Category: သတင်း

နောင်တဗင်ရွာတွင် PNO ပြည်သူ့စစ်က စစ်မှုထမ်းရန် မဲစနစ်ဖြင့်လုပ်သော်လည်း အများစုက ပေါက်မဲသာဖြစ်နေဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၂၅၊၂၀၂၄ ဆီဆိုင်မြို့နယ် နောင်တဗင်ကျေးရွာတွင် စစ်မှုထမ်းဆင့်ခေါ်ရန် PNOပြည်သူ့စစ်က မဲနှိုက်စနစ်ပြုလုပ်သော်လည်းအများစုက ပေါက်မဲသာဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်တဗင်ကျေးရွာတွင် ဧပြီလ ၂၄ ရက်နေ့၌ PNOပြည် သူ့စစ်အဖွဲ့မှလာရောက်ပြီး စစ်မှုထမ်းရန် မဲစနစ်ဖြင့်…

စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ကလေးအပါအ ဝင် ၉ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၂၅၊ ၂၀၂၄ စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦးသေဆုံးပြီး ကလေးငယ်အပါအဝင်(၉)ဦးထိခိုက်ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)ထုတ်ပြန်ချက်အရသိရသည်။ ကရင်ပြည်နယ် လယ်ဒိုမြို့နယ်အတွင်း ဧပြီလ(၂၂) ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦးသေဆုံးပြီး ၁၈ နှစ်အောက်ကလေး…

အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း သေဒဏ်ချမှတ်ခံရသူ ၁၆၆ ဦးရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၂၅၊ ၂၀၂၄ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၆၆ ဦးထိရှိလာသည်ဟု ဧပြီ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအစင်း AAPP က ထုတ်ပြန်ထားသည်။ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း…

အောင်ပန်းမြို့တွင် ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်းထပ်မံတွေ့ရှိ

ခမ်းသားငေါဝ်း ဧပြီ ၂၄ ၊ ၂၀၂၄ အောင်ပန်းမြို့တွင် အမည်မသိပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ရုပ်အလောင်းကိုထပ်မံ တွေ့ရှိခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊အောင်ပန်းမြို့ အနီး ကမ်းပါးနီးရွာနှင့် ညောင်ကုန်းရွာ ချောင်းအစပ်၌ ဧပြီလ ၂၄ ရက်နေ့ မနက် ၁၀…

ရပ်စောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်တိုင်းလိုလို စစ်ထဲဝင်နေရဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၂၄၊ ၂၀၂၄ ရပ်စောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် အိမ်တိုင်းလိုလို PNO ပြည်သူစစ် ကောက်ခံခြင်း ခံရသလို စစ်ကောင်စီမှလည်း စစ်ကောက်ခံခြင်း ခံနေရသည့်အတွက် အိမ်တိုင်းလိုလို စစ်ထဲဝင်နေရသည်ဟု ဒေသခံက ဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်…

PNO ပြည်သူ့စစ်ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် စင်းတောင်းရွာသားများ အိမ်တွင်မအိပ်ရဲဘဲ တောထဲအိပ်နေရ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ PNO ​ပြည်သူ့စစ် ပေါ်တာဆွဲဖမ်းဆီးသဖြင့် စင်းတောင်းရွာ လူလတ်ပိုင်း အမျိုးသားများ အိမ်တွင်မအိပ်ရဲကြဘဲ တောတောင်ထဲ သွားအိပ်နေရကြောင်း ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ စင်းတောင်းကျေးရွာတွင် ဧပြီလအတွင်း PNO ပြည်သူ့…

မိုးဗြဲအခြေစိုက်ခလရ- ၄၂၂ စခန်းသိမ်းတိုက်ပွဲတွင်တော်လှန်ရေးအင်အားစုမှ ရဲဘော် ၂၅ ဦးကျဆုံးဟုသိရ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊၂၀၂၄ ရှမ်း- ကယားအစပ်ရှိ မိုးဗြဲမြို့အခြေစိုက်စစ်ကောင်စီတပ် ခလရ ၄၂၂ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုတပ်မှ ရဲဘော် ၂၅ ဦးကျဆုံးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။ စစ်ကောင်စီ၏ ၄၂၂ စခန်းကိုသိမ်းနိုင်ရန်ယနေ့အချိန်ထိ စစ်ဆင်ရေးပြုလုပ်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရခြေထောက်ဆုံးရှုံးရသည့်ရဲဘော်များလည်း…

မြဝတီသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါဝင် ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား K.N.L.Aနှင့် ပူးပေါင်းတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဗိုလ်ကြီး(၁)ဦးအပါ (၆)ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားများအစည်းအရုံး(KNU) ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်၊ ကောကရိတ်မြို့မှ မြဝတီမြို့သို့ ဧပြီလ(၂၁)ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)ဦးဆောင်ပြီး…

လက်ရှိအာလူးဈေး ယခင်ထက်ဈေးကောင်းပိုမိုရရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသရှိ အာလူးဈေးသည် ယခင်ထက် ဈေးကောင်းရရှိလာသည်ဟု ဧပြီလ၂၃ ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။ ယခင်လတွင် အာလူးဈေး တစ်ပိဿာလျှင် ၂၀၀၀ ဝန်းကျင်သာရှိသော်လည်း ယခုလက်ရှိတွင် တစ်ပိဿာ…

ထိုင်းသို့သွားသည့် လူငယ်များ ခိုလမ်အရောက်တွင် RCSS မှဖမ်းဆီးပြီးတပ်သားသစ်အဖြင့်စုဆောင်းမှုရှိနေ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊၂၀၂၄ ထိုင်းနိုင်ငံသို့ထွက်သွားသည့်လူငယ်အချို့ရှမ်းပြည်နယ် ခိုလမ်မြို့ အရောက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ပြီး တပ်သားသစ်အဖြစ်စုဆောင်းခေါ်ယူနေကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်သူအချို့တွင် ပအိုဝ်းလူငယ်များလည်းပါဝင်နေပြီး ထိုင်းသို့မရောက်သွားဘဲ RCSS ၏ တပ်သားသစ်စုဆောင်းရာသို့ ရောက်ရှိသွားသည့်အတွက်မိသားစုများစိတ်ပူနေရကြောင်း သိရသည်။…