Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ပြည်သူများ စစ်ဘေးရှောင်နေသည့်ကြား PNO ပြည်သူ့ စစ် အတင်းခေါ်ယူခြင်းလည်းခံရ

ခမ်းသားငေါဝ်း မတ် ၃၊၂၀၂၄ ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုဒေသခံများ စစ်ဘေးရှောင်နေရသည့်ကြား တစ်အိမ်တစ်ယောက် ပြည်သူ့စစ် စစ်မှုထမ်းဆောင်ရန် PNOပြည်သူ့စစ်ကအတင်းခေါ်ယူနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်​မြို့ မြောက်ဘက် ပင်စုံကျေးရွာအုပ်စုအတွင်း ဝါးခြာ၊ နမ်းသြ၊ ပင်တီ စသည့်ကျေးရွာများရှိ…

ကျောက်တလုံးဒေသခံအချို့ နိုင်ငံခြားရောက်သော်လည်း ပြည်သူ့စစ် စစ်မှုထမ်းအစား လစဥ်ကြေးပေးဆောင်နေရ

ခမ်းသားငေါဝ်း မတ် ၃၊၂၀၂၄ နိုင်ငံရပ်ခြားသို့သွားရောက်အလုပ်လုပ်ကိုင်သည့် ကျောက်တလုံးဒေသခံအချို့ စစ်မှုထမ်းရန် အစားထိုးအနေဖြင့် လစဥ်ကြေးကိုသိန်းချီပေးဆောင်ခဲ့ရကြောင်းထိုင်းရောက်ဒေသခံတစ်ဦးကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တလုံးကြီးမြို့ဘက်ရှိ ကျေးရွာအုပ်စုများအတွင်း နေထိုင်သည့်ဒေသခံများသည် စစ်မှုထမ်းရန်လူကိုယ်တိုင်မရှိခြင်းကြောင့် ထိုစစ်မှုထမ်းအစား ပိုက်ဆံနှင့်အစားထိုးပြန်ပေးနေရကြောင်းဆိုသည်။ “မပေးလို့မရဘူးလေ ငါတို့ရွာကသိတဲ့အတိုင်း၊တစ်လကို ၃ သိန်းအဲ့လိုပေးရတယ်၊ အစက…

PNOပြည်သူ့စစ်က စစ်ဝတ်စုံနှင့် ဒရုန်းဝယ်ရန်အတွက် နောင်ကားကျေးရွာအုပ်စုအတွင်း တစ်အိမ်ငါးသောင်းကောက်နေ

ခမ်းသားငေါဝ်း မတ် ၂၊ ၂၀၂၄ နောင်ကားကျေးရွာအုပ်စုရှိ ကျေးရွာများတွင် PNO ပြည်သူ့စစ်က စစ်ဝတ်စုံနှင့် ဒရုန်းဝယ်ရန်အတွက်တစ်အိမ်လျှင်ငါးသောင်းကျပ် ကောက်ခံနေကြောင်း ဒေသခံများက ခမ်းသားငေါဝ်းသို့ ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုရှိ ရွာတိုင်းလိုလိုတွင် မတ်လ ၁…

ဆီဆိုင်မြို့တွင်း ပစ္စည်းပြန်ယူစဉ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရ

ခမ်းသားငေါဝ်း မတ် ၂၊ ၂၀၂၄ ဆီဆိုင်မြို့တွင်းသို့ ပစ္စည်းများ ပြန်ယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရနေကြောင်း မိသားစုဝင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်းသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြို့တွင်း ပစ္စည်း…

နန်းတုတ်ရွာကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ ၊ နေအိမ်သုံးလုံးပျက်စီး

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ နန်းတုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်သုံးလုံးပျက်စီး ခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ရွာတွင် ဖေဖော်ဝါရီ ၂၉ ရက် ည ၅…

စစ်ကောင်စီတပ်အတွင်း စစ်သင်တန်းသွာတက်သည့် ပင်လောင်းလူငယ်များ အိမ်ပြန်ခွင့်မရဟုဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ စစ်ကောင်စီတပ်အတွင်း စစ်သင်တန်းသွားတက်ခဲ့ရသည့် ပင်လောင်းဒေသလူငယ်များ စစ်သင်တန်းပြီးဆုံးသော်လည်း အိမ်ပြန်ခွင့်မရခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဖက်ရှိ ကျေးရွာများတွင် PNO ပြည်သူ့စစ်က လူစုဆောင်းပေးပြီး ရင်းမှီးရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်းတက်ခဲ့ရကြောင်းသိရသည်။…

စစ်ကောင်စီကလေယာဥ်ဖြင့်မီးလောင်ဗုံးကြဲချ၍ ပင်လျမ်းဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၄ တိုက်ပွဲ မဖြစ်ပွားဘဲ အကြောင်းမဲ့ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ပင်လျမ်းဘုန်းကြီးကျောင်းမီးလောင်ပျက်စီးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ပင်လျမ်းဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့နေ့လည် ၁၂း၀၀ နာရီခန့်တွင် မီးလောင်ဗုံးဖြင့်…

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်​ဖြင့်ဗုံးကြဲမှုကြောင့် နားခုဲင်းရွာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီး

ခမ်သားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်​ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားခုဲင်းရွာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခုဲင်းကျေးရွာတွင် ယနေ့မနက်ပိုင်း ၉ နာရီခွဲ အချိန်က…

မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသူမှတ်ပုံတင်ထားခဲ့ရခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်ထားခဲ့ပြီးမှ ဖြတ်သန်းသွားလာနေရသောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ယခုရက်ပိုင်းအတွင်း ဖြတ်သွားလာပါက မှတ်ပုံတင်ထားခဲ့ပြီးမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း…

စစ်ကောင်စီအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ အင်းလေးဒေသတွင် စစ်ကောင်စီကအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတစ်ခုနှင့် အရပ်သားနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အင်လေးဒေသ ဟိုပန်ကျေးရွာနှင့် တောင်ပို့ကွဲကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က…