Category: သဘာဝပတ်ဝန်းကျင်/ခရီးသွား

တောင်ကြီးတွင် စက်သုံးဆီပန့်ဆိုင်များ ပိတ်ထားသောကြောင့် ကားသမားများအခက်တွေ့

ခမ်းသားငေါဝ်း ဇူလိုင် ၃၁၊ ၂၀၂၄ တောင်ကြီးမြို့တွင် စက်သုံးဆီပန့်ဆိုင်ကြီးများ ပိတ်ထားသောကြောင့် ကားသမားများအခက်အခဲ ဖြစ်နေကြောင်း ကားမောင်းသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဇူလိုင်လ ၃၁ ရက်နေ့တွင် စက်သုံးဆီပန့်ဆိုင်များပိတ်ထားသောကြောင့် ကားသမားများအခက်အခဲဖြစ်နေသည်။ ” ဒီမနက်…

နောင်ခွီးတံတား ရေတိုက်စားခြင်းကြောင့် တံတားပြိုကျပျက်စီးခြင်း ခရီးသွားများသွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း ဇူလိုင် ၂၅၊ ၂၀၂၄ မြဝတီမြို့သို့သွားသည့်လမ်း နောင်ခွီးတံတားအားရေတိုက်စားခြင်းကြောင့် ဒီနေ့ ဇူလိုင် (၂၅)ရက်နေ့တွင် ပြိုကျပျက်စီးသွားပြီး ခရီးသွားများ သွားလာရန်အခက်ခဲရှိနေကြောင်း သိရသည်။ ကရင်ပြည်နယ် မြဝတီသို့သွားသည့်လမ်း နောင်ခွီးတံတားပျက်စီးသွားခြင်းကြောင့် ဘားအံ-ထီလုံ-သရက်တော-နဘူး-ထို့ကော်ကိုး-မြဝတီသို့သွားလာနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။ “ရေကြီးနေတော့ တံတားလည်း…

လားရှိုးမြို့မှ တောင်ကြီး ယာဉ်စီးခ မြှင့်တက်လာသဖြင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြည်သူများအခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဇူလိူင် ၁၂၊ ၂၀၂၄ လားရှိုးမှ တောင်ကြီးသို့ ကားစီးလျှင် ယာဉ်စီးခဈေးအဆမတန်မြှင့်တက်လာသဖြင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယခုရက်ပိုင်း တိုက်ပွဲကြောင့် စက်သုံးဆီများဝယ်ယူရန်အခက်အခဲဖြစ်နေ ပြီး ကုန်ဈေးနှုန်းမြင့်တက်နေမှု​ ကြောင့် ကားခများအဆမတန်…

တိုက်ပွဲကြောင့် လားရှိုးလေဆိပ် ယာယီရပ်နားထားသည်ဟုဆို

ခမ်းသားငေါဝ်း ဇူလိုင် ၄ ၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် လားရှိုးလေဆိပ်ကို ယာယီရပ်နားထားကြောင်း စုံးစမ်းသိရှိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုရက်ပိုင်း စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လာသည့်အတွက် လားရှိုးလေဆိပ်ကို ဇူလိုင်လ(၃)ရက်နေ့တွင် ယာယီရပ်နားထားသည်ဟု သိရသည်။ “အမှန်တော့…

ကျိုင်းတုံ – မိုင်းပျဥ်းတောင်လမ်းတွင် ကုန်တင်တွဲကားကြီးများရာနှင့်ချီပိတ်မိနေသေး

ခမ်းသားငေါဝ်း ဇွန် ၂၇ ၊ ၂၀၂၄ ကျိုင်းတုံ-မိုင်းပျဥ်းတောင်လမ်းတွင် ဇွန်လပိုင်းမှစပြီးမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပျက်စီးပြီး ကုန်တင်တွဲကားကြီးများရာနှင့်ချီ ပိတ်မိနေသေးကြောင်း ခရီးသွားကားမောင်းသမားထံမှ သိရသည်။ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ – မိုင်းပျဥ်းသွားလမ်းတွင် ကားများပိတ်ဆို့ပြီးနောက်အတက်အဆင်းကိုအချိန် ၂ နာရီတစ်ကြိမ်ဖြင့်ပြုလုပ်ပေးနေသော်လည်း ကုန်တင်တွဲကားကြီးများဆက်ပြီး…

