Category: ကျန်းမာရေး

ပင်လောင်းရောက်စစ်ရှောင်များ တုပ်ကွေးဖြစ်ပွားသူ များပြားနေဆဲ

ခမ်းသားငေါဝ်း ‌အောက်တိုဘာ ၂၀၊၂၀၂၃ ရှမ်းတောင် ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိသည့် စစ်ရှောင်များသည် ယနေ့အထိ တုပ်ကွေးဖြစ်ပွားသူ များပြားနေဆဲဖြစ်ကြောင်း စစ်ရှောင်အရေးကူညီသူတစ်ဦးက အောက်တိုဘာလ ၂၀ရက် နေ့တွင် ပြောဆိုသည်။ တုပ်ကွေး ဖြစ်ပွားသူအများစုသည် ခြင်ကိုက်ခြင်းနှင့် ရာသီဉတုကြောင့် ဖြစ်ပွားပြီး ရိုးရိုးတုပ်ကွေးဖြစ်ပွားသူများ နှင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများရှိကြကြောင်း သိရသည်။ ” မိုးစဝင်ကတည်းက တုပ်ကွေးဖြစ်ပွားလာတာ ခုထိများနေဆဲပဲ။ တစ်ချို့လူဆို…

ဒီမောဆို မြို့နယ်ရှိ စစ်ရှောင်များ ဆေးဝါးအရေးပေါ်လိုအပ်ပြီး ရက်လွန်ဆေးဝါးများ အသုံးပြုနေရ

ခမ်းသားငေါဝ အောက်တိုဘာ ၁၈၊၂၀၂၃ ကယား(ကရင်နီ)ပြည် ဒီမော့ဆိုမြို့နယ်ရှိ စစ်ရှောင်များအတွက် ဆေးဝါးများ အရေးပေါ် လိုအပ်နေပြီး ဆေးမရှိသဖြင့် ရက်လွန် (သက်တမ်းကုန်)ဆေးဝါးများ အသုံးပြုနေရကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရှိရသည်။ ယခုတွင် ကလေးများအပြင် လူကြီးများပါ ရာသီတုပ်ကွေး အဖြစ်များနေပြီး ဆေးကုသနိုင်ရန်နှင့် ဆေးများရရှိနိုင်ရန် အခက်ခဲများစွာရှိနေကြောင်း သိရသည်။ ” အစက နည်းနည်းဘဲ ဖျားတယ်။ ဆေးတွေမရှိတော့ ဒီတိုင်းဘဲ…

စက်ရုံ၏ဆိုးကျိုးကြောင့် ဝန်ထမ်းများ ကျန်းမာရေးထိခိုက်ပြီး သေဆုံးရ ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ တီကျစ်မြို့ရှိ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားစက်ရုံအတွင်း အလုပ်လုပ်သည့်ဝန်ထမ်းအချို့သည် စက်ရုံ၏ဆိုးကျိုးများကြောင့် ကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးရသည်အထိ ရှိခဲ့ကြောင်း ဒေသခံတစ်ဦး‌ပြောပြချက်အရ သိရသည်။ စက်ရုံသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်ဒေသတွင် တည်ရှိပြီး အလုပ်လုပ်ရင်း စက်ရုံး၏ဆိုးကျိုးများကြောင့် ကျန်းမာရေးထိခိုက်သည့်ဝန်ထမ်း ၃၀ ဦးအထက်ရှိနေကြောင်း သိရသည်။ “ကျွန်မ ဦးလေးသေဆုံးရတယ်။ သူကဒီစက်ရုံရဲ့ ပြာသိုလှောင်ရုံမှာ သူကပြာသွားထည့်တယ်။ အဲ့လိုမျိုးပြာသွားထည့်ရင်းနဲ့ ပြာထည့်ဖန်များလာတော့…

