ကျောက်တလုံးဒေသခံအချို့ နိုင်ငံခြားရောက်သော်လည်း ပြည်သူ့စစ် စစ်မှုထမ်းအစား လစဥ်ကြေးပေးဆောင်နေရ
ခမ်းသားငေါဝ်း မတ် ၃၊၂၀၂၄ နိုင်ငံရပ်ခြားသို့သွားရောက်အလုပ်လုပ်ကိုင်သည့် ကျောက်တလုံးဒေသခံအချို့ စစ်မှုထမ်းရန် အစားထိုးအနေဖြင့် လစဥ်ကြေးကိုသိန်းချီပေးဆောင်ခဲ့ရကြောင်းထိုင်းရောက်ဒေသခံတစ်ဦးကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တလုံးကြီးမြို့ဘက်ရှိ ကျေးရွာအုပ်စုများအတွင်း နေထိုင်သည့်ဒေသခံများသည် စစ်မှုထမ်းရန်လူကိုယ်တိုင်မရှိခြင်းကြောင့် ထိုစစ်မှုထမ်းအစား ပိုက်ဆံနှင့်အစားထိုးပြန်ပေးနေရကြောင်းဆိုသည်။ “မပေးလို့မရဘူးလေ ငါတို့ရွာကသိတဲ့အတိုင်း၊တစ်လကို ၃ သိန်းအဲ့လိုပေးရတယ်၊ အစက…