Category: သဘာဝဘေး

ပင်းတယမြို့၌ လေပြင်းတိုက်ခိုက်သဖြင့် နှစ် ၁၀၀ ရှိညောင်ပင် ကျိုးကြပြီး နေအိမ်တစ်လုံးပျက်စီးသွား

ခမ်းသားငေါဝ်း ဇွန် ၂၉၊ ၂၀၂၅ https://www.facebook.com/share/p/1B72oNkQZG/ ပင်းတယမြို့နယ်ရှိ ထွက်နီကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နှစ်တစ်ရာရှိ ညောင်ပင်ကိုင်းကျိုးကြကာ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ ထွက်နီရွာတွင် ယနေ့ မနက် ၇…

ပင်လုံမြို့တွင် စျေးဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား ကျပ်သိန်း ၁၀၀ ကျော်ဆုံးရှုံး

ခမ်းသားငေါဝ်း ဇွန်လ ၂၁၊ ၂၀၂၅ ပင်လုံမြို့တွင် မွိုးဦးစျေးဆိုင်မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း ၁၀၀ ကျော်ဆုံးရှုံးမှုရှိကြောင်းမြို့ခံများထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ ရွှေပြည်သာအမှတ်၂ ရပ်ကွက်၊ သာယာအေးလမ်းရှိ မွိုးဦးစျေးဆိုင်သည် ဇွန်လ၂၁ ရက် မနက် ၁ နာရီ…

ပြောင်းခင်းများရေထဲပါသွားသဖြင့် ဒေသခံများအခက်အခဲများ ကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၅ https://www.facebook.com/share/p/1GDLjZEGWL/ စံကားဒေသတွင် မိုးအဆက်အမပြတ်ရွာသွန်းမှုကြောင့် ပြောင်းခင်းများရေထဲပါသွားသဖြင့် ဒေသခံများက အခက်အခဲများကြုံတွေ့နေရကြောင်း ဇွန်လ(၁၇)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် ဇွန်လဒုတိယပတ်မှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေသခံများစိုက်ပျိုးထားသည့် ပြောင်းခင်းများက တောင်ကျချောင်း…

ရေကြီးရေလျှံ မှုကြောင့် ညောင်ရွှေမြို့နယ်တွင် စိုက်ဧကထောင်ကျော် သီးနှံပျက်စီးဆုံးရှုံး

ခမ်းသားငေါဝ်း ဇွန်လ ၁၆၊ ၂၀၂၅ https://www.facebook.com/share/p/19DGCiCSi1/ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ဧကပေါင်းထောင်ကျော်သည် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ညောင်ရွှေမြို့နယ်တွင် စိုက်ပျိုးရေးသည် သက်မွေးဝမ်းကြောင်းအဓိကဖြစ်ပြီး တောင်သူအများစုသည် လယ်ယာနှင့် ကျွန်းမျောစိုက်ခင်းများတွင် လုပ်ကိုင်ကြသည်။ အင်းလေးကန်အနီး အရှေ့ပတ်လမ်း၊…

ရွာငံတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပြောင်းခင်း များပျက်စီး

ခမ်းသားငေါဝ်း ဇွန်လ ၁၅ ၊ ၂၀၂၅ https://www.facebook.com/share/p/1N9oThBqVx/ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် မိုးများရက်ဆက်ရွာသွန်းမှုကြောင့် ပြောင်းခင်းများ ပျက်စီးကုန်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ (၉)ရက်မှစ၍ ယနေ့အထိ မိုးများရက်ဆက် ရွာသွန်းနေပြီး ပြောင်းခင်းဧက…

ရှမ်းတောင်တွင် မိုးကြီးမှုကြောင့် ဂေါ်ဖီထုပ်စိုက်ခင်းများ‌ရေမြှပ်ပြီး ရောင်းမရသဖြင့် တောင်သူများအခက်ခဲကြုံ နေရ

