ကလောတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးငွေကောက်ခံနေသည့်အတွက် အခက်ခဲဖြစ်ဟုဆို
ခမ်းသားငေါဝ်း မတ် ၂၈၊၂၀၂၄ ကလောမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံနေသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ကျေးရွာတချို့တွင် မတ်လ ၂၇ ရက်နေ့၌ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကအိမ်တိုင်ရာရောက် ငွေကြေးလိုက်လံကောက်နေသည့်အတွက်…