Category: သတင်း

လွိုင်ကော်မြို့အဝင်အထွက် လမ်းကြောင်းအားလုံးပိတ်ဆို့ထားသည်ဟုသိရ

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ ကယား(ကရင်နီ)ပြည်ရှိ လွိုင်ကော်မြို့၏ အဝင်အ ထွက်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်ဟု ဧပြီလ(၁၁)ရက်က သိရသည်။ ၁၁၁၁ စစ်ဆင်ရေးနောက်ဆက်တွဲနှင့်အတူ လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အ တွက်ကြောင့် လွိုင်ကော်မြို့ရှိ အဝင်အထွက်လမ်းကို လုံခြုံရေးအရ ပိတ်ထားသည်ဟုသိရသည်။…

ဖယ်ခုံမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြည်သူများပြန်လည်နေထိုင်ခြင်းမရှိသေး

ခမ်းသားငေါဝ်း ဧပြီ ၁၁၊ ၂၀၂၄ ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ပြည်သူများပြန်လည်နေထိုင်​ခြင်း မရှိသေးကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူများပြန်လည်နေထိုင်ခွင့်မရှိသေးဘဲ မြို့ပျက်သဖွယ် ဖြစ်နေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကဆိုသည်၊၊…

သရက်ပုရွာအနီးတွင် ကားပျက်၍ကားပြင်ပြီး လမ်းလျှောက်နေစဥ် ကားတိုက်ခံရ သေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ အောင်ပန်း- တောင်ကြီးသွားလမ်း သရက်ပုရွာအနီးတွင် ကားပျက်၍ကားပြင်ပြီးလမ်းလျှောက်နေစဥ် ကားတိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်းသိရသည်။ ဧပြီလ ၈ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် သရက်ပုရွာအနီးတွင်(ရွှေညောင်)နေ ယာဥ်မောင်း ကိုဇေ~~(ခ)ဖိုးလပြည့်သည်…

KNDF ဗျူဟာခုံဖွဲ့စည်းနိုင်ရန် လူငယ်များအား စစ်သင်တန်းပို့ချနေပြီဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ KNDF ဗျူဟာခုံတစ်ခုဖွဲ့စည်းနိုင်ရန် လူငယ်များအား စစ်သင်တန်းပို့ချပေးနေပြီဟု KNDF ပြန်ကြား ရေး တာဝန်ခံတစ်ဦး ပြောဆိုလိုက်သည်။ စစ်ကောင်စီတပ်ကိုတော်လှန်တိုက်ခိုက်နိုင်ရန်အတွက် KNDF အနေနှင့်ဗျူဟာခုံတစ်ခုဖွဲ့စည်းနိုင်ရန် ဖြစ်ကြောင်း KNDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက…

ရှမ်းတောင်တိုက်ပွဲ (၇၇) ရက်အတွင်း အရပ်သား သေဆုံးသူ ၅၈ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ရှမ်းတောင်တွင် တိုက်ပွဲဖြစ်ပွားသည့် (၇၇)ရက်အတွင်းအရပ်သားသေဆုံးသူ ၅၈ ဦးရှိပြီဖြစ် ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ယင်းသေဆုံးမှုတွင်အမျိုးသမီး ၃ ဦး…

တိုင်းနှင့်ပြည်နယ် အသီးသီးရှိအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများ သေဆုံးမှုမြင့်တက်နေ

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နိုင်ငံရေးအကျဥ်းသားများ သေဆုံးမှုမြင့်တက်လာကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ…

၂၉ ကြိမ်မြောက် နိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို မြန်မာနိုင်ငံကိုယ့်စားပြု ပအို၀်းအနုပညာနှင့်ယဥ်ကျေးမှု ဖေါင်းဒေးရှင်းမှ ကိုယ့်စားလှယ်တက်ရောက်

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ၂၉ ကြိမ်မြောက် ထိုင်းနိုင်ငံတကာ ရိုးရာယဉ်ကျေးမှုပွဲတော်ကို မြန်မာနိုင်ငံကိုယ့်စားပြု ပအို၀်းအနုပညာနှင့်ယဥ်ကျေးမှု ဖေါင်းဒေးရှင်းမှ ကိုယ့်စားလှယ်တက်ရောက် ခဲ့သည်။ ထိုင်းနိုင်ငံတွင် ယဉ်ကျေးမှုအတွက် ပူးပေါင်းဆောင်ရွက်ရန် MOU သဘောတူ လက်မှတ်ရေးထိုးရာတွင်…

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျောင်းသူသုံးဦးထိမှန် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၉၊၂၀၂၄ စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးသည် တွေပူရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသူသုံးဦးထိမှန်ပြီး တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တွေပူကျေးရွားအတွင်း ဧပြီ ၈ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီမှ…

မိုးဗြဲတွင် စစ်ကောင်စီ နှင်တော်လှန်ရေးအင်အားစု တို့တိုက်ပွဲပြင်းထန်နေ

ခမ်းသားငေါဝ်း ဧပြီ ၈၊၂၀၂၄ ရှမ်း ကယားနယ်စပ်ရှိ မိုးဗြဲမြို့အခြေစိုက်စစ်ကောင်စီခလရ ၄၂၂တပ်စခန်းနှင့် အနီးရှိယာယီစခန်းကုန်းများကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအင်အားစုမှတိုက်ခိုက်နေလျက်ရှိကြောင်းသိရသည်။ ယင်းစခန်းတို့ကို သိမ်းပိုက်နိုင်ရန် ပြီးခဲ့သည့် ဧပြီလ ၃ရက်နေ့မှစတင်၍ ယနေ့ထိတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီမှလေကြောင်းဖြင့်လည်းတိုက်ခိုက်နေကြောင်းသိရသည်။ “ခုလောလောဆယ်က စစ်ကောင်စီရဲ့စခန်းကုန်းကိုတိုက်ခိုက်နေတုန်းပါပဲစစ်ဆင်ရေးတွေလုပ်နေတုန်းပါ…

တောင်ကြီး အေးသာယာ ဆင်းတက်လမ်းတွင်တွဲကားလိမ့်ကျ၍ ကားနှစ်စီးပိမိပြီး ၄ ဦးသေ၊၂ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၈၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး အေးသာယာဆင်းတက်လမ်း အောက်နေမှတက်လာသည့်တွဲကားတစ်စီး လမ်းချော်လိမ့်ကျပြီး အဆင်းလမ်းမှ ကား၂စီးကို ပိမိ၍ ၄ဦးသေဆုံး ၂ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။ ဧပြီလ ၇ ရက်နေ့ ညနေ ၆ နာရီ ၁၅…