Category: စီးပွားရေး/စိုက်ပျိုးရေး

ကရင်နီပြည် မော်ချီဒေသတွင် ဆန်တစ်အိတ် ၄ သိန်းကျပ်၊ ကြက်ဥတစ်လုံး တစ်ထောင်ကျပ် ဖြင့်ပေးဝယ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ကယား(ကရင်နီ)ပြည် နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်မှုနှင့် ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံများသည် စားသုံးကုန်များကို မြင့်မားသည့်‌ဈေးနှုန်းဖြင့် ပေးဝယ်နေရကြောင်း သိရသည်။ တဖက်တွင်လည်း စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာ ပို့လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်း၊ စစ်ဆေးတင်းကြပ်ခြင်းများကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုအခါ ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီဒေသတွင် ပေါ်ဆန်းမွေး ဆန်တစ်အိတ်ကို ၄သိန်းကျပ်၊ ကြက်ဥတစ်လုံး…

အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ဝန်ထမ်းများအခက်ခဲကြုံတွေ့လာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ရုံးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ အခက်အခဲကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်၊၊ လက်ရှိအချိန်တွင် ရှမ်းဆန် တစ်ပြည်လျှင် ၄၅၀၀/၅၀၀၀ ကျပ် အထိစျေးတက်နေပြီး စားအုန်းဆီတစ်ပိဿာလျှင် တစ်သောင်းကျော်ရှိနေကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးထံမှ သိရသည်၊၊ တောင်ကြီးမြို့ပေါ် ယခုကာလတွင် အဆောင်ခများလည်း ဈေးနှုန်းတက်နေပြီး တစ်ဦးလျှင် ကျပ်ငွေ ၅ သောင်းကျော် နှင့်…

ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာမှုကြောင့် ပြည်သူများအခက်ခဲမျိုးစုံကြုံတွေ့လာ

ခမ်သားငေါင်း ဩဂုတ် ၁၈၊ ၂၀၂၃ ကျပ်နှစ်သောင်းတန်ထုတ်ပြီးနောက် မြန်မာနိုင်ငံ တွင် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာပြီး ပြည်သူများစားဝတ်နေရေးအခက်ခဲမျိုးစုံကြုံတွေ့လာရကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင်အလုပ်သွားလုပ်ပြီရသည့်လုပ်အားခနှင့် ​မြန်မာနိုင်ငံရှိ မိသားစုစားဝတ်နေရေး ဖြေရှင်းရာတွင် ဖူလုံမှုမရှိတော့ပဲအခက်ကြုံနေကြရသည်။ “အရင်နှစ်တွေကသမီးငွေတစ်သိန်းလွဲလာရင်တစ်လစာ လုံလောက်တယ် ။ ဆန်ကတစ်အိတ်‌ ခြောက်သောင်းဆို ကျန်တဲ့‌ လေးသောင်းကို အသုံးစရိတ်တွေသုံးလို့ရတယ်။အခုကဆန်ဝယ်လိုက်ပြီဆိုရင်တစ်ခြားဘာမှမရတော့ဘူး။တစ်ခြားလိုအပ်တဲ့ အသုံးစရိတ်တွေဝယ်လို့မရတော့ဘူး”ဟု တောင်သူအမျိုးမီး တစ်ဦးကပြောသည်။ ငွေကြေးဖောင်းပွမှု၊ ငွေတန်ဖိုးကျဆင်းမှုတို့ကြောင့် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ပြီး မြန်မာပြည်ကိုငွေလွဲအများကြီးရသော်လည်း…

စစ်တပ်အာဏာသိမ်းပြီးနောက် ယခုဩဂုတ်လအတွင်း ရွှေဈေး ၃၇ သိန်း‌ကျော်အထိမြှင့်တက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊၂၀၂၃ မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကာလ ယနေ့အထိ မြန်မာငွေကျပ်တန်ဖိုးကျဆင်း၍ ဒေါ်လာဈေး နှင့် ရွှေဈေးများ အဆမတန်မြှင့်တက်လာခဲ့ကြောင့် သိရသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီ အချိန်တွင် ပြည်တွင်း‌ရွှေဈေးသည် အခေါက်ရွှေ ဝယ်ဈေး သိန်း(၃၇၂၀,၀၀၀ ကျပ်) အထိရှိပြီး ရောင်းဈေးမှာ သိန်း(၃၇၇၀၀,၀၀…

