Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

တောင်ကြီးမြို့တွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကြေးများတောင်းခံနေ

ခမ်းသားငေါဝ်း ဧပြီ ၅ ၊ ၂၀၂၄ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်က ငွေကြေးများတောင်းခံနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ဘုရားဖြူရပ်ကွက် နယ်မြေ(၂) တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အုပ်ချုပ်ရေးမူးအဖွဲ့က မဲမနိုက်ချင်သူများ၊ လူစားထိုးရန်အတွက်…

ပင်လောင်းတွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီက ဒေသခံများ၏ကားကိုချောဆွဲပြီး တိုက်ပွဲ ဖြစ်ပွားရာအထိ ခေါ်သွား

ခမ်းသားငေါဝ်း ဧပြီ ၅၊ ၂၀၂၄ ပင်လောင်းတွင် PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီမတို့သည် ဒေသခံများ၏ ကားကို ချောဆွဲပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအထိ ခေါ်သွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတို့က…

ထီရီးတောင်ဘက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဧပြီ ၅၊ ၂၀၂၄ ထီရီးတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားသောကြောင့် ‌ဒေသခံများ ထပ်မံထွက်​ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု ထီရီးတောင်ဘက်တွင် ဧပြီလ (၄) ရက်နေ့၌ စစ်ကောင်စီတပ်၊ လက်အောက်…

ဆတ်သေမြေမဲ​ဒေသတွင် RCSS/SSA ကဂိတ်ကဲ့သို့ဖွင့်ပြီး ဆက်ကြေးကောက်ခံနေ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ရပ်စောက်မြိုနယ် ဆတ်သေ၊ မြေမဲ(ချို့ထီ၊ ဟမ်းဖြေင်း)ကျေးရွာဘက်တွင် (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)RCSS/SSAက ရွာတွင် ဂိတ်ကဲ့သို့ဖွင့်လှစ်ပြီး ဆက်ကြေးများတောင်းခံနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေ၊ မြေမဲ (ချို့ထီ၊ ဟမ်းဖြေင်း)တွင်…

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့်လက်ပါးစေကြောင့် သေဆုံးသူ လေးထောင်ရှစ်ရာကျော်ထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ အာဏာသိမ်းဖြစ်စဥ် စတင်ချိန်ကစပြီး စစ်ကောင်စီနှင့် လက်ပါးစေကြောင့် သေဆုံးသူစုစုပေါင်းမှာ (၄၈၃၀) ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီ ၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲသတ်ဖြတ်ခံရသူ (၁၇၀၀)…

စစ်ကောင်စီလေယာဉ်နှင့် ဗုံးလာကြဲသဖြင့် ပင်ပုံဘုန်းကြီးကျောင်း ပျက်စီး

ခမ်းသားငေါဝ်း ဧပြီ ၃၊ ၂၀၂၄ စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် ပင်ပုံဘုန်ကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်ပုံကျေးရွာဘုန်ကြီးကျောင်းကို ဧပြီလ ၂ ရက်နေ့တွင် စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးခဲ့ရသည်။ “ခုတိုက်ပွဲ…

ဆီဆိုင်မြို့သည် စစ်ဇုန်ဖြစ်နေခြင်းကြောင့် ဝင်ရောက်ပါက လူသားဒိုင်းအဖြစ်ခံရနိုင်ဟု PNLA ပြောဆို

ခမ်းသားငေါဝ်း မတ် ၃၀ ၊ ၂၀၂၄ ယခုဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားသည့် အခြေ အနေဖြစ်ပြီး ပြည်သူများအနေဖြင့် ဝင်ရောက်ပါက စစ်ကောင်စီ၏လူသားဒိုင်းအဖြစ်အသုံးပြုခြင်းကို ခံရနိုင်ကြောင်း PNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့သည် တိုက်ပွဲဇုန်ဖြစ်နေပြီး စစ်ကောင်စီအနေဖြင့် ပြည်သူများအား…

တောတောင်ထဲ ဒုက္ခပေါင်းစုံအပြင် တိုက်လေယာဉ်၊ လက်နက်ကြီးရန်ကိုအမြဲကြောက်နေခဲ့ရတဲ့ စစ်ရှောင်ဘဝ

ခမ်းသားငေါဝ်း မတ်လ ၃၀၊ ၂၀၂၄ ရေးသားသူ- ခွန်ပေ “ကျွန်တော် ကြက်သွန်ဖြူ ရေဖြန်းနေချိန် လေယာဉ်လာတော့ အကာကွယ်ယူဖို့ သစ်ပင်ကြီးကြီးအောက်မှာ ပြေး ပုန်းခဲ့ပါတယ်။လေယာဉ်က ကျွန်တော်နဲ့ မလှမ်းမကမ်းမှာ ဗုံးကြဲချလိုက်တယ်။ မြေတောင်တုန်တယ်။ မီးတောက်ပွင့်လာတာကိုလည်း ကျွန်တော်သေသေချာချာမြင်နေရတယ်”လို့…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဗန်းမောက်ရွာ နေအိမ် ၃ လုံးထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း မတ် ၃၀၊ ၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗန်းမောက်ရွာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ဗန်းမောက်ရွာတွင် မတ်လ၂၆ ရက်နေ့က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်သဖြင့် အရပ်သားနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ရသည်။ “အဲနေ့က…

ညောင်ရွှေတွင် စစ်မှုထမ်းရန်မဲကျသူများကို ထောက်ပံ့ရန် စစ်မှုမထမ်းရသည့်အိမ်များထံ ငွေကြေးကောက်ခံနေ

ခမ်းသားငေါဝ်း မတ် ၂၉၊ ၂၀၂၄ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းရန်မဲကျသူများအတွက်ထောက်ပံ့ရန် စစ်မှုမထမ်းရသည့်အိမ်များထံ ငွေကြေးကောက်ခံနေကြောင်း JMC- Innlay အဖွဲ့ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးများနှင့် အပေါင်းအပါများက စစ်မှုထမ်းသူများအား…