Category: စီးပွားရေး/စိုက်ပျိုးရေး

လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် လိမ္မော်သီးစိုက်တောင်သူများ အခက်ခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ ယခုနှစ်တွင် လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် လိမ္မော်သီးစိုက်ပျိုး‌တောင်သူများအတွက် အခက်ခဲကြုံတွေ့နေရကြောင်း လိမ္မော်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ လိမ္မော်သီးစိုက်ပျိုး‌တောင်သူများသည် ယခုနှစ်တွင် လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် အခက်ခဲကြုံတွေ့နေရကြောင်း လိမ္မော်စိုက် တောင်သူတစ်ဦးက ဇန်နဝါရီ ၃ ရက်နေ့တွင် ပြောဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် စားသုံးကုန်အမျိုးမျိုး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာပြီး စိုက်ပျိုးသီးနှံ့ထွက်ကုန်များက ဈေးကောင်းမရသဖြင့် လိမ္မော်စိုက်တောင်သူများစားဝတ်နေရေးအခက်ခဲကြုံတွေ့နေရကြောင်း…

စံကားအင်းဒေသပြောင်းသီးနှံထွက်ချိန် စက်သုံးဆီ လိုသလောက်ဝယ်မရ၍တောင်သူများအခက်တွေ့

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၀၊ ၂၀၂၃ စံကားအင်း‌ဒေသတွင် ပြောင်းသီးနှံရိတ်သိမ်းချိန်၌ စက်သုံးဆီများ လိုသလောက်ဝယ်ယူ၍မရသည့် အတွက် ဒေသခံများအခက်ကြုံနေရကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် စက်သုံးဆီများလိုအပ်သလောက်ဝယ်ယူ၍မရဘဲ ဒေသခံများအခက်ကြုံနေရကြောင်း ဒီဇင်ဘာလ (၂၀)ရက်နေ့တွင်သိရသည်။ “ဓာတ်ဆီတွေတော့ဝယ်ရခက်တယ် ကိုယ်သုံးဖို့အတွက် ကားဆိုကား ဆိုင်ကယ်ဆိုဆိုင်ကယ်ပေါ့ အဲလိုဝယ်ရင်တော့ရတယ်၊ ပုံးအလိုက် ပေပါအလိုက်ဝယ်ရင်တော့သူတို့ပေးမဝယ်ဘူး” ဟုစံကားအင်း ဒေသခံတစ်ဦးကပြောသည်။ စံကားဒေသ ဘက်တွင် စက်သုံးဆီရောင်းချရာတွင်…

ဝင်ငွေခွန်၂ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဆိုသည့်အချက် ပြည်ပရောက်အလုပ်သမားများအခက် ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၅၊၂၀၂၃ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများ အနေဖြင့် မိမိတို့ ဝင်ငွေထဲက အခွန်၂ ရာခိုင်နှုန်း ထမ်းဆောင်ရမည် ဆိုသည့်ထုတ်ပြန်ချက်ကြောင်း ပြည်ပရောက်အလုပ်သမားများအတွက် အခက်အခဲကြုံတွေ့‌စေရသည် ဟုသိရသည်။ ရှမ်းပြည်တစ်ဝန်းရှိ ဒေသခံပြည်သူများသည် ကိုဗစ်ကပ်ရောဂါကာလ နှင့် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းကာလ ပြည်တွင်းတွင် စီးပွါးရေး အလုပ်အကိုင်အခွင့်အလမ်းများရှားပါးလာပြီး ပြည်ပထွက် အလုပ်လုပ်ကိုင်လာသည့် ပြည်သူများပိုများပြားလာခဲ့ကြောင်း သိရသည်။ လက်ရှိတွင်…

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တက်လာသဖြင့် တောင်သူများအခက်အခဲကြုံ‌တွေ့ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၃နှစ်တာအတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တက်လာပြီး စက်မှုဖြင့် တောင်ယာလုပ်ကိုင်သည့် တောင်သူများအခက်အခဲကြုံ‌တွေ့ရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသခံအများစုသည် ပြောင်း၊ ကြက်သွန်ဖြူ၊ စပါးများကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြရပြီး စိုက်ပျိုးချိန်တွင် စက်ဖြင့်ထွန်ယက်ခြင်းများ၊ စိုက်ပျိုးသီးနှံများရိတ်သိမ်းချိန် တွင် ရိတ်သိမ်းခြင်း၊ ကြိတ်ခြင်းနှင့် သယ်ယူခြင်းများတွင် ဓာတ်ဆီ ဒီဇင်ဈေးနှုန်း အလွန်မြှင့်တက်လာသဖြင့် စိုက်ပျိုးသီးနှံမှရောင်းရ ငွေများသည့်…

စက်သုံးဆီများ နှင့် မီးဖိုဆောင်သုံး ဂက်စ်(Gass)များပြတ်လပ်သဖြင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲဖြစ်ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၈၊၂၀၂၃ အင်းလေးဒေသတွင် စက်သုံးဆီများ နှင့် မီးဖိုသုံးဂက်စ်(Gass)များ ပြတ်လပ်နေသဖြင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦ်းက ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်သုံးဆီများ နှင့် မီးဖိုဆောင်သုံး ဂက်စ်(Gass)များပြတ်လပ်ပြီး ဝယ်ယူရန်အခက်အခဲရှိနေသောကြောင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ရကြောင်း အင်းလေးဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ “ဟုတ်တယ်၊ ဆီ(စက်သုံးဆီ)တွေပြတ်နေတာ။…

