Category: စီးပွားရေး/စိုက်ပျိုးရေး

နိုဝင်ဘာလ တတိယပတ်တွင် ကုန်စိမ်းသီးနှံ ကုန်စျေးနှုန်း အဆမတန် မြင့်တက်နေပြီး စားသုံးသူများ ကြပ်တည်းလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ နိုဝင်ဘာလ တတိယပတ်တွင် ကုန်စိမ်းသီးနှံ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာနေသဖြင့် စားသုံးသူ ပြည်သူအများ စားဝတ်နေရေး ကြပ်တည်းလာနေရကြောင်း သိရသည်။ နိုဝင်ဘာလ ၂၀ ရက် တောင်ကြီးစျေးနေ့တွင် အာလူး တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊ အလုံးကောင်းလျှင် ၁၂၀၀၀ ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိဿာ…

ကုန်စည်စီးဆင်းမှု ပြတ်လပ်စေရန် လားရှိုးသွားသည့် ကွင်းလမ်းကို စစ်ကောင်စီ ပိတ်ပင်ထား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ ကုန်စည် စီးဆင်းမှု ပြတ်လပ်စေရန် ရှမ်းမြောက်သွားသည့် ဂိတ်များကို စစ်ကောင်စီမှ ပိတ်ပင်သည့်အပြင် ကွင်းလမ်းကိုပါ ပိတ်ဆို့ခြင်းကြောင့် အခက်အခဲကြုံနေရကြောင်း နိုဝင်ဘာ(၁၉)ရက်တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့သွားသည့် မိုင်းရယ် ဟိုယဂိတ်ကို စစ်ကောင်စီမှ ကုန်စည် ဖြတ်သန်းခွင့် ပိတ်ပင်ပြီးနောက် ဖြတ်လမ်း၊ကွင်းလမ်းဖြစ်သည့် မန်ပုံကနေ ဟိုယအကျော် လွယ်ငင်း တို့နား…

ဖယ်ခုံ-ပင်လောင်းလမ်းကို စစ်ကောင်စီပိတ်လိုက်​ခြင်းကြောင့် တောင်သူများ ပြောင်းရောင်းရန်အခက်တွေ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၄ ဖယ်ခုံ-ပင်လောင်းလမ်းကို စစ်ကောင်စီက ပိတ်ထားလိုက်ခြင်းကြောင့် ဖယ်ခုံခြမ်းဖက်ရှိတောင်သူများ ပြောင်းရောင်းရန်အခက်အခက်ဖြစ်နေကြောင်း ပြောင်းစိုက်ပျိုးသူ ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံ နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဖယ်ခုံ- ပင်လောင်းလမ်းပိုင်းကို ထိန်းချုပ်ပိတ်ဆို့ထားသောကြောင့် ဖယ်ခုံဖက်မှ ပြောင်းစိုက်တောင်သူများ ပြောင်းရောင်းရန်အခက်အခဲဖြစ်နေသည်။ ” အရင်တုန်းက ပြောင်းကို ပင်လောင်းဖက်က လာဝယ်ကြတာပေါ့လေ၊ အခုကပြောင်းရောင်းဝယ်ကာလပဲလေ၊…

မိုးဗြဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်သဖြင့် စပါးရိတ်ရန်ကျန်နေသောပြည်သူများအခက်တွေ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၄ မိုးဗြဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေသောကြောင့် စပါးရိတ်ရန်ကျန်ရှိနေသောပြည်သူများအခက်အခဲ ဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ကို စစ်ကောင်စီကလက်နက်ကြီးဖြင့်အဆက်မပြတ်ပစ်ခတ်နေပြီး ဝါရီဆူးပလိုင် နှင့် ဝါရီကောခူကျေးရွာများအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေသောကြောင့် စပါးရိတ်ရန်ကျန်ရှိနေသည့်ပြည်သူများ အခက်အခဲ ဖြစ်နေသည်။ ” လက်နက်ကြီးဆက်တိုက်ပစ်နေတာသုံးလေးရက်ရှိပြီ၊ ဒီမနက်လည်း လက်နက်ကြီးသံနဲ့ ဒရုန်းဗုံးကြဲတဲ့ အသံတွေကြားနေတုန်းပဲ၊ ဒီလိုဆို လယ်ထဲဘယ်လိုဆင်းရဲမလဲ၊ စပါးကရိတ်ရတော့မယ်လေ”…

