Category: ကျန်းမာရေး

မိုင်းနင်းမိသည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ မိုင်းနင်းမိခဲ့သည့် လွယ်ဝိုးတုတ်ရွာ အမျိုးသမီးတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ရွာတွင် မတ်လ၂၉ ရက်နေ့က အမျိုးသမီးတစ်ဦး ခြံသွားစဉ်မိုင်းနင်းမိပြီးလျက်ရှိ စဝ်းစံထွန်းဆေးရုံသို့ ဆေးကုသနေလျှက်ရှိကြောင်း သိရသည်။ “သူတို့က အခက်ခဲရှိတော့ အလှူရှင်ကိုဘဲ မှီခိုပြီး ဆေးကုသနေရတယ်။ ခြံသွားလမ်းမှာ နင်းမိတာပါ “ဟု ရွာခံတစ်ဦးကပြောသည်။…

မီးခိုးမြူပြဿနာဖြေရှင်းရန် အိမ်နီးချင်းနိုင်ငံများ၏ ပြောင်းတင်သွင်းမှုကို တားမြစ်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြောဆို

ခမ်းသားငေါဝ်း မတ်လ ၈၊ ၂၀၂၄ ထိုင်းနိုင်ငံမြောက်ပိုင်းက လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းရန် အိမ်နီးချင်းနိုင်ငံများ၏ ပြောင်းတင်သွင်းမှုကိုလာမည့်နှစ်တွင် ရပ်တန့်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။ တောမီးနှင့် မီးခိုးမြူ ကာကွယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံ့အဖွဲ့အစည်းများ ကြိုတင်ကာကွယ်ရေး အစီအမံများကို စစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် Srettha Thavisin သည် စနေနေ့က ချင်းမိုင်မြို့သို့ သွား ရောက်ခဲ့သည်။ ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် လာမည့်၂၀၂၅ခုနှစ်…

တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံနှင့် လူငယ်အများစုစိတ်ပိုင်​ဆိုင်ရာထိခိုက်မှုများနေ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်ရှိဒေသခံပြည်သူနှင့် လူငယ်အများစုမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများနေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တောင်ဘက်ဒေသတွင် မတ်လ ၁၀ ရက်နေ့ကစပြီး ယနေ့အထိ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းကြောင့် ဒေသခံများ၊လူငယ်များအခက်အခဲဖြစ်နေရကြောင်းဆိုသည်။ “စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသူတွေတော်တော်များများမြင်တွေ့ရတယ် အချို့ဆို အသံအကျယ်ကြားတာနဲ့ ဂနာမငြိမ် စိတ်ကယောင်ခြောက်ချားနေရတာလည်းမြင်တယ်”ဟုအမည်မဖော်သူသည့်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောင်းသည်။ အချို့သော လူငယ်များသည် ပြည်ပသို့ထွက်ခွာသွားခြင်းရှိသလို အချို့က ဘာမှမထူးဘူးဟုဆိုပြီး ရှေ့ဆက်ရမည့်လုပ်ဆောင်စရာမရှိ လမ်းပျောက် အနာဂတ်ပျောက်နေသည့်လူငယ်လည်းမြင်တွေ့နေရကြောင်း၎င်းကဆက်ပြောသည်။…

နမ္မတူ ပြည်သူ့ဆေးရုံ ကို CDM ဝန်ထမ်းဖြင့် စတင်လည်ပတ်နေပြီဟုဆို

ခမ်းသားငေါဝ်း မတ်လ ၁၆၊ ၂၀၂၄ နမ္မတူမြို့၊ ပြည်သူ့ဆေးရုံတွင် CDMဆရာဝန်ကြီး အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က TNLA ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူပြည်သူ့ဆေးရုံအား ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီးအောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDMပြုလုပ်ထားသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ၊ CBHTဆရာ/ဆရာမများ…

တောထဲရှိ ဆီဆိုင်စစ်ရှောင် ကလေးငယ်များဝမ်းလျှောဝမ်းပျက်ဖြစ်ပွား

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ တောတောင်ထဲရှိ ဆီဆိုင်စစ်ရှောင်များ ရေရှားပါးမှုနှင့်ကြုံနေရပြီး မသန့်သည့်ရေများ သောက်သုံးနေရသည့်အတွက် စစ်ရှောင်ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲပြင်းထန်းပြီးနောက် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ရှောင်ကလေးငယ်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပွားနေပြီး ဆေးဝါးရရှိရန်လည်း အခက်ခဲရှိနေကြောင်း သိရသည်။ “ဝမ်းလျှောတာက ဆေးခန်းတွေပြကြပေမယ့် ဖြစ်တဲ့လူဦးရေကအရမ်းများတယ် အထူးသဖြင့်ကလေးတွေ အဖြစ်များတယ် ကလေး ၁၀ ယောက်မှာ…

