မြို့စွန်ရပ်ကွက်များရှိနေအိမ်များကိုဖယ်ရှားပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်မြေအဖြစ်ပြန်လည်သိမ်းဆည်းရန်ပြင်ဆင်နေ
ခမ်းသားငေါဝ်း သြဂုတ် ၃၊ ၂၀၂၄ တောင်ကြီးမြို့စွန်ရပ်ကွက်များရှိအိမ်များကိုဖယ်ရှားပြီးအစိုးရစီမံခန့်ခွဲပိုင်ခွင့်မြေအဖြစ်ပြန်လည်သိမ်းဆည်းရန်စစ်ကောင်စီကပြင်ဆင်နေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ရပ်ကွက်အစွန်အဖျားတောင်စောင်းတွင်ရှိ နေ အိမ်များကို ပထမအကြိမ်အသိပေးစာလိုက်ကပ်ထားခြင်းများပြုလုပ်နေကြောင်းဒေသခံထံ သိရသည်။ ‟သူတို့ကစခန်းဆောက်ဖို့ဖယ်ခိုင်းတာလို့ကြားတယ် သေချာတော့မသိရဘူး ဖယ်ခိုင်းတာတော့မှန်တယ်”ဟုမြို့ဒေသခံတစ်ဦးကပြောသည်။ ကျောင်းကြီးစုရပ်ကွက် ၊ စမ်းရေတွင်း တစ်ကြော တောင်စောင်းတွင် ဆောက်လုပ်ထားသည့် နေအိမ်များကို…