Category: ကျန်းမာရေး

အခြေခံအိမ်သုံးဆေးဝါးများ ဈေးတက်သဖြင့် ဒေသခံများ အခက်အခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း ဩဂုတ် ၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ရှိဆေးဆိုင်များတွင် အခြေခံအိမ်သုံးဆေးဝါးများ ဈေးတက်သဖြင့် ဒေသခံများအခက်အခဲ ကြုံတွေ့နေရကြောင်း ဩဂုတ်လ ၃ ရက်နေ့တွင် သိရသည်။ ‌ပင်လောင်းဒေသတွင် ဆေးဝါးများကို အကန့်အသတ်ဖြင့်သာ ဝယ်ယူသယ်ဆောင်ခွင့်ရှိ၍ ယခုအခါ အိမ်သုံးဆေးများသည် ယခင်ဈေးထက် သုံးဆနီးပါး ဈေးနှုန်းပိုမိုတက်လာခြင်းကြောင့် အ ခြေခံလူတန်းစားများအတွက် အခက်ခဲဖြစ်စေ ကြောင်းသိရသည်။ ” ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျွန်မ အမေက…

မောက်မယ်မြို့နယ် ဟိုနမ်းနှင့်ကဒူးကြီးဒေသရှိ ကျေးရွာများတွင် ရွာလုံးကျွတ်တုပ်ကွေးရောဂါ ဖြစ်ပွား

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ပြင်သာယာရွာနှင့် ဟိုနမ်းဒေသ ကျေးရွာများတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေလျက်ရှိကြောင်း ယနေ့ဇူလိုင်လ(၁၁)ရက်နေ့တွင် သိရသည်။ ယခုရက်ပိုင်းများတွင် တုပ်ကွေး‌ရောဂါသည် တစ်ရွာပြီးတစ်ရွာဖြစ်၍ ရွာလုံးကျွတ်ဖြစ်နေကြကြောင်း၊ ဆေးရုံဆေးခန်းသွားရောက်သွားရောက်ကုသခြင်း မပြုလုပ်ကြပဲ ကျေးလက်‌ဆေးပေးခန်းများတွင် ကုသမှုခံယူနေကြကြောင်း သိရသည်။ “ခုတလောတုပ်ကွေးအရမ်းမိကြတယ် တစ်ယောက်ပြီးတစ်ယောက်ပဲ၊ ပြန်ကောင်းရင်လည်းနှစ်ရက်သုံးရက်ပဲ ပြန်ဖြစ်ကြတယ်။ ဆေးရုံဆေးခန်းတွေလည်းသွားမပြကြဘူး။” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ အချို့မိသားစုများတွင် ကုသရန်…

လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်သူ စံချိန်တင်မြင့်တက်ပြီး သေဆုံးသူရှိလာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၁၊၂၀၂၃ လာအိုနိုင်၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်းတွင် သွေးလွန်တုပ်ကွေးဖြစ်သူ ၇၁၉၇ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သေဆုံးသူ၂ ဦးရှိကြောင့် ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အူဒန်စေ့ပြည်နယ်တွင် ဖြစ်ပွားသူအများဆုံးဖြစ်ပြီးခမ်းမွန်ခရိုင် နှင့် ဗီယင်းကျန်မြို့နယ်များတွင်လည်း ဖြစ်ပွားမှုများရှိနေကြောင့် သိရသည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြားပြီးနောက် ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုနှင့် ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန်နည်းလမ်းများကို…

