Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့်ဆီဆိုင်မြို့သို့ပစ္စည်းပြန်ယူသည့် အရပ်သား (၈ )ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၉၊၂၀၂၄ စစ်ကောင်စီက အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ဆီဆိုင်မြို့သို့ပစ္စည်းပြန်ယူသည့် အရပ်သား ၈ ဦးထက် မနည်းထိခိုက်ဒဏ်ရာရခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်၌ မြောက်ဘက်မှ…

ပင်လောင်းမြို့ရှိစစ်ဆေးရေးဂိတ်တွင် ကရင်နီဒေသခံများ ရပ်ကွက်ထောက်ခံစာပါမှ ဂိတ်ပေးဖြတ်သည်ဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိစစ်ဆေးရေးဂိတ်များတွင် ကရင်နီပြည်နယ်က ဒေသခံများကို ရပ်ကွက်ထောက်ခံစာပါမှသာ ဂိတ်ကိုပေးဖြတ်ကြောင်း ကိုယ်တိုင်ကြုံတွေ့သူအမျိုးသမီးတစ်ဦးထံမှသိရသည်။ ပင်လောင်းမြို့မှ တောင်ကြီးသို့သွားရာလမ်းပေါ်ရှိ ပင်လောင်းဂိတ်၊ တီကျစ် နဂါးဘီလပ်မြေရှေ့ရှိဂိတ်နှင့် အောင်ပန်းဂိတ်တို့တွင် ယခင်ထက်ပိုမိုတင်း‌ကြပ်စွာ စစ်ဆေးနေပြီး ကရင်နီပြည်နယ်က…

အာဏာရှင်စနစ် တော်လှန်ရင်းကျဆုံးခဲ့သည့် ရဲဘော်မန်းကီး ၂ နှစ်ပြည့် လွမ်းဆွတ်သတိရခြင်းအထိမ်းအမှတ်ပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ SSRY Eagle Force က ရဲဘော်မန်းကီး ကျဆုံးခြင်း ၂ နှစ်ပြည့်လွမ်းဆွတ်အောက်မေ့သတိရခြင်း အထိမ်းအမှတ် ကိုလွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။…

ပေါမူဒေသတွင် PNO ပြည်သူ့စစ်လုံခြုံရေးကင်းလှည့်စရိတ်ဟုဆိုပြီး ငွေကြေးကောက်ခံမှုပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ ပေါမူကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်လုံခြုံရေးကင်းလှည့်စရိတ်ဟုဆိုပြီး ငွေကြေးကောက်ခံမှုပြုလုပ်နေကြောင်း ဒေသခံ များထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မြှောက်ဖက် ပေါမူကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က သားသတ်ခုံ၊ စားသောက်ဆိုင်နှင့်ကုန်ဆုံဆိုင်ဖွင့်ထားသူများ လုပ်ငန်းရှင်များထံ…

PNO ပြည်သူ့စစ်က ပအိုဝ်းပြည်သူကိုအတင်းအဓမ္မ ခေါ်ဆောင်ပြီး စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်းပေးနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ PNO ပြည်သူ့စစ်မှ အတင်းအဓမ္မခေါ်ယူ စုဆောင်းသည့် ပင်လောင်းရှိ ပအိုဝ်းလူငယ်များကို ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်း ပေးနေကြောင်းဒေသခံများကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ပိုင်း ကျေးရွာရှိ အမျိုးသားလူငယ်များကို PNO ပြည်သူ့စစ်က…

အမျိုးသမီးတဦး စစ်ရှောင်နေရင်း တောတောင်ထဲတွင် ကလေးမီးဖွားပြီး ဆေးဝါးများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၇၊၂၀၂၄ တိုက်ပွဲဖြစ်ပွားသည့် ဆီဆိုင်မြို့တွင် ကိုယ်ဝန်သည်အမျိုးသမီးစ်ဦး စစ်ရှောင်နေရင်း တောတောင်ထဲတွင် ကလေးမီးဖွားနေပြီး ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လာကာ ဒေသခံပြည်သူများသည်…

ဗန်းမောက်ရွာစစ်ရှောင်စခန်းတွင် စစ်ရှောင်တိုးလာသဖြင့် နေရာအခက်အခဲရှိပြီး ဆန်ပြုတ်သောက်နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ ပင်လောင်းမြို့နယ် ဗန်းမောက် ကျေးရွာ စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦး‌ရေပိုမိုများပြားလာသဖြင့် နေရာများအခက်အခဲရှိသလို အချို့မှာ ဆန်ပြုတ်သောက် နေရသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗန်းမောက်ရွာ စစ်ရှောင်စခန်းတွင် ယနေ့အထိ စစ်ရှောင်များ နေ့စဉ်ရောက်လာလျက်ရှိပြီး…

ဒေါတခြောကျေးရွာသို့ ထပ်မံရောက်လာသည့် စစ်ရှောင်မိသားစုများအား PNLOမှ ဆန် ဆီ ဆား များကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၇၊၂၀၂၄ ကရင်နီ နယ်စပ်ရှိ ဒေါတခြောကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ထပ်မံရောက်ရှိလာသည့် ကရင်နီပြည်မှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စစ်ဘေးရှောင်များအတွက် ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ သွားရောက်ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။…

ဆီဆိုင် စစ်ရှောင်များအတွက် အလှူရှင်မရှိသဖြင့်စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ စစ်ရှောင်များသည် ဆီဆိုင်မြို့ရှိစစ်ရှောင်စခန်းများနှင့်ဆွေမျိုးအိမ်များသို့ လာရောက်ခိုလှုံနေကြပြီး အလှူရှင်မရှိသည့်အတွက် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်ခဲကြုံ‌တွေ့နေရကြောင်း ယနေ့တွင် ပြောဆိုသည်။ “အဓိက…

ပင်လောင်းတွင် အသစ်ရောက်လာသည့် ဖယ်ခုံစစ် ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာလိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဘက်တွင် ရောက်ရှိလာသည့် ဖယ်ခုံစစ် ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စစ်ရှောင်များသည် ယခုလဇန်နဝါရီ ၈၊ ၉၊၁၀ ရက်အတွင်းရောက်လာကြပြီး…