Category: သတင်း

ဆောင်းပြောင်း ဒေသတွင် ပြောင်းသီးနှံစိုက်ခွင့်ပိတ်ထားခြင်းကြောင့်တောင်သူအခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း ဇွန်လ ၇၊ ၂၀၂၄ ဆောင်းပြောင်းတွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်က ပြောင်းစိုက်ခွင့်မပြုသောကြောင့် ဒေသခံများအခက်အခဲဖြစ်နေရသည်ဟု ဇွန်လ(၇)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသတွင် မေလလယ်ပိုင်းလောက်မှစကာ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လမ်းမကြီးတစ်လျှောက်ပေတစ်ထောင်အကွာအဝေး၌ ပြောင်းစိုက်ခွင့် မပြုသောကြောင့်…

ယခုနှစ်မိုးများသဖြင့် နောင်တရားဒေသတွင်အာလူးများပုပ်ပြီးပျက်စီးနေ

ခမ်းသားငေါဝ်း ဇွန်လ ၆၊ ၂၀၂၄ ယခုနှစ်မိုးများသောကြောင့် နောင်တရားဒေသတွင်အာလူးများပုပ်ပြီးပျက်စီးကုန်ကြောင်း ဇွန်လ(၆) ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ ခြမ်းရွာဘက်တွင် မိုးများခြင်းကြောင့် တောင်သူများစိုက်ပျိုးထားသည့် အာလူးများ ပုပ်ကုန်ကြသည်ဟုသိရသည်။ “ဒီနှစ်ကမိုးအရမ်းများတော့ အာလူးပင်တစ်ပင်မှာ(၈)ဥလောက်ဥရင် တစ်ဥလောက်ပဲအောင်တယ်…

ဆီဆိုင်မြို့ခံတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ် ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန်လ၆၊ ၂၀၂၄ ဆီဆိုင်မြို့ခံတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊မြကန်သာရပ်ကွက်နေ အသက် ၇၁ အရွယ် ဒေါ်စိုးစိုးလတ်သည် ယနေ့မနက် ၉ နာရီအချိန်တွင်မိုင်းနင်းမိပြီးခြေထောက်တစ်ဖက်ပြတ်သွားကြောင်း သိရသည်။ “ခြံစည်းရုံးခတ်ရင်းနဲ့ နင်းမိတာ။ပေါက်ကွဲသံက…

နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးမန်းကျော် ပစ်ခတ်ခံရပြီး သေဆုံး

ခမ်းသားငေါဝ်း ဇွန်လ ၆၊ ၂၀၂၄ ရွာငံမြို့နယ်၊နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးမန်းကျော်သည် ဇနီးနှင့် တောင်ယာသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးရွာတွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသော နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းကျော်ကို ဇွန်လ ၅ ရက်နေ့က ပစ်ခတ်ခံရပြီး…

ဆီဆိုင်မြို့တွင် အိမ်ပျက်စီးသွားသူများ ပြန်ဆောက်ရန် မိုးကာများအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း ဇွန်လ ၆၊၂၀၂၄ ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးသွားသူများ ပြန်ဆောက်ရန်အတွက် မိုးကာများအရေးပေါ်လိုအပ်လျက်ရှိကြောင်း ဒေသခံထံမှ သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲကြောင့် မီးလောင်သွားသည့် အိမ်များနှင့် လက်နက်ကြီးကြောင့်ပျက်စီးသွားသည့်နေအိမ်များအတွက် ပြန်ဆောက်ရန် အမိုးအကာများ လိုအပ်နေကြောင်းသိရပါသည်။ “မိုးရာသီလည်းဖြစ်တော့အမိုးအကာတွေအရမ်းလိုအပ်တယ်…

ကယန်းကျေးရွာအုပ်စု ကုန်းနိမ့်ပိုင်း တဲထိုးနေရသည့် စစ်ရှောင်များ ရေကြီးမှုကြောင့်နှစ်မြှုပ်ပြီးအခက်ခဲဖြစ်

ခမ်းသားငေါဝ်း ဇွန်လ ၆၊ ၂၀၂၄ အလယ်ကယန်းကျေးရွာအုပ်စုအတွင်း ကုန်းနိမ့်ပိုင်းတွင် တဲထိုးနေရသည့် စစ်ရှောင်များ ရေကြီးမှုကြုံတွေ့နေရပြီး နေထိုင်ရေးများ ခက်ခဲနေကြကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုအတွင်း ဇွန်လ ၅ ရက်နေ့တွင် မိုးကြီးပြီး ရေချောင်းနှင့်…

ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်းမျာ တပ်ဆင်နိုင်ရန် “ဝေဟင်ကိုထိန်း မြေပြင်သိမ်း”ကမ်ပိန်းအစီစဉ် PNLA ပြုလုပ်

ခမ်းသားငေါဝ်း ဇွန် ၅၊ ၂၀၂၄ ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်းများ တပ်ဆင်နိုင်ရန် “ဝေဟင်ကိုထိန်း မြေပြင်သိမ်း”ကမ်ပိန်းအစီစဉ်ကို ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA မှ ပြုလုပ်နေကြောင်းသိရသည်။ ယင်းကမ်းပိန်းအစီစဉ်ကိုဇွန်လ ၄ ရက်နေ့မှ ဇူလှိုင်လ ၇ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး…

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟွေးမခွိုသိုမ်း ပအိုဝ်းရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ကမ်းပါးပြိုကျ

ခမ်းသားငေါဝ်း ဇွန်လ ၅ ၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဟွေးမခွိုသိုမ်းပအိုဝ်းရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ကမ်းပါးမြေပြိုမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံ မောက်စံပယ်ကျေးရွာအုပ်စု ဟွေးမခွိုသိုမ်းရွာတွင် ဇွန်လ ၃ ရက်ညက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်…

ဆီဆိုင်မြို့တွင်ခိုးဆိုးလုယက်များ သောင်းကျန်းနေ

ခမ်းသားငေါဝ်း ဇွန် ၅ ၊ ၂၀၂၄ ဆီဆိုင်မြို့တွင်ပြည်သူများနေအိမ်ပြန်ကြပြီဖြစ်သော်လည်း နေ့ခင်းကြောင်တောင် ခိုးဆိုးလုယက်မှု သောင်းကျန်းနေကြောင်းဒေသခံများထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ပေါ်တွင် သူခိုးများ ပေါများပြီး နေ့ခင်းတွင်ပင် ဆိုင်ကယ်၊မိးကြိုး၊သွပ်၊သစ်အစ သူခိုးများက ခိုးနေကြောင်း သိရသည်။ “ဒီနေ့ နေ့ခင်းကြောင်တောင်…

ကယန်းလေးရွာသားတစ််ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်

ခမ်းသားငေါဝ်း ဇွန် ၅ ၊ ၂၀၂၄ ကယန်းလေးရွာသားတစ််ဦးကို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကယန်းလေးရွာနေအသက် ၅၉ နှစ်အရွယ် ဖြားစွူး(ခ)ဦးဂျော့လောင်ကို မေလ၂…