Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လွယ်ဝိုးတုတ်ကျေးရွာ နေအိမ် ၈ လုံး မီးလောင်ပြာကျ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၅ ၊ ၂၀၂၄ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လွယ်ဝိုးတုတ်ကျေးရွာတွင် ပြည်သူနေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဖေဖော်ဝါရီ…

စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးလာကြဲမှုကြောင့် လွယ်ဝိုးတုတ်ရွာ နေအိမ်နှစ်လုံးမီးလောင်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ စစ်ကောင်စီကလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် လွယ်ဝိုးတုတ်ကျေးရွာတွင် အရပ်သားပြည်သူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာကို ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီတပ် လေယာဉ်ဖြင့်လာရောက်ဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ “အဲဖက်မှာ PNLAတပ်လည်းမရှိဘူး…

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဟုပြောဆိုပြီး ဟိုပုံးမြို့လုပ်ငန်းရှင်များထံ ငွေတောင်းခံမှုရှိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ဟိုပုံးမြို့တွင် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဟုဆိုပြီး မသမာသူက လုပ်ငန်းရှင်များထံ ငွေတောင်းခံမှုပြုလုပ် နေကြောင်း ဒေသခံများထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ဖေဖော်ဝါရီ (၂၂)ရက်နေ့မှစပြီး လူတစ်စုက ရှမ်းတိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့ ဟုဆိုပြီး…

မိုင်းပွန်တွင် ခြံမှပြန်လာသည့်ပြည်သူနှစ်ဦးထံ PNO အဖွဲ့ဝင်ကဒ်တွေ့ရှိ၍ SSPP တပ်ကပစ်သတ်လိုက်ကြောင်းသိရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ မိုင်းပွန်မြို့နယ် ပွန်ချောင်းအပေါ်ဘက် ၁၂ မိုင်ခန့်အကွာတွင် ခြံမှပြန်လာသည့်ပြည်သူနှစ်ဦးထံ PNO ပြည်သူစစ်အဖွဲ့ဝင်ကဒ်တွေ့ရှိသည်ဟုဆိုကာ SSPP/SSA တပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပွန်မြို့နယ် လေမော်ရွာအရှေ့ဘက် ပွန်ချောင်းအပေါ်ဘက်…

စစ်ကောင်စီက လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်ခြင်းကြောင့်နန်းတုတ်ကျေးရွာတွင် နေအိမ်ထိခိုက်မှုရှိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် နန်းတုတ်ကျေးရွာတွင် လူနေအိမ်ထိခိုက်မှုရှိနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအတွင်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ည ၈ နာရီကျော်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက…

စစ်ကောင်စီတပ်က ကျေးရွာတွင်းတပ်စွဲထားပြီး စစ်ရှောင်သည့်ရွာသားများ နေအိမ်ဖောက်ထွင်းခံရမည်ကိုစိုးရိမ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ဟိုပုံမြို့နယ် အရှေ့ဘက်ခြမ်း မိုင်းပွန်အနီးကျေးရွာများတွင် ကျေးရွာတွင်းစစ်ကောင်စီ တပ်စွဲနေရာယူထားပြီး စစ်ရှောင်နေသည့် ရွာသားများ နေအိမ်ဖောက်ထွင်းခံရမည်ကိုစိုးရိမ်နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အရှေ့ဘက်ခြမ်း မိုင်းပွန်အနီးတွင် PNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး…

ရှမ်းတောင် တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၃၃ ဦးထိရှိလာ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၃၃ ဦးရှိပြီး၊ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၉ သောင်းကျော်ထိ ရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်ဒေသတွင်…

ဆီဆိုင်တွင် ဦးခေါင်းဒဏ်ရာရ ကလေးအပါအဝင် ၂ ဦးပိတ်မိနေဆဲ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊၂၀၂၄ ဦးခေါင်းဒဏ်ရာရထားသည့်ကလေးအပါဝင် အရပ် သား၂ ဦးနှင့် ပြည်သူအချို့ ဆီဆိုင်မြို့သီရိရပ်ကွက် တွင် ပိတ်မိနေသေးကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ထိုဒဏ်ရာရထားသူသည်စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲမှု နှင့် ကြုံပြီး ဒဏ်ရာရကြသူဖြစ်ကြောင်း ယနေ့အထိသွားကယ်ထုတ်ရန် အခက်ခဲရှိနေသေး ကြောင်းသိရသည်။ “ကလေးက…

နမ့်ဘော်ခမ်းရွာထဲ စစ်ကောင်စီလက်နက်ကြီးကျသဖြင့်အရပ်သား နေအိမ်သုံးလုံးပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄ လွိုင်လင်မြို့နယ်၊နားယမ်အုပ်စု နမ့်ဘော်ခမ်းရွာတွင်စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ခတ်လာပြီး ရွာထဲ ကျသဖြင့် အရပ်သားနေအိမ်သုံးလုံး ပျက်စီးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံး-မိုင်းပွန် လမ်းပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ်PNLAတို့ တိုက်ပွဲ ပွားပြီးနောက် တိုက်ပွဲမဖြစ်ပွားသည့်ကျေးရွာတွင် စစ်ကောင်စီက လက်နက်ကြီးအကြောင်းမဲ့…

လွိုင်ကော်မြို့ပေါ်ရပ်ကွက်ကို စစ်ကောင်စီကမီးလောင်ဗုံးကြဲပြီး နေအိမ်များမီးလောင်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၂၊၂၀၂၄ လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်အတွင်းကို စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ရာ ရပ်ကွက်အတွင်း လူနေအိမ်မီးလောင်ပျက်စီးခဲ့ရကြောင်းKNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်၌တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က…