စစ်ကောင်စီ ဂိတ်ပိတ်လိုက်ခြင်းကြောင့် မိုင်းရယ်မြို့တွင် ဓာတ်ဆီပြတ်လပ်၍ ဝယ်မရဖြစ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊ ၂၀၂၄ ရှမ်းမြောက်သွားသည့်ဂိတ်များ ပိတ်ထားပြီးနောက် မိုင်းရယ်မြို့တွင်း ဓာတ်ဆီများ ဝယ်မရဖြစ်နေကြောင်း ‌နိုဝင်ဘာ(၁၅)ရက် ယနေ့တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းသွားသည့် ရပ်စောက် ဗထူးဂိတ်နှင့် မိုင်းရယ် ဟိုယ၊မန်ပုံရှိ စစ်တပ်ဂိတ်များ ပိတ်ထားသောကြောင့် ရှမ်းမြောက် မိုင်းရယ်မြို့တွင် နိုဝင်ဘာ(၁၃)ရက်ကစပြီး ဓာတ်ဆီ ဝယ်မရတော့ကြောင်း ဒေသခံထံမှ သိရသည်။ ” ဓာတ်ဆီက တကယ်ပြတ်သွားတာလား ဒါမှမဟုတ်…

ဆီဆိုင်မြို့တွင် ကုန်စိမ်းများဈေးမြှင့်တက်နေပြီးမုန်ညင်းထုပ်နှင့် မုန်ညင်းစိမ်းတစ်စီးကိုတစ်ထောင်ကျော်ထိပေးရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ ဆီဆိုင်မြို့တွင် ကုန်စိမ်းများဈေးမြှင့်တက်နေသည့်အထဲမှ မုန်ညင်းထုပ်နှင့်မုန်ညင်းစိမ်း ဈေးကောင်းနေပြီး တစ်စီးတစ်ထောင်နှင့်အထက်ပေးရကြောင်း ဈေးဝယ်သည့် ဒေသခံအိမ်ရှင်မထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ကုန်စိမ်းများဈေးမြှင့်တက်နေပြီး အခုလက်ရှိမုန်ညှင်းတစ် ထုပ်ကို တစ်ထောင်ကျပ်နှင့်အထက်ပေး၀ယ်ရပြီးအထုပ်ကြီးရင် တစ်ပင်တစ်ထောင့်ငါးရာကျပ်၊ အထုပ်ငယ်ဆိုရင်တစ်ပင်တစ်ထောင်ကျပ်ပေး၀ယ်ရပြီး မုန်ညင်းစိမ်းတစ်စည်းဆိုရင်တစ်ထောင်ကျပ်နှင့်အထက်ပေးရသည်၊၊ “ကုန်ဈေးနူန်းတွေမြှင့်တက်လာတော့ စား၀တ်နေရေးလဲပိုခက်ခဲလာတယ် အရင်ကပိုက်ဆံနှစ်သောင်းဆိုအကုန်အစုံရတယ် အခုဆိုအကုန်အစုံမရဘူး ချွေတာပြီး၀ယ်ယူနေရတာ အဆင်ပြေတယ်တော့ဘယ်ဟုတ်မလဲ မိသားစုအတွက်အဆင်ပြေသလိုလောက်သလိုပဲသုံးပြီးပြန်ချက်ပေးရတာပေါ့”ဟု ဈေးလာသုံးသည် အိမ်ရှင်မအမျိူးသမီးတစ်ဦးကပြောသည်။…

