာလျှင် ၂၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုလက်ရှိတွင် တစ်ပိဿာ ၂၅၀၀ နှင့် ၃၀၀၀ ကျပ်ဝန်းကျင်ရှိလာကြောင်းသိရသည်။ “တိုက်ပွဲအခြေအနေတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပိတ်ကုန်တော့ဒေသထွက်ကုန်အတော်များများဈေးကျဆင်းသွားတယ် အခုလိုဈေးကောင်းပြန်ရလာတော့တောင်သူတွေအတွက် အားတက်စရာဖြစ်စေတယ်” ဟုအာလူးစိုက်ပျိုး‌တောင်သူတစ်ဦးကပြောသည်။ နှစ်စတွင်အားလူးကိုပွဲရုံအထိရောင်းလျှင်တစ်ပိဿာတစ်ထောင်ကျော်…

အာလူးစျေး အဆမတန် ကျဆင်းကျသဖြင့် တောင်သူများ အရှုံးပေါ်

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ အာလူးစျေး အဆမတန် ကျဆင်းခြင်းကြောင့်အာလူးစိုက်တောင်သူများ အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း အာလူးစိုက်တောင်သူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ နောင်တရား၊တီကျစ်ဒေသထွက် အာလူးများ ယခင်ကထက်ဈေး ထက်ဝက်ခန့် ကျဆင်းနေခြင်းကြောင့် အရင်းပြန်မရဘဲ တောင်သူများအရှုံးဖြင့် ရင်ဆိုင်နေရသည်၊၊ “ရေဖိုး၊ ဆေးဖြန်းဖို့၊ မြေသြဇာဖိုး လူအားတွေအများကြီး ရင်းထားရတာ ခုဆို စျေးလုံးလုံးမရှိဘူး။အရင်းတောင် ပြန်မရဘူး”ဟု နောင်တရား အာလူးစိုက်တောင်သူတစ်ဦးကပြောသည်။…

ပင်လောင်းဒေသမှာ လက်ဘက်စျေး ၁ သောင်းကျော်ထိရနေလည်း စိုက်ပျိုးသူတွက်ခြေမကိုက်

ခမ်းသားငေါဝ်း မတ် ၃၁၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် လက်ဘက်ခြောက်ဈေးနှုန်းသည် ၁ ပိဿာလျှင် တစ်သောင်းတစ်ထောင်ကျပ်ထိ ရောင်းရသော်လည်း စိုက်ပျိုးတောင်သူမှာ တွက်ခြေမကိုက်ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ စိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ရခြင်းသည်အခြားသော အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့်ဆန် ဆီ ဆားတို့က အဆမတန်စျေးမြင့်တက်နေသည့်အတွက် တွက်ခြေမကိုက်ကြောင်းဆိုသည်။ “တစ်ပိဿာ တစ်သောင်းတစ်ထောင်ဆိုပေမယ့်ခုဆိုရင် သိတဲ့အတိုင်း ဆန်တစ်အိတ်ကို တစ်သိန်းကျော်ရှိတယ် နောက်လက်ဖက်စိုက်ပျိုးတာက ခူးချိန်တို့အခင်းထဲ ပေါင်းရှင်းချိန်တို့ လူခေါ်ရတယ် အဲဒါတွေနဲ့ပြန်ယှဥ်ကြည့်လိုက်ရင် တွက်ခြေမကိုက်ပါဘူး”ဟု…

ပြောင်းစျေးကျပြီး ဝယ်သူမရှိသည့်အတွက်‌ ပြောင်းစိုက်တောင်သူများ အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း မတ်လ ၁၈၊ ၂၀၂၄ ပြောင်းစျေးကျပြီး ဝယ်သူမရှိသည့်အတွက်ကြောင့် ရှမ်းတောင်ရှိ ပြောင်းစိုက်တောင်သူများ အခက်အခဲဖြစ်နေကြောင်း ပြောင်းစိုက်တောင်သူ ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်သည် ပြောင်းစျေးတပိဿာ ၁ ထောင်ကျော်အထိ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အမြင့်ဆုံး ၉၀၀ ကျပ်သာရရှိပြီး စိုက်ပျိုးစရိတ်ကို ပြန်မကာမိသည့်အပြင် စားဝတ်နေရေးလည်း အခက် အခဲဖြစ်နေကြောင်းသိရသည်။ “ကိုယ့်ဒေသထွက်သီးနှံတွေ စိုက်ပျိုးတော့လည်း စျေးကမရတဲ့အပြင် ခုချိန်ပြောင်းတွေတောင်…

မြေယာဥပဒေမူဝါဒနှင့်အညီ ထိန်းသိမ်းသွားရန် ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကို TNLAကွင်းဆင်း စစ်ဆေး

ခမ်းသားငေါဝ်း မတ်လ ၁၆၊ ၂၀၂၄ TNLAသိမ်းပိုက်ထားသည့် နမ္မတူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးနှင့် အများပြည်သူပိုင် ဧရိယာနယ်နိမိတ်များကိုကွင်းဆင်း စစ်ဆေးခဲ့ကြောင်းမတ်လ ၁၅ ရက်နေ့တွင် TLNAကထုတ်ပြန်ထားသည်။ မန်စံကျေးရွာရှိ လျှပ်စစ်ရုံး၊ မီးသတ်ရုံး၊ ဆေးရုံ၊ ကျောင်းနှင့် အများပြည်သူပိုင် ဘာသာရေးအဆောက်အဦးများကို PSLF/TNLA ၏မြေယာဥပဒေ မူဝါဒနှင့် အညီ ဧရိယာနယ်နိမိတ်များ သတ်မှတ်ပေးခြင်း၊ မြေယာအဆောက်အဦ အကျယ်အဝန်းများ တိုင်းထွာသတ်မှတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း…

You missed