Category: စီးပွားရေး/စိုက်ပျိုးရေး

အဖွဲ့အမည်မသိ“ဝ”စစ်သားအင်အားဖြည့်တင်းလာမှုကြောင့် ဒေသခံများက တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၆၊ ၂၀၂၄ နောင်ဒေးကျေးရွာအုပ်စုတွင် အဖွဲ့အမည်ကိုမသိရသည့် “ဝ”စစ်သားအင်အားဖြည့်တင်းလာနေပြီး ဒေသခံများ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်နေကြကြောင်း နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ဒေသခံကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ နောင်ဒေးကျေးရွာအုပ်စုထဲတွင် ယခုတစ်ပတ်အတွင်း “ဝ”စစ်သားများက စစ်အင်အားများဖြည့်တင်းလျက်ရှိပြီး ဒေသခံများကတိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။ “အခုဒီဘက်မှာကအခြေနေသိပ်မကောင်းဘူး၊…

SSPP တပ်စခန်းကို RCSS ကတိုက်ခိုက်ခဲ့ပြီးတပ်သား ၈ ဦးကိုဖမ်းဆီးသွားကာ ပြည်သူ ၁ ဦးကိုသတ်ဖြတ်သွားဟု SSPP ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၆၊ ၂၀၂၄ မိုင်းကိုင်မြို့နယ် အတွင်းရှိ SSPP တပ်စခန်း (၂) ခုကို RCSS စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခဲ့၍ SSPP တပ်ဖွဲ့ဝင် (၈) ဦး နှင့် အရပ်သား (၁)…

တရုတ်၏ကြား၀င်စေ့စပ်မှုကို အသိအမှတ်ပြုပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲအဆင်သင့်ဖြစ်နေကြောင်း TNLA ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၆၊ ၂၀၂၄ နယ်စပ်တည်ငြိမ်ရေးအတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်ပေးနေသည့် တရုတ်အစိုးရကို အသိမှတ်ပြုပြီး စစ်ဘေးဒဏ်ဆိုးဝါးစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငှဲ့ညှာထောက်ထား၍လည်း နှစ်ဖက်စစ်ရေးပဋ္ဌိပက္ခများအဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန်အဆင်သင့်ရှိနေကြောင်း TNLA က နိုင်ဝင်ဘာလ ၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင်…

မိုင်းရယ်မြို့တွင် စက်သုံးဆီ၊ ဓာတ်ဆီ လုံးဝ ပြတ်လပ်ပြီး ဆီဆိုင်များပိတ်ထား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၆၊ ၂၀၂၄ မိုင်းရယ်မြို့တွင် စက်သုံးဆီ၊ ဓာတ်ဆီ လုံးဝပြတ်လပ်နေသောကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း နိုဝင်ဘာ(၂၆)ရက် ယနေ့တွင် စုံစမ်းသိရသည်။ ရှမ်းပြည်မြောက်ပိုင်းသို့ သွားသည့် ဂိတ်များကို စစ်ကောင်စီမှ ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပြီးနောက် မိုင်းရယ်မြို့တွင်…

တောင်ကြီး တွင် စစ်မှုထမ်း မလိုက်နိုင် သူနှင့် အသက်ကျော်လွန်သူပါအိမ်တိုင်းစေ့ ငွေကြေးကောက်ခံ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၆၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီး မြို့တွင် စစ်မှုထမ်းဥပဒေအရ မလိုက်နိုင်သူများ နှင့် အသက်(၄၀) ကျော် နေသူများပါ အိမ်တိုင်းစေ့ ပိုက်ဆံ ထည့်ရမည်ဟု ရပ်ကွက်တွင်းမှသိရသည်။ တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်တွင် တစ်အိမ်ထောင်လျှင်…

တောင်ကြီးမြို့တွင် ဝက်သားတစ်ပိဿာ လေးသောင်းကျပ်အထိ စံချိန်တင် မြင့်တက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်နိုဝင်ဘာ ၂၅ ရက်က ဝက်သား တစ်ပိဿာ လေးသောင်းအထိ စံချိန်တင် မြင့်တက်လာနေကြောင်း စျေးသည်များထံမှ စုံစမ်းသိရသည်။ “ အခု ဝက်သား တစ်ပိဿာ ၄၀၀၀၀…

သံလွင်စံပြကျေးရွာကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက် ဒေသခံ (၃)ဦး ဒဏ်ရာရ၊ စာသင်ကျောင်း ပျက်စီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၅၊ ၂၀၂၄ လားရှိုးမြို့နယ်၊ သံလွင်ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာလ (၂၅)ရက်တွင် ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ သံလွင်စံပြကျေးရွာကို စစ်ကောင်စီမှ နိုဝင်ဘာ(၂၄)ရက် ည(၈)နာရီခွဲခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်ရာ…

အာလူးစျေးတက်နေသဖြင့် အိမ်တွင်းမှု လုပ်ငန်းများ အခက်ကြုံနေကြရပြီး လုပ်ငန်း ရပ်ဆိုင်းထားရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၁၊ ၂၀၂၄ အာလူး၊ ကြက်သွန် စျေးတက်နေသဖြင့် အိမ်တွင်းမှု လုပ်ငန်းများ အခက်ကြုံနေကြရပြီး လုပ်ငန်း ရပ်ဆိုင်းထားသော အကြော်ဖိုများလည်း ရှိကြောင်း အိမ်တွင်းမှု လုပ်ငန်းများထံမှ ကြားသိရသည်။ နိုဝင်ဘာလ တတိယပတ်တွင် အိမ်သုံးမီးဖိုချောင်…

နိုဝင်ဘာလ တတိယပတ်တွင် ကုန်စိမ်းသီးနှံ ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေပြီး စားသုံးသူများ ကြပ်တည်းလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ နိုဝင်ဘာလ တတိယပတ်တွင် ကုန်စိမ်းသီးနှံ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာနေသဖြင့် စားသုံးသူ ပြည်သူအများ စားဝတ်နေရေး ကြပ်တည်းလာနေရကြောင်း သိရသည်။ နိုဝင်ဘာလ ၂၀ ရက် တောင်ကြီးစျေးနေ့တွင် အာလူး…

ကုန်စည်စီးဆင်းမှု ပြတ်လပ်စေရန် လားရှိုးသွားသည့် ကွင်းလမ်းကို စစ်ကောင်စီ ပိတ်ပင်ထား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ ကုန်စည် စီးဆင်းမှု ပြတ်လပ်စေရန် ရှမ်းမြောက်သွားသည့် ဂိတ်များကို စစ်ကောင်စီမှ ပိတ်ပင်သည့်အပြင် ကွင်းလမ်းကိုပါ ပိတ်ဆို့ခြင်းကြောင့် အခက်အခဲကြုံနေရကြောင်း နိုဝင်ဘာ(၁၉)ရက်တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့သွားသည့် မိုင်းရယ်…