လွိုင်ကော်မြို့တွင် ကလေးငယ်များသွေးလွန် တုပ်ကွေးဖြစ်ပွားမှုနှုန်း မြင့်တက်၊ သေဆုံးသူများလည်းရှိနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊၂၀၂၃ ကယား(ကရင်နီပြည်) လွိုင်ကော်မြို့တွင်ကလေးငယ်များသွေးလွန်တုပ်ကွေးအဖြစ်များနေပြီး သေဆုံးသူများလည်းရှိကြောင်း ဇူလိုင် ၁၀ ရက်နေ့က ကျေးလက်ဆရာဝန်တစ်ဦးထံမှ သိရသည်။ ” ၁၅နှစ်အောက်ကလေးမှာ အဖြစ်များတာတွေ့ရတယ်၊လူကြီးတွေလည်းဖြစ်တယ်၊ရောဂါပိုးရှိတဲ့လူကိုကိုက်ထားတဲ့ ခြင်ကအခြားသူကိုအကိုက်ခံရတဲ့အခါ အဲလူပါကူးတယ်၊ သေဆုံးတဲ့ကလေးငယ်တွေလည်းရှိတယ်ပုံမှန်အားဖြင့်အဆင့် ၁/၂/၃ ခွဲထားတယ်၊ပြင်းထန်တဲ့လက္ခဏာပြလာရင်တော့ အမြန်ကုသသင့်တယ်” လို့ကျေးလက်ဆရာဝန်တစ်ဦးက ပြောသည်။ သွေးလွန်တုပ်ကွေးသည် အေးဒီးစ်ခေါ် (ခြင်ကျား) ကိုက်ရာမှတစ်ဆင့်ကူးစက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါက အသက်ပါသေဆုံးနိုင်ကြောင်း သိရသည်။ ကျေးလက်ကျန်းမာရေးဆရာမတစ်ဦးကလည်း”…

အညွှန်းအမှတ်အသားမပါသည့်ဘေးအန္တရာယ်ရှိ ကုန်ပစ္စည်းများ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီမှ သတိပေးသိမ်းဆည်း

ခမ်းသားငေါဝ်း ဇူလိုင်လ ၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဘေးအန္တရာယ်ရှိသည့်ကုန်ပစ္စည်းများနှင့်သတ်မှတ်ချက် မကိုက်ညီသောကုန်ပစ္စည်းများကို ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့မှ ယနေ့ဇူလိုင် ၆ ရက်တွင် သတိပေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လမှ ယခုလ ၆ ရက်နေ့အထိ တောင်ကြီးမြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့် Market များ စုပေါင်း ၅ ဆိုင်ထံ အကြောင်းကြားစာကြိုတင်ပေးပို့ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်ပစ္စည်းများ၊ အမျိုးအစားလိုက်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသည့်…

ရာသီဥတုဒဏ်ကြောင့် ပင်လောင်းရှိ စစ်ရှောင်များ အားလုံးနီးပါး ဖျားနာ ရောဂါဖြစ်ပွား

ခမ်းသားငေါဝ်း၊ မေလ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များ ရာသီဥတုအပြောင်းအလဲကြောင့် အားလုံးနီးပါး နှာစေး ချောင်းဆိုး ဖျားနာ ရောဂါဖြစ်ပွားကြောင်း ‌သိရသည်။ ပင်လောင်းတွင် ရာသီဥတုအေးသဖြင့် ကလေးနှင့်သက်ကြီးရွယ်အိုများ အအေးဒဏ်မခံနိုင်ကြဘဲ ဖျားနာ ဖြစ်နေကြပြီး ဆေးရုံတက် နေရကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။ “စစ်ရှောင်စခန်းမှာ လူလည်းများတယ် အကုန်လုံးက ပူးပူးကပ်ကပ် နေရတော့ ရောဂါတစ်ခုဖြစ်ရင် ကူးစက်ဖို့က…

ဆီဆိုင်တွင်စစ်ရှောင်များ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိ

ခမ်းသားငေါဝ်း၊ မေလ ၁၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလပ် အပေါ်ရွာရှိ စစ်‌‌ရှောင်စခန်းတွင် စစ်ရှောင် ပြည်သူများ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဆေးဝါးများ အရေးပေါ်လိုအပ်ကြောင်း မေ ၁၇ ရက်က စစ်ရှောင်ကူညီသူတစ်ဦးထံ သိရသည်၊၊ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ဆေးဝါးအလုံအလောက်မရှိခြင်းကြောင့် ၂နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ လက်ရှိတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူ…

ဆီဆိုင်တွင် စစ်ရှောင်များ သောက်သုံးရေမသန့်ခြင်းနှင့် ထုံးဓာတ်များခြင်းကြောင့် ဆီးကျောက်တည် ဖြစ်သူများလာ

