PNLO အဖွဲ့ ထံစာရင်းရောက်သည့် စစ်ဘေးရှောင်နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့ကူညီ
ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊၂၀၂၃ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထံသို့ လာရောက်ခိုလုံရန် နာမည်စာရင်းရောက် စစ်ဘေးရှောင်နှစ်ထောင့်ငါးရာအတွက် အဓိက အခြေခံစားနပ်ရိက္ခာကူညီပေးလျက်ရှိကြောင်း PNLO၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ PNLO အနေဖြင့် မိမိတို့အခြေပြုသောဒေသအတွင်း ရောက်လာသမျှစစ်ရှောက်များအား တတ်နိုင်သလောက် အကူအညီပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းဆိုသည်။…