Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

မဲနယ်တောင်‌ဒေသ အဝင်အထွက်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က တင်းကြပ်စွာစစ်ဆေးနေဟုဆို

ခမ်းသားငေါဝ်း မေ၉ ၊ ၂၀၂၄ မဲနယ်တောင်ဒေသရှိ အဝင်အထွက်များတွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က တင်းကြပ်စွာစစ်ဆေးနေကြောင်း ‌ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်တစ်ကြောရှိ အဝင်အထွက်အားလုံးတွင် လုံခြုံရေးအရဟုဆိုကာ ရွာထဲဝင်လာသည့် လူမှန်သမျှအား တင်းကြပ်စွာစစ်ဆေးနေပြီး…

ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် စစ်ဘေးရှောင်များထပ်မံရောက်လာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၈၊ ၂၀၂၄ ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် နေ့စဥ်နှင့်အမျှစစ်ဘေးရှောင်များထပ်မံရောက်လာနေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေကြောင်း ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်တောင်ကျောင်းကြီးတွင် စစ်ဘေးရှောင်များထပ်မံရောက်လာပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေသည်၊၊ “စစ်ဘေးရှောင်လာသူတွေထဲမှာ အိမ်ငှားနေသူအချို့ ရှိသလို အများစုမှာဘုန်းကြီးကျောင်းမှာနေကြပြီး စားနပ်ရိက္ခာနဲ့…

ခိုလှိုင်ကျေးရွာရှိလူငယ်၂၂ ဦးအား စစ်မှုထမ်းရန် စစ်ကောင်စီက ဆင့်ခေါ်စာပေးပို့

ခမ်းသားငေါဝ်း မေ ၈၏ ၂၀၂၄ ခိုလှိုင်ကျေးရွာတွင် အသက်ပြည့်ပြီး လူငယ် ၂၂ ဦးအား စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ဆင့်ခေါ်စာ ပေးပို့ကြောင်း မေလ ၈ ရက်နေ့တွင် ဒေသခံကပြောသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု…

စစ်ကောင်စီလက်နက်ကြီးကြောင့် လူနေအိမ်၊မူကြိုကျောင်းပျက်စီးပြီး ပြည်သူ ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မေ ၈ ၊ ၂၀၂၄ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး၊မူကြိုကျောင်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ…

ကရင်နီပြည်တွင် တိုက်ပွဲ​ဖြစ်ပွားသည့်တစ်လ​အတွင်း အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် ၁၅ ဦးသေဆုံး

ခမ်းသားငေါဝ်း မေ ၈၊၂၀၂၄ ကရင်နီ(ကယား)ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ဧပြီလတစ်လအတွင်း အမျိုးသမီးနှင့်ကလေးင၊ယ်အပါ အဝင် ၁၅ ဦးသေဆုံးခဲ့ရကြောင်း KNDF ဗဟို ၏ ထုတ်ပြန်ချက်အရသိသည်။ သေဆုံးရသည့် အရပ်သားပြည်သူတို့သည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်ကလေးငယ် ၅ ဦး…

ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းဆီးထားဟုဆို

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီကဖမ်းဆီးထားကြောင့် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဗွာရွာတွင်မေလ ၆ ရက်နေ့ကဒေသခံ…

ရှမ်းတောင်တိုက်ပွဲ ၃ လ‌ ကျော် အတွင်း အဆောက် အဦး ခြောက်ရာကျော်ပျက်စီး

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲသုံးလကျော်အတွင်းတွင် အဆောက်အအုံ ထိခိုက်ပျက်စီးမှုခြောက်ရာကျော်အထိရှိလာသည်ဟုပအိုဝ်းလူငယ်အစည်း အရုံး(PYO)က မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ မေလ ၄…

စစ်ကောင်စီလေယာဥ်နှင့် ဗုံးကြဲသဖြင့် လူနေအိမ်နှင့်ဘုန်းကြီးကျောင်းပျက်စီးပြီး ဘုန်းကြီ ၁ ပါးထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေ ၇ ၊ ၂၀၂၄ စစ်ကောင်စီက လေယာဥ်နှင့်ဗုံးကြဲသောကြောင့် လူနေအိမ် ၁၅ လုံးနှင့် ဘုန်းကြီးကျောင်း ၁ လုံးပျက်စီးသွားပြီး ဘုန်းကြီး ၁ ပါးထိခိုက်ဒါဏ်ရာရရှိသွားကြောင်း ကေအဲန်ယူ ဗဟိုက မေလ ၅…

အောင်ပန်းမြို့တွင် အမျိုးသားတစ်ဦးကျောက်တောင်ပေါ်မှ မတော်တဆပြုတ်ကျ သေဆုံး

ခမ်းသားငေါဝ်း မေ ၇၊ ၂၀၂၄ အောင်ပန်းမြို့အနီး၊ ကျောက်ဆင့်ကျေးရွာ၌ အသက် ၇၆ နှစ်အရွယ်အမျိုးသားတစ်ဦး နွားစာရှာရာမှ ကျောက်တောင်ပေါ်က မတော်တဆ ပြုတ်ကျပြီးသေဆုံးသွားကြောင်းအောင်ပန်းနာရေးကူညီမှုအသင်းထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်မှီကျေးရွာအုပ်စု ကျောက်ဆင့်ရွာနေအသက် ၇၆ နှစ်အရွယ် ဦးသန်းသည် မေလ…

ဇလဲ ကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်အမိန့်ဖြင့် စစ်ကောင်စီထဲ စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူမှုပြုလုပ်နေ

ခမ်းသားငေါဝ်း မေလ ၇၊ ၂၀၂၄ PNO ပြည်သူ့စစ် (ခမ်းဗွေ) ဖြားဆရာခေါင် အမိန့်ဖြင့် စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းရန် တောင်ကြီးမြောက်ဘက် ဇလဲကျေးရွာအုပ်စုအတွင်း တစ်ရွာ သုံးဦးအတင်းခေါ်ယူနေကြောင်း ဒေသခံများထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ဇလဲကျေးရွာအုပ်စုအတွင်း…

You missed