Category: နိုင်ငံရေး / တိုက်ပွဲ

နမ့်ဆန်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနှင့်ထပ်မံဗုံးကြဲ

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊ ၂၀၂၄ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ဖြင့်ယနေ့မနက် ၁ နာရီအချိန်က ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့်နမ့်ဆန်မြို့ကိုစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးမှု တစ်စုံတရာမရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။…

PV(Passport For Visit) ပတ်စပိုစ့် အမျိုးအစားကိုင်ဆောင်သူများ ပြည်ပထွက်ခွာခွင့်တားမြစ်ထား

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊၂၀၂၄ ပြည်ပနိုင်ငံသို့ အလည်အပတ်သွားရန် ထုတ်ပေးသည့် PV(Passport For Visit) အမျိုးအစားကိုင်ဆောင်၍ ပြည်ပထွက်ခွာမည့်သူများကို စစ်ဆေးတားမြစ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ပြည်ပနိုင်ငံသို့ ထွက်ခွာမည့်သူများသည် OWIC…

ဖားကန့်မြို့လမောင်ဗျူဟာကုန်း တပ်စခန်းအား KNA၊KPDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ဖားကန့်မြို လမောင်ဗျူဟာကုန်း တပ်စခန်းကြီးကို KIA၊KPDF ပူးပေါင်းတပ်ဖွဲများ အပြီးသတ် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း KIO က အတည်ပြု ပြောထားသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြိုရှိ လမောင်ဗျူဟာကုန်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊…

လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို MNDAA ကတစ်ဦး ၁၀ သိန်းချီးမြှင့်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ လားရှိုးမြို့ တိုက်ပွဲအစပိုင်းတွင် လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို MNDAA က တစ်ဦးကို ကျပ် ၁၀ သိန်းစီ ဆုချီးမြှင့် ပေးကြောင်း ဩဂုတ်လ ၁၅…

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ဒေသခံ(၆)ဦး ထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၃)လုံး ပျက်စီးကြောင်း…

နောင်ချိုနှင့်သီပေါတွင် တိုက်ပွဲဆပ်လက်ဖြစ်ပွားပြီး တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) မှတအာင်းဒေသ နောင်ချိုနှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်(၂၁)ကြိမ် တိုက်ခိုက်ခဲ့ကြောင်းTNLAမှ ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာနှင့်…

သီပေါမြို့တွင် စစ်ကောင်စီ၏လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ရက်အတွင်းအရပ်သား (၁၁)ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁) ဦးသေဆုံးခဲ့ပြီး (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊…

NCA လက်မှတ်ထိုးထားသည့် RCSS/SSA က တောင်ကြီးမြို့နယ်ထိ တစ်အိမ်တစ်သောင်းကျပ် ဆက်ကြေးကောက်နေ

ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၄ တောင်ကြီးမြို့မြောက်ဘက်တကြောတွင် ယခုရက်ပိုင်းအတွင်း NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်က တစ်အိမ်တစ်သောင်းနှုန်းဖြင့် ဆက်ကြေးကောက်ခံ နေကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မြို့တော်တောင်ကြီးကပ်ရက် မြောက်ဘက်တကြောကျေးရွာများတွင် RCSS/SSA တပ်ဆက်ကြေးကောက်ခံသည့်…

နောင်ချိုနှင့်သီပေါမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှလေကြောင်းဖြင့် (၂၆)ကြိမ်တိုက်ခိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ နောင်ချိူနှင့်သီပေါမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှလေကြောင်းဖြင့်(၂၆)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA မှယနေ့ညတွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် နောင်လင်ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေသည်။…

နောင်ကျောကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်‌နေသောကြောင့် ရွာသားများစစ်ဘေးရှောင်နေရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၃၊ ၂၀၂၄ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ယနေ့တွင် ရွာသားများရုတ်တရက် ထွက်ပြေးတိမ်းရှောင်နေရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ပင်ငို၊ ကောင်ဝိန်၊ နောင်ကျော်၊နောင်သဲင်ရွာတွင် သြဂုတ်လ ၁၃ ရက် မနက်…