ခမ်းသားငေါဝ်း ဇွန်၁၅၊ ၂၀၂၅ https://www.facebook.com/share/p/16NG4VkesM/ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဂေါ်ဖီထုပ်စိုက်တောင်သူများသည် ဇွန်လ အတွင်းမိုးကြီးမှုကြောင့် ဂေါ်ဖီထုပ်စိုက်ခင်းများ ရေလွှမ်းခံရပြီး ဂေါ်ဖီထုပ် ရောင်းမရသဖြင့် အခက်အခဲကြုံ နေရ ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနှင့် ဟဲဟိုး မြို့ရှိ ဂေါ်ဖီထုပ်စိုက်တောင်သူများ…

ညောင်ရွှေမြို့အနိမ့်ပိုင်းရပ်ကွက်များတွင် ရေမြင့်တက်မှုကြောင့် ဒေသခံ ၁၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်းနေထိုင်ရ

ခမ်းသားငေါဝ်း ဇွန်လ ၁၄၊ ၂၀၂၅ https://www.facebook.com/share/p/1EL6uuYjxo/ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့အနိမ့်ပိုင်းရှိ ကံသာရပ်ကွက်တွင် ရေမြင့်တက်လာမှုကြောင့် ဒေသခံများအနည်းဆုံး ၁၀၀ ကျော်သည် မြစေတီဘုရားကျောင်းတွင် အရေးပေါ်ရွှေ့ပြောင်းနေထိုင်နေကြောင်း သိရှိရသည်။ “အပေါ်ဖက်က ရေတဖြည်းဖြည်းကျလာရင် ညောင်ရွှေအောက်ပိုင်းတော့ ရေတဖြည်းဖြည်းတက်လာမှာပါ။ ညောင်ရွှေက…

အောင်ပန်းတွင် ရေကြီးရေလျှံမှုဖြစ်ပြီး ရပ်ကွက်နေပြည်သူများ အရေးပေါ်ရွှေ့ပြောင်းနေရ

ခမ်းသားငေါဝ်း ဇွန်လ ၁၄၊ ၂၀၂၅ https://www.facebook.com/share/p/1NgDESfFYD/ အောင်ပန်းတွင် ရေကြီးရေလျှံမှု ဖြစ်ပြီး နေအိမ်များနှစ်မြုပ်သွားသောကြောင့် ရပ်ကွက်နေပြည်သူများ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း နာရေးကူညီမှုအသင်းအောင်ပန်း ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ တွင် မိုးသည်းထန်စွာရွာသွန်း မှု နှင့် တောင်ကျရေများကြောင့်…

ပေါရိဿကံထောင့်ရွာတွင် ရေတက်မှုကြောင့် ကြံခင်းနှင့် ပြောင်းခင်းများ ရေမြုပ်

ခမ်းသားငေါဝ်း ဇွန်လ ၁၄၊ ၂၀၂၅ https://www.facebook.com/share/p/16gChNQvax/ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ပေါရိဿကံထောင့်ရွာ၌ မိုးရွာသွန်းမှုကြောင့် ရေတက်လာပြီး ကြံခင်းနှင့် ပြောင်းခင်းများရေမြုပ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ “ညနေခင်းပိုင်းကစပြီး ရေအတက်ကြမ်းလာပါတယ်။ ဒီနေ့ညမှာ မိုးဆက်လို့ရွာရင် ပိုဆိုးလာနိုင်ပါတယ်။ မကြာခင်…

အင်းလေးကန် ရေတက်မှုကြောင့် သီးနှံစိုက်ခင်းများ များပြားစွာ ပျက်စီးဆုံးရှုံး

ခမ်းသားငေါဝ်း ဇွန်လ ၁၄၊ ၂၀၂၅ https://www.facebook.com/share/p/1G6hTmsrGY/ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကန်ရေမြင့်တက်လာပြီး သီးနှံစိုက်ခင်းအများအပြား ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရှိရသည်။ အင်းလေးကန်အတွင်းတွင် စိုက်ပျိုးထားသော ခရမ်းချဉ်သီးပင်၊ ငရုတ်သီးပင်၊…