လတစ်ဝက်နီးပါးအထိ ခရမ်းချဉ်သီး စျေးနှုန်း စံချိန်တင် စျေးမြင့်တက်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသထွက် ခရမ်းချဉ်သီး စျေးနှုန်းသည် နိုဝင်ဘာလတစ်ဝက်နီးပါး အထိ စံချိန်တင် အမြင့်စျေး တန့်နေကြောင်း ခရမ်းချဉ်သီး ကျွန်းမျော တောင်သူများထံမှ သိရသည်။ နိုဝင်ဘာလ(၁၂) ရက်တွင် အင်းလေးကန် ခရမ်းချဉ်သီး တစ်တင်းလျှင် တစ်သိန်းခွဲ ကျပ်နှုန်း ပေါက်စျေး ဖြစ်နေပြီး၊ အဝယ်စျေး တစ်ပိဿာ ၅၅၀၀ ကျပ်…

ဝယ်လိုအား များနေ၍ ယာကွန်ဥ အဆမတန် စျေးမြင့်တက်လာနေ

ခမ်းသားငေါဝ်း နိုဝင်ဘာလ ၁၂၊၂၀၂၄ လက်ရှိ စျေးကွက်တွင် ဝယ်လိုအား များနေ၍ ယာကွန်ဥ အဆမတန် စျေးမြင့်တက်လာနေကြောင်း ရောင်းချနေသူများထံမှ ကြားသိရသည်။ လက်ရှိ နိုဝင်ဘာလ ၁၂ ရက်တွင် တစ်ပိဿာ ၃၅၀၀ ကျပ် ရောင်းချနေခြင်း ဖြစ်ကာ၊ ရန်ကုန်မြို့တွင် တစ်ပိဿာ ငါးထောင်ကျပ် အထိ ပေါက်စျေး ရှိနေပြီး ကလော စျေးတွင်လည်း နိုဝင်ဘာလ…

ရှမ်းပြည်နယ်တောင်ပိုင်းတွင် မီးပျက်ချိန် များလာသဖြင့် လုပ်ငန်းများအခက်ခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုများလာသဖြင့် လုပ်ငန်းများ ခက်ခဲမှု ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။ နိုဝင်ဘာလ အစောပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ရာ ၂၄ နာရီ တစ်ရက်နီးပါး ပြတ်တောက်မှု လည်းရှိသလို ၊ လာချင်သလိုလာ၍ ပြတ်တောက်ချင်သလို ပြတ်တောက်နေကြောင်း တောင်ကြီးမြို့မှ ဒေသခံ တစ်ဦးက ပြောသည်။ “အရင် တနေ့ည…

ဆီဆိုင်မြို့တွင် ကုန်ဈေးနူန်းများမြင့်တက်နေသည့်ကြား ကော်ဖိထုပ်နှင့်ကြက်သွန်နီများကဈေးပိုကောင်းနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၄ ဆီဆိုင်မြို့တွင်ကုန်ဈေးနူန်းများမြင့်တက်နေသည့်ကြားတွင် ကော်ဖိထုပ်နှင့်ကြက်သွန်နီများကဈေးပိုကောင်းနေကြောင်း ဈေးရောင်းသောသူများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်ပြီးခဲ့တဲ့စက်တင်ဘာလတွင် ကော်ဖိထုတ်တစ်အိတ်ကို ၇ ထောင်ကျပ်ပဲပေး‌၀ယ်ရပြီး အခု အောက်တိုဘာလနောက်ဆုံးပတ်မှစပြီး နို၀င်ဘာလ ၆ ရက်နေ့ အထိ ကော်ဖိထုပ်တစ်အိတ်ကို သုံးသောင်းခွဲကျပ်အထိပေး၀ယ်နေရကြောင်းနှင့် ကြက်သွန်နီလက်ရှိ၀ယ်ဈေးအရအလုံးကြီးတစ်အိတ်ကို ၅ သောင်းကျပ်ပေးရ၀ယ်ရပြီးကြက်သွန်နီအလတ်ကိုတစ်အိတ် ၄ သောင်း ၈ ထောင်ပေး၀ယ်ရသည်။ “ ကုန်ပစ္စည်းတိုင်းလိုလိုကဈေးတက်နေတာ၊…