ဆီဆိုင်တွင် ထောက်ခံစာပါမှ ဓါတ်ဆီ ရောင်းပေး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ဓါတ်ဆီဝယ်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ ဆီများကို ရောင်းချပေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာ ၄ ရက်နောက်ပိုင်းမှစပြီး ဒေသခံများ ဓါတ်ဆီဆိုင်သို့ ဆီဝယ်သည့်အခါ ထောက်ခံစာ ပြမှသာ ဆီဝယ်ခွင့်ရှိကြောင်း ဆိုသည်။ “ဆီကို ပုံးလိုက် ဝယ်တဲ့လူ‌တွေ၊ သူတို့မသိတဲ့လူတွေဆို ထောက်ခံစာပါမှ ရောင်းပေးတာ။ ဆီဆိုင်ဖွင့်တာကလည်း ၁၁…

တောင်ကြီးတွင် လောင်စာဆီဈေးနှုန်းမြှင့်တက်လာပြီး ဆိုင်အချို့တွင် ဆီပြတ်လပ်နေ

ခမ်းသားငေါဝ် ဒီဇင်ဘာ ၆၊၂၀၂၃ လောင်စာဆီဈေးနှုန်း မြှင့်တက်လာပြီးနောက် တောင်ကြီးမြိုရှိ ဓာတ်ဆီဆိုင်များတွင် အကန့်အသက်ဖြင့်ရောင်းချသဖြင့် ပြည်သူများအခက်အခဲဖြစ်နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အပါအဝင် အနီးအနားရှိကျေးရွာများတွင်လည်း လောင်စာဆီ ဈေးတက်သည့်အပြင် ဆိုင်အချို့တွင်ဆီပြတ်လပ်နေပြီး အလုံအလောက်မရရှိဘဲ အကန့်အသက်ဖြင့်သာ ရောင်းချနေကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ “ဒီမနက် BOC မှာ လူတွေပြည့်နေတော့ 95 သွားထည့်တာ…

ပြောင်းဈေးမရှိသဖြင့် စိုက်ပျိုးထားသည့်ပြောင်းများ အရင်းပြန်မရမည်ကို တောင်သူများ စိုးရိမ်ရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၃၊၂၀၂၃ ယခုနှစ် ပြောင်းဈေးမရှိသဖြင့် စိုက်ပျိုးထားသည့်‌ပြောင်းများ အရင်းတွက်‌ချေမကိုက်ဖြစ်မည်ကို စိုးရိမ်နေရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် ပြောင်းဈေးနှုန်းမရှိသောကြောင့် ပြောင်းစိုက်တောင်သူများ အရင်းပြန်မရမည်ကိုစိုးရိမ်နေကြကြောင်း ပြောင်းစိုက်တောင်သူ ဒေသခံတစ်ဦးက ယနေ့နိုဝင်ဘာလ (၂၃)ရက်‌နေ့တွင် ပြောဆိုသည်။ ယခင်နှစ် ပြောင်းဖူးချိုးချိန်တွင် ပြောင်းဈေးများသည် တစ်ပိဿာ ၁၀၀၀ ကျပ်အထက်ရှိနေပြီး ယခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြောင်းဈေးနှုန်းသည်…

ဂျင်းဈေးကောင်းသဖြင့် ဂျင်းစိုက်ခင်းများကို ခြံခင်းပြတ်ရောင်းကြရ ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများသည် ဂျင်းဈေးကောင်းသဖြင့် ဂျင်းစိုက်ခင်းများကို ခြံခင်းပြတ်ရောင်းကြရကြောင်း ဂျင်းစိုက်ပျိုးတောင်သူတစ်ဦး ပြောပြချက်အရ သိရသည်။ ယခုလက်ရှိဈေးကွက်အတွင်း ဂျင်းပေါက်ဈေးသည် ဂျင်းဥမအခက်ကြီး ၁ ပိဿာကို ( ၁၀၀၀၀)ကျပ်အထိရှိနေပြီး ဥမအခက်အလတ် ၁ ပိဿာကို ( ၄၅၀၀/၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။ “အရင်နှစ်တွေထက်စာရင် ဒီနှစ်‌ဂျင်းဈေးရှိတယ်။အရင်နှစ်က ဒီခြံဆိုသိန်း ၄၀…

ပင်လောင်းတွင် မိုးများသဖြင့် ငရုတ်သီးများ ပုတ်ပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊နောင်တရားဒေသ နှင့် တီကျစ်ဒေသတွင် မိုးများသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးထားသည့်ငရုတ်သီးများ အပင်ပေါ်တွင်ပုတ်ပျက်စီးကုန်ရကြောင်း သိရသည်။ အဆိုပါဒေသမှ ဒေသခံများ၏ စားဝတ်နေရေးသည်ငရုတ်သီးစိုက်ပျိုး‌ရေးအပေါ် တစ်ဖက်တစ်လမ်း မှီခိုနေရပြီး ယခုကဲ့သို့ ငရုတ်သီးများပျက်စီးသွားခြင်းကြောင့် အရင်းပြန်မကာမိသည့်အပြင် မိသားစုစားဝတ်နေရေးအတွက် အခက်ခဲဖြစ်စေကြောင်း ငရုတ်သီးစိုက်တောင်သူက ဆိုသည်။ “ဒီနှစ်က ဈေးကောင်းတယ်။ ဒါပေမယ့် အရင်းအရမ်းများတယ်။အရင်က မိုးကြီးလို့…

You missed