မိုင်းပျဥ်းတောင်သွားလမ်းတွင် ကားများပိတ်ဆို့နေခြင်းကြောင့် သွားလာရန်အခက်အခဲကြုံနေရ

ခမ်းသားငေါဝ်း ဇွန် ၂၅၊ ၂၀၂၄ မိုင်းပျဥ်းတောင်လမ်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးပြီး ကားများပိိတ်နေခြင်းကြောင့် သွားရလာရခက်ခဲနေကြောင်း ခရီးသွားကားမောင်းသမားထံမှ ဇွန် ၂၅ ရက်တွင် သိရသည်။ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဥ်းတောင်သွားသည့်လမ်းတွင် မိုးစရွာပြီးကတည်းလမ်းများ ပျက်စီးပြီး၊လမ်းဘေးနံရံတွေပါပြိုကျသည့်အပြင် တချို့ကားမောင်းသမားရဲ့ တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့်လုယက်ပြီးမောင်းနကြသဖြင့်…

တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးသည် လမ်းကျဥ်းပြီး မိုးတွင်းပြုပြင်ခြင်းကြောင့် ကားများပိတ်မိ

ခမ်းသားငေါဝ်း ဇွန် ၁၁၊ ၂၀၂၄ ယခုရက်ပိုင်းအတွင်း မိုးရွာပြီး လမ်းပိုင်းတချို့ပျက်စီးခြင်းကို ပြင်နေသည့်အတွက်ကြောင့် တောင်ကြီး-လွိုင်လင်သွားရာလမ်းတွင် ကားတန်းများစွာပိတ်မိနေပြီး ခရီးသွားနှင့် ကားသမားများအခက် အခဲကြုံတွေ့နေကြရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-လွိုင်လင်ပြည်ထောင်စုလမ်းမကြီးသည်ကျဉ်းမြောင်းသလို အကွေ့အကောက်များပြီး ပျက်စီးသည့်လမ်းအားပြင်နေသည့်အတွက် ကားတန်းများပိတ်မိနေကြောင်းသိရသည်။ “…

ပင်လောင်း-ပေါင်းလောင်း-နေပြည်တော် ပြည်ထောင်စုလမ်းမကြီး စစ်ကောင်စီပြန်ဖွင့်

ခမ်းသားငေါဝ်း မေ ၂၀၊ ၂၀၂၄ ပင်လောင်း-ပေါင်းလောင်း-နေပြည်တော်ပြည်ထောင်စု လမ်းမကြီးသည် စစ်ကောင်စီ ပြန်လည် ဖွင့် ပြီဖြစ်ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်း ပင်လောင်း-ပေါင်းလောင်း-နေပြည်တော်လမ်းမကြီးအား မေလ၂ ရက်နေ့တွင် စစ်ကောင်စီက စတင်ပိတ်ထားခဲ့ပြီး နှစ်ပတ်ကြာပြီးနောက် မေလ…

ပင်လောင်း-နေပြည်တော် ပြည်ထောင်စုလမ်းမကြီးအား စစ်ကောင်စီက ပိတ်ထားသဖြင့် ဒေသခံများ အခက်ခဲဖြစ်

ခမ်းသားငေါဝ်း မေ ၉ ၊ ၂၀၂၄ ပင်လောင်း နေပြည်တော် ပြည်ထောင်စုလမ်းမကြီးအား စစ်ကောင်စီက ပိတ်ထားသည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်သောကြောင့် ဒေသခံများ အခက်ခဲဖြစ်နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ ကစပြီး နေပြည်တော်မြို့အထိ ပြည်ထောင်စုလမ်းမကြီးကို မေလ၂…

အချိန်အခါမဟုတ် မိုးထင်ချုန်းရွာသွန်းနိုင်သည့်အတွက် ပြည်သူများသတိပြုရန် မိုးဇလ သတိပေး

ခမ်းသားငေါဝ်း မေ ၁ ၊ ၂၀၂၄ အနောက်ဘက်မှ ရွှေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်လည်းကောင်း၊မေ လ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း မိုးရွာသွန်းနိုင်ပြီး ပြည်သူများကြိုတင်သတိပြုနိုင်ရန် စစ်ကောင်စီ မိုးလေဝသနှင့်…