ဖယ်ခုံမြို့နယ် အနောက်ဖက်ရှိ ကျေးရွာဒေသခံများနှင့် စစ်ရှောင်များ အရေပြားရောဂါဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်ဒေသ ပျဉ်းမနားနယ်စပ် လေဒူခေါင်၊ ဖိုးစိုး၊ခေါင်တလိုကျေးရွာများရှိဒေသခံများ နှင့် စစ်ရှောင်များသည် အရေပြားရောဂါဖြစ်ပွား နေကြကြောင်းဒေသခံများထံမှ သိရသည်။ အဆိုပါဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ရွာသုံးရွာပေါင်း ဆေးခန်းတစ်ခုတည်းရှိကာ တစ်ရွာနှင့်တစ်ရွာလည်း အလှမ်းဝေးသဖြင့် ဆေကုသရန်အတွက် အခက်ခဲများရှိကြောင်း သိရသည်။ ကယန်းအမျိုးသမီးအစည်းအရုံး၏ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတာဝန်ခံတစ်ဦးက “သူတို့ဖြစ်တာက ၅လ လောက်ရှိပြီ ဒေသခံတွေ…

အောင်ကလပ်စစ်ရှောင်စခန်းတွင် ဆေးဝါးများ ပြတ်လတ်နေပြီး တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်စခန်းတွင် တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေကြောင်း စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ရှောင်စခန်းတွင် ဆေးဝါးများ ပြတ်လတ်နေပြီး တုတ်ကွေးဖြစ်နေသည့်ကလေးငယ်များ ဆေးကုသရန်အခက်အခဲရှိနေရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီတွင် ဆေးအလှူတစ်ခေါက်ရရှိခဲ့ပြီး ယခုအခါ ထိုဆေးဝါးများပြတ်လတ်နေပြီ ဖြစ်ကြောင့် သိရသည်။ “ပြီးခဲ့တဲ့ ၄ လပိုင်းတုန်းကလည်း…

ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် ကလေးငယ်များအဟာရချို့တဲ့ပြီး ရောဂါများကူးစက်ခံနေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် ကလေးငယ်များအဟာရချို့တဲ့ပြီး ရောဂါများအလွယ်တကူ ကူးစက်ခံနေရကြောင်းစစ်ရှောင်‌လူငယ်တစ်ဦး‌ထံမှ သိရသည်။ အဆိုပါစစ်ရှောင်စခန်းတွင် ၅နှစ်အောက် ကလေးငယ် ၃၀၀ ဝန်းကျင်ရှိပြီး အဟာရရှိအစားစာများအပြည့်အဝ မရရှိကြဘဲ အဖျားရောဂါကူးစက်မှုများခံနေရကြောင်း သိရသည်။ “ခုတလော ကလေးတွေအဖျားများတယ်။ ကလေးတွေဖျားလွယ်ဒါ မိဘရဲ့ထောက်ပံ့မှုလည်းလိုတယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့အစားစာနဲ့ပတ်သတ်ပြီး လိုအပ်ချက်တွေရှိတယ်။မိဘတွေကပြည့်ဝတဲ့အဟာရ‌‌တွေ ကျွေးဖို့လိုတယ်။လူကြီးတွေက မစားရလည်းမဖျားဘူး။ ကလေးကအဲလိုမဟုတ်ဘူး။”ဟု စစ်ရှောင်တစ်ဦးက ပြောသည်။ လက်ရှိကာလတွင်…

ဒေါရောက်ခူးကျေးရွာတွင် ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလုံလောက်မှုမရရှိသဖြင့် အသက်သေဆုံးရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၄၊၂၀၂၃ ဒေါရောက်ခူးကျေးရွာတွင် ရာသီတုပ်ကွေးအဖြစ်များပြီး ဆေးဝါးလုံလောက်မှုမရရှိသဖြင့် လူနာသုံး ဦး အသက်သေဆုံးခဲ့ရကြောင်း‌ ဒေါရောက်ခူးဒေသခံတစ်ဦးက ပြောသည်။ ဒီမောဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးကျေးရွာတွင် လူဦးရေ ငါးထောင်ကျော်ရှိပြီး လေးထောင်နီးပါးက ရာသီတုတ်ကွေးကူးစက်ခံနေရသဖြင့် ဆေးဝါများလုံလောက်မှုမရှိကြောင်း သိရသည်။ “ဆေးခန်းကရှိတယ်။ခုကရောဂါတွေကူးဒါ အရမ်းမြန်‌တော့ အကုန်ဖျားနေကြတယ်။ ဆေးခန်းသွားရင်လည်းအကြာကြီးစောင့်ရတယ်။ ဆေးကမလောက်ဘူး။ ကျွန်တော်တို့ရပ်ကွက်မှာ ရောဂါဖြစ်ဒါနဲ့ ဆေးခန်းမသွားဘဲ ရှိတဲ့ဆေးနဲ့သောက်တယ်။ သေဆုံးဒါသုံးယောက်ရှိပြီ” ဟု…