ခမ်းသားငေါဝ်း၊ မေလ ၁၁၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်သို့ ရောက်ရှိ စစ်ရှောင်များ သောက်သုံးရေမသန့်ရှင်းခြင်းနှင့် ထုံးဓာတ်များခြင်းကြောင့် ဆီကျောက်တည် ဖြစ်သူ များလာကြောင်း မေလ ၁၁ ရက်နေ့တွင် သိရသည်။ စစ်ရှောင်များသာမက ဒေသခံများလည်း ယင်းရောဂါကို ခံစားနကြရပြီး ဝမ်းလျှောဝမ်းပျက်ဖြစ်သူများနှင့် အရေပြားရောဂါဖြစ်ပွားသူ ပိုများလာ ကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရသည်။ “ရာသီဥတု ပူတာလည်းပါတယ် ရေက…

ထိုင်း-မြန်မာနယ်စပ်တွင် တောမီးလောင်ရာမှ လေထုညစ်ညမ်းမှုဖြစ်ပြီး ဒေသခံများထိခိုက်မှုဖြစ်လာမည်ကို စိုးရိမ်

ခမ်းသားငေါဝ်း၊ ဧပြီ ၂၄၊ ၂၀၂၃ ထိုင်းနှင့်မြန်မာနယ်စပ်တွင် တောမီးလောင်မှုဖြစ်ပွားရာမှ မီးခိုးများ လေထုညစ်ညမ်းမှုများဖြစ်လာ‌ပြီး ဒေသခံများအသက်အန္တရာယ်ထိခိုက်နိုင်ခြေ ပိုများလာနိုင်ကြောင်း ဧပြီလ(၂၄)ရက်နေ့က သိရသည်။ ယင်းတောမီးရှို့မှုသည် ပြီးခဲ့သည့်မတ်လမှ ယခုဧပြီလကုန်အထိဖြစ်ပွား‌နေခဲ့ပြီး အငြင်းပွားဖွယ်ရာဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။ “ဒီတောမီးလောင်မှုကနေ လေထုညစ်ညမ်းမှုတွေက လူတွေသေစေတာမရှိသေးပေမဲ့ ခရီးသွားလာသူ တွေက မသွားမလာရဲတော့တာတွေရှိတယ်၊ မီးခိုးမြူတွေကြောင့် ခရီးသွားအချို့မူးလဲပြီးဆေးရုံတင်ရတာတွေရှိပါတယ်”ဟု နယ်စပ်ရှိအမည်မဖော်လိုသူအမျိုးသားတစ်ဦးကပြောသည်။ မတ်လ ဒုတိယပတ်အတွင်း တောမီးလောင်ရာမှ လေထုညစ်ညမ်းမှုကြောင့်…

ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေ ရေရှားပါးမှုကြုံနေရလို့ ရေဝယ်သုံးနေရ

ခမ်းသားငေါဝ်း၊ ဧပြီ ၂၁၊ ၂၀၂၃ ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ရှောင်တွေ ရေရှားပါးမှုကြုံနေရလို့ ချက်ပြုတ်ရေးနဲ့ ကိုယ်လက်သန့်စင်ဖို့အတွက် ရေဝယ်သုံးနေရတယ်လို့ ဧပြီ ၂၁ရက်နေ့မှာ သိရပါတယ်။ စစ်ရှောင်အများစုရောက်ရှိနေတဲ့ ပင်လောင်းမြို့နယ်ဟာ နွေရာသီရောက်တိုင်းရေရှားပါးမှုဒဏ်ကို နှစ်စဉ်ကြုံတွေ့ရတာပါ။ စစ်ရှောင်စခန်း ၁၄ခုလုံးမှာ ရေရှားပါးတဲ့အတွက် ကလေးငယ်တွေဆိုရင် ဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေပြီး အရေပြားရောဂါနဲ့ ရေယုန် ရေကျောက် ရောဂါ ဖြစ်ပွားတဲ့သူတွေလည်း ရှိနေပါတယ်။ ရေကားတစ်စီးကိုငါးသောင်းကျပ်၊ ရေတစ်ပေပါ(အသေး)ကို…

You missed