ယခုနှစ် မျော့ကို တစ်ပိဿာ ရှစ်သောင်းကျပ် ဝယ်ယူလျက်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မျော့ကို စျေးကောင်းပေးကာဝယ်ယူနေကြောင်း မျော့ရှာဖွေရောင်းချသူထံမှ သိရှိရသည်၊၊ ပွဲစားများက မျော့တစ်ပိဿာလျှင် ငွေ ၈သောင်းကျပ် ဝန်းကျင်အထိ ပေးဝယ်နေကြောင်းသိရသည်၊၊ ယခုကာလတွင် မျော့ရောင်းချရန် စျေးကောင်းရရှိနေသော်လည်း လိုက်လံရှာဖွေရာတွင် မလွယ်ကူတော့ကြောင်း မျော့ရှာဖွေသူတစ်ဦးက ဆိုသည်၊၊ ” ဒီနှစ်လည်း မျော့တွေကိုဝယ်ကြတယ် တပိဿာကို ၈သောင်းကျပ် အထိပေးဝယ်ကြတယ် ဒါပေမဲ့…

နိုင်ငံခြားတင်ပို့မှုအားကောင်းသဖြင့် ဂျင်းစိုက်ပျိုးတောင်သူများ ယခုနှစ် ဂျင်းစျေးကောင်းရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ ယခုနှစ်နိုင်ငံခြားသို့ ဂျင်းတင်ပို့မှုအားကောင်းသဖြင့် ရှမ်းပြည်နယ်‌‌တောင်ပိုင်း ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများ ဂျင်းစျေးကောင်းရရှိနေကြောင်း ဩဂုတ်လ ၁၁ရက်နေ့တွင် သိရသည်။ ယခုလက်ရှိ ဈေးကွက်အတွင်း ဂျင်းပေါက်စျေးသည် ဂျင်းဥမအခက်ကြီး ၁ပိသာ (၇၀၀၀) ကျပ်အထိရရှိနေပြီး ဥမအခက်အလတ် ၁ ပိသာ (၃၇၀၀/၃၈၀၀)ကျပ် ပေါက်စျေးရှိကြောင်း ဂျင်းစိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။ ” ၂၀၂၁ ခုနှစ်တုန်းက ဂျင်းစျေး…

မြဝတီကုန်သွယ်ရေးဇုန်တွင် လိုင်စင်ရကုန်များ မည်သည့်နယ်စပ်ဂိတ်မဆိုပြောင်းလဲတင်သွင်းခွင့်ပြု

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီလမ်းပိုင်း အာရှလမ်းမကြီးသည် ပြီးခဲ့သည့်သြဂုတ်လ ၇ ရက်နေ့ တွင် မိုး‌ရေကြီး၍ ပျက်စီးနေသည့်လမ်းကို ပြင်ဆင်မှုပြုလုပ်နေသဖြင့် ခွင့်ပြုချက်လိုင်စင်ရပြီး ပို့ကုန်သွင်းကုန်များအား မည်သည့်ဂိတ်မဆို ပြောင်းလဲတင်သွင်းခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးဌာနမှ ထုတ်ပြန်ထားပါသည်။ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန် ကုန်သွယ်ရေးဇုန်မှ မြန်မာ -ထိုင်းနယ်စပ်ရှိမည်သည့်ဂိတ်မဆိုပြောင်းလဲ တင်သွင်းခွင့်ရှိကြောင်း အသိပေးထားသည်။ ကုန်းလမ်းများအပြင် ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါက…