တောင်ကြီးမြို့တွင် ကလေးငယ်များ သွေးလွန်တုပ် ကွေးနှင့်ရာသီတုပ်ကွေးဖြစ်ပွားမှုနှုန်း မြင့်တက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ တောင်ကြီးမြို့တွင် ကလေးငယ်များသွေးလွန် တုပ်ကွေးအဖြစ်များနေပြီး လပိုင်းအရွယ်ကလေးများပါ ကူးစက်ဖြစ်ပွားမှုရှိနေကြောင်း ဩဂုတ်လ ၂၉ ရက်နေ့တွင် သိရသည်။ ယခုကာလတွင် လပိုင်းအရွယ်ကလေးများ ဖြစ်ပွားမှုများရှိနေပြီး ဆေးခန်းတွင် ကုသရန်အခန်များ မလောက်ကြောင်း သိရှိရသည်။ ” ၁၅ နှစ်အောက်ကလေးတွေမှာ အဖြစ်များတာတွေ့ရတယ်၊ အခုက လပိုင်းအရွယ်ကလေးတွေမှာပါ ဖြစ်တယ်၊ ကလေးက လပိုင်းအရွယ်ဆိုရင် ပိုဂရုစိုက်ရတယ်၊ လူကြီးတွေလို…

ဆောင်းလန်းရွာရှိ စစ်ရှောင်ကလေးငယ်များ တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားပြီး ဆေးဝါးများလိုအပ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၇၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းနယ်စပ် ဆောင်လန်းကျေးရွာစစ်ရှောင်စခန်းရှိ စစ်ရှောင်ကလေးငယ်များသည် တုပ်ကွေး ရောဂါဖြစ်ပွားသူများပြားနေကြောင်း ဩဂုတ်လ ၁၇ ရက်နေ့တွင် သိရသည်။ ယင်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၉၉ စုရှိပြီးလှုဦးရေ ၃၅၇ ဦးရှိကာ ခြင်ထောင်များ လုံလုံလောက်လောက်မရှိဘဲ အများစုက ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် တုပ်ကွေးဖြစ်ပွားခဲ့ရကြောင်းသိရသည်။ “ကလေးငယ်အများစု ဖြစ်ကြတယ် တုပ်ကွေးနဲ့ပတ်သက်တဲ့ ဆေးဝါးလည်းလိုအပ်တယ်…

စစ်ရှောင်စခန်းများရှိ ရေသိုလှောင်ကန်အတွင်း ပိုးလောက်လန်းများကြောင့် ကူးစက်ရောဂါများဖြစ်လာမည်ကို စိုးရိမ်

ခမ်းသားငေါဝ်း ဩဂုတ် ၉၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့်ဒီမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများတွင် သောက်သုံးရေသိုလှောင်ကန်အတွင်း ပိုးလောက်လန်းများနေသဖြင့် ကူးစက်ရောဂါများဖြစ်လာမည်ကို စိုးရိမ် နေရကြောင်း သိရသည်။ ပိုးလောက်လန်းနှိမ်နင်းရန်နည်းလမ်းများနှင့် ကာကွယ်ခြင်းနည်းလမ်းများကို ပြည်သူများစုဝေးပြီး အသိပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းများပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း စစ်ရှောင်အရေးကူညီစောင်ရွက်သူတစ်ဦးက ဆိုပါသည်။ ” ပိုးလောက်လန်းကနေ ခြင်ဖြစ်လာတယ်၊ပိုးလောက်လန်းရှိ နေတဲ့ရေတွေကို ဖြစ်နိုင်ရင်မသောက်စေချင်ဘူး၊ ဒါမှမဟုတ် ဘိတ်ဆေးတွေ ခတ်ဖို့လိုမယ်ပေါ့၊ အခြားအစားထိုးသုံးလို့ရတာတွေလည်း သုံးလို့ရတယ်၊အမှိုက်တွေစနစ်တကျ…

You missed