ဗုံးပေါက်ကွဲစထိမှန်ခဲ့သည့် ဆီဆိုင်ဒေသခံတစ်ဦး ဆေးကုရန် ငွေကြေးအကူအညီလိုအပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ နေအိမ်သို့ပစ္စည်းများ ပြန်လာယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ကျောတွင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် ဆီဆိုင်မြို့နေ အမျိုးသမီးတစ်ဦး ဆေးကုသရန်ငွေကြေးအခက်ခဲရှိနေကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် နေအိမ်ပစ္စည်းပြန်ယူစဉ် ဒဏ်ရာရရှိခဲ့ပြီး တောတောင်တွင်းသာ ရှောင်နေသောကြောင့် ဆေးကုသမှု ချက်ချင်းမပြုလုပ်နိုင်ဘဲ ဆေးနီနှင့် ရှေ့ဦးလူနာပြုစုနည်းဖြင့် ကုသစဉ် ဒဏ်ရာပြင်းထန်လာသဖြင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံသို့ ကုသမှုခံယူခဲ့ပြီး ငွေကြေးအခက်ခဲများရှိနေကြောင်း…

ဆီဆိုင်မြို့နယ် တောတွင်းတစ်နေရာ စစ်ဘေးရှောင်အမျိုးသမီး ကလေးမီးဖွားပြီး အရေးပေါ်အကူအညီလိုအပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ဆီဆိုင်မြို့နယ် တောတွင်း တစ်နေရာတွင် စစ်ဘေးရှောင်အမျိုးသမီး တစ်ဦး ကလေးမီးဖွားခဲ့ပြီး အရေးပေါ်အကူအညီ လိုအပ်လျက်ရှိကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တောတွင်းတစ်နေရာရှိ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကလေးမီးဖွားခဲ့ပြီး ကလေးအနှီး၊ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။ “ဆေးဝါးလည်းမရှိပါဘူး အဟာရရှိတဲ့ အစားအစာလည်း မရှိပါဘူး တောထဲဟင်းသီး ဟင်းရွက်ဘဲရှာစား…

ပင်လောင်းသို့ ရောက်ရှိသည့် စစ်ရှောင်များ မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်များ ဖျားနာဖြစ်ပွား

ခမ်းသားငါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ပင်လောင်းသို့ ရောက်ရှိလာသည့် ဖယ်ခုံမှ စစ်ဘေးရှောင်များသည် မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်များ ဖျားနာနေကြရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ စစ်ပွဲကြောင့် ဖယ်ခုံမြို့မှ ဒေသခံများသည် နီးစပ်ရာ ပင်လောင်းမြို့နှင့် အနီးအနားတစ်ဝိုက်ကျေးရွာများတွင် စစ်ရှာင်ခဲ့ကြရပြီးနောက် မတူညီသည့်ဒေသ၊ မတူညီသည့် ရာသီဥတုဒဏ်များကြောင့် စစ်ရှောင်ကလေးငယ်အများစု ဖျားနာနေကြရကြောင်း ဆိုသည်။ ပင်လောင်း‌ဒေသ၏ ဆောင်းရာသီသည် အလွန်အေးသဖြင့် စစ်ရှောင်များ…

နမ့်စန်တွင် တိုက်လေယာဥ်များ နေ့ရောညပါအဆက်မပြတ် ဆင်းတက်နေသဖြင့် ဒေသခံပြည်သူများ ထိခိုက်ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ နမ့်စန်မြို့တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များ နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏ နေထိုင်မှုကို ထိခိုက်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် ယခုရက်ပိုင်းတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဥ်များသည် ရှေ့တန်းစစ်မြေပြင်စစ်ကူသွားရန် နေ့ရောညပါဆင်းတက်နေသဖြင့် အရပ်သားပြည်သူများ၏ နေထိုင်မှုကိုထိခိုက်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ နမ့်စန်မြို့သည် စစ်တပ်၏ ‌လေတပ်စိုက်မြို့ဖြစ်ပြီး တိုက်လေယာဥ်များ (လေယဉ်အစီးရေ ဆယ်စီးထက်မနည်း )က…

လက်နက်ကြီးနှင့်မိုင်းထိလူနာ များလာသည့်ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် မိုင်းထိလူနာများ၊ လက်နက်ကြီးထိလူနာများ များလာသဖြင့် ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်းရှိ ကုတင်(၁၀၀)နှင့် အရံကုတင်(၂၅)ခန့်ရှိသည့်ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ရှမ်းမြောက်စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ယနေ့အထိ မိုင်းထိလူနာများ၊ လက်နက်ကြီးထိလူနာများ၊ ပိုးထိလူနာများနှင့် မွေးလူနာများအပါအဝင် နေ့စဥ်များလာနေပြီး တဖက်တွင်လည်း ဆေးဝါးသယ်ဆောင်မှုအခက်ခဲရှိ‌ နေသောကြောင့် ဆေးရုံတွင်ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေရကြောင်း ဆိုသည်။ ကွတ်ခိုင်မြို့တွင်…

You missed