ဆန်စျေးနှုန်းတည်ငြိမ်စေရန် အရန်ဆန်များထုတ်ရောင်းသော်လည်း ဆန်စျေးထပ်တက်

ခမ်းသားငေါဝ်း သြဂုတ် ၈၊ ၂၀၂၃ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆန်စျေးနှုန်းတည်ငြိမ်စေရန်နှင့်အခြေခံပြည်သူများစားသုံးနိုင်စေရန်တွက်သက်သာသောစျေးနှုန်းဖြင့်အရန်ဆန် အိတ်များထပ်မံရောင်းချပေးသော်လည်း ဆန်စျေးများဆက်လက်မြင့်တက်နေကြောင်းသိရသည်။ လက်ရှိဆန်စျေးကွက်တွင် တည်ငြိမ်မှုမရှိဘဲ ပို၍ပင်မြင့်တက်လာကြောင်းဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုပါသည်။ ” အရင်ကနဲ့စာရင် တစ်အိတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ အထိတက်သွားတယ်။ ကိုယ်ကဝယ်စျေးနဲ့ပြန်ရောင်းပေးလိုက်ရင်လည်း တစ်ဖက်ကရန်ကုန် ကုန်စည်ဒိုင်စျေးက ပြန်တက်သွားပြီ၊ကိုယ်အနေနဲ့ဘယ်လိုခန့်မှန်းပြီးရောင်းရမလဲမသိဘူး၊ အခက်အ ခဲတော့ရှိတာပေါ့၊ ဝယ်သူတွေလည်းစျေးတက်တော့ ဝယ်စားရတာအဆင်မပြေတာတွေရှိတာပေါ့” ဟုဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။ လက်ရှိရန်ကုန်…

ဂေါ်ဖီထုပ် ဈေးနှုန်းအဆမတန်ကျသဖြင့် စိုက်ပျိုးတောင်သူများ အခက်အခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ရွာငံမြို့နယ် နှင့် အောင်ပန်းမြို့နယ်တကြောရှိ ကော်ဖီထုပ် စိုက်ပျိုးတောင်သူများသည် ဂေါ်ဖီထုပ် ဈေးနှုန်းအဆမတန်ကျဆင်းသဖြင့် တောင်သူများ အခက်အခဲကြုံ တွေ့နေရကြောင်း သတင်းရရှိပါသည်။ တောင်သူများအနေဖြင့် ဂေါ်ဖီထုပ် စစိုက်ပျိုးချိန်တွင် အသုံးပြုရသည့် အရင်းအနှီးများ၊ လုပ်အားခများသည် အစစအရာအရာဈေးနှုန်းမြင့်မားပြီး အရင်းစိုက်လုပ်လာသော်လည်း ဂေါ်ဖီထုပ် ရောင်းရချိန်တွင် ဈေး‌ကောင်းမရရှိသည့်အပြင် ဝယ်ယူသူပင်မရှိ၍ အခက်အခဲဖြစ်ရကြောင်း ကော်ဖီထုပ် စိုက်ပျိုးတောင်သူထံမှ…

ဆန်စျေးနှုန်းမြင့်တက်မှုကြောင့် ရွာငံတွင် ပြည်သူများဆန်ကွဲနှင့်ဆန်ဝါစားသုံးရသူများရှိလာ

ခမ်းသားငေါဝ်း ဇူလိုင် ၃၁၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း တွင် ဆန်စျေးနှုန်းမြင့်တက်လာမှုကြောင့် ဆန်ကွဲနှင့်ဆန်ဝါစားသုံးရသည့် မိသားစုဝင်များရှိလာကြောင်း ဇူလိုင် ၃၁ ရက်နေ့တွင်သိရသည်။ အာဏာသိမ်းပြီး (၃)နီးပါးရှိလာချိန်၌ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်လာပြီး အခြေခံလူတန်းစား များအတွက် ဝမ်းစာဖြေရှင်းရာတွင် အခက်အခဲများရှိလာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အရင်က ဆန်တစ်အိတ် ၃ သောင်း၄ သောင်း၊ အခု ၇ သောင်းအထက်ရှိပြီ၊…

You missed