နားဘောင်စျေးရောက် စစ်ရှောင်များ စားဝတ်နေရေး အရေးပေါ်လိုအပ်
ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ တောင်ကြီးမြို့နယ်၊နားဘောင်ဈေးရောက် စစ်ရှောင်များသည် အစားအသောက်အခက်ခဲဖြစ်နေကြောင်းစစ်ရှောင်ကူညီသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့နယ်၊နားဘောင်ဈေးတွင်စစ်ရှောင် ဦးရေ (၆၀) ဝန်းကျင်ရှိပြီး စားနပ်ရိက္ခာအကူညီများလိုအပ်နေကြောင်းသိရသည်။ “ဒီထဲမှာကျောင်းနေအရွယ်ခလေးအယောက်၂၀ ကျော်ပါတယ်၊ အဓိကလိုအပ်တာကဆန်နဲ့ဆီပါ”ဟုစစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။ သြဂုတ်လ(၈)ရက်နေ့တွင်လည်းနားဘောင်ရှိစစ်ဘေးရှောင်များအတွက်ဖြူစင်ပရဟိတအသင်းနှင့်လမ်းပြကြယ်လေးများပရဟိတအဖွဲ့တို့ကအဝတ် အထည်များလာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ #PPV0012 #နားဘောင်စျေး…