Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဒေသခံနေအိမ်များ ပြန်ဆောက်ရန်အခက်အခဲရှိဟုဆို

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဒေသခံနေအိမ်များသည် ပြန်ဆောက်နိုင်ရန်အခက်အခဲကြုံနေရသည်ဟု မေလ(၃၀)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ဒေသခံနေအိမ်များ လက်နက်ကြီး၊လေကြောင်း ဗုံးကြဲခံရမှုတို့ကြောင့် ပျက်စီးသွားခဲ့သည့် အိမ်များသည်…

မိုးအဆက်မပြတ်ရွာသဖြင့် စစ်ဘေးရှောင်များ နေထိုင်ရေးခက်ခဲနေပြီး မိုးကာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၃၀ ၊ ၂၀၂၄ မိုးအဆက်မပြက် ရွာသဖြင့် ဆောင်လန်တောင်၊ဆောင်လန်မြှောက်ကျေးရွာရှိ စစ်ဘေးရှောင်များ နေထိုင်ရေး ခက်ခဲနေပြီးမိုးကာအရေးပေါ်လိုအပ်နေကြကြောင်း စစ်ဘေးရှောင်ကူညီသူထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ ပင်လောင်းနယ်စပ်ရှိ ဆောင်လန် စစ်ရှောင်စခန်းတွင် မေလ၂၅ ရက်နေ့ကစပြီး…

စစ်ကောင်စီတပ်ထဲ မဝင်ချင်သည့်လူငယ်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း မေ ၃၀ ၊ ၂၀၂၄ ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီတပ်ထဲ မဝင်ချင်သည့်လူငယ်တစ်ဦး အဆိပ်သောက်ပြီး မိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကောင်ငွုန်ရွာအသက်၂၄ နှစ်အရွယ်လူငယ်တစ်ဦးသည် မေလ၂၈ ရက်နေ့က စစ်ကောင်စီတပ်ထဲမဝင်ချင်သဖြင့်…

ရခိုင်တွင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး အတိတ်ကကြုံခဲ့ဖူးသည့် အမှားများအား သင်ခန်းစာယူရန် ယာယီသမ္မတ ပြော

ခမ်းသားငေါဝ်း မေလ ၂၉၊ ၂၀၂၄ ရခိုင်တွင် နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုရရှိနေသည့် ရိုဟင်ဂျာအရေးနဲ့ပါတ်သက်ပြီး အတိတ်က ကြုံခဲ့ဖူးသည့် အမှားများအား သင်ခန်းစာယူကာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲရေးအပေါ်ရပ်တည်ကြရန် အမျိုး သားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်တွင်…

လုံးပျဉ်ရွာသားတစ်ဦး တောင်ယာသွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မေ ၂၉၊ ၂၀၂၄ လုံးပျဉ်ရွာသားတစ်ဦးတောင်ယာသွားစဥ် ဘောရန်ရွာအနီး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေလ၂၉ ရက်တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ရွာနေ ခွန်နန်းဦးသည် မေလ၂၅ ရက်နေ့တွင် တောင်ယာသွားစဉ် မိုင်းနင်မိပြီး…

ရွာသားများစစ်ဘေး တိမ်းရှောင်နေစဥ် အိမ်ဆောက်ရန်ရွာသားဝယ်စုသည့် အိမ်ဆောက်ပစ္စည်းများ စစ်ကောင်စီတပ်ခိုးယူ

ခမ်းသားငေါဝ်း မေ ၂၈ ၊ ၂၀၂၄ ကောင်ဝိန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသားများတိမ်းရှောင်နေရစဥ် ရွာအတွင်းရှိ အိမ်ဆောက်ရန်သစ်များကို စစ်ကောင်စီက ခိုးယူနေကြောင်း ဒေသခံထံသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု ကောင်ဝိန်တန်နှင့် ကောင်ဝိန်ပေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ နောင်ကျောဘုန်းကြီးကျောင်းရှိ သိမ်ကျောင်းပျက်စီး

ခမ်းသားငေါဝ်း မေ ၂၈ ၊ ၂၀၂၄ စစ်‌ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် နောင်ကျောဘုန်းကြီးကျောင်းရှိ သိမ်ကျောင်းထိမှန်ပျက်စီးခဲ့သည်ဟု မေလ(၂၈)ရက်နေ့က ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု နောင်ကျော‌ရွာဘုန်းကြီး ကျောင်း၌ မေလ(၂၇)ရက်နေ့နံနက်က စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် သိမ်ကျောင်းထိမှန်ပျက်စီးခဲ့သည်။ “ဗမာစစ်သားကလက်နက်ကြီး…

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားသည့် ၄ လကျော်အတွင်း အရပ်သားသေဆုံးသူ ၇၅ ဦးအထိရှိလာ

ခမ်းသားငေါဝ်း မေ ၂၈၊ ၂၀၂၄ ရှမ်းတောင် တိုက်ပွဲဖြစ်ပွားသည့် ၁၂၆ ရက်အတွင်းတွင် အရပ်သား ၇၅ ဦးသေဆုံးပြီး ၉၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က မေလ ၂၈ ရက်ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်း၊ဟိုပုံး၊ညောင်ရွှေ၊ဆီဆိုင်…

ပင်လောင်းတောင်ဖက် စစ်သင်တန်းပေးရာတွင်ကျောင်းသားများလည်းပါဝင်နေရ

ခမ်းသားငေါဝ်း မေ ၂၆၊ ၂၀၂၄ ပင်လောင်းတောင်ဖက်တွင် ကျောင်းသားများကိုလည်း စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊လိန်းညာကျေးအုပ်စုတွင် ဟိုပုံးကိုရင်လေးစစ်သားနှင့်PNO ပြည်သူ့စစ်တို့က ပူးပေါင်းပြီး စစ်သင်တန်းပေးရာတွင် ကျောင်းသားများကိုလည်း အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းနေသည်။ “အသက် ၁၈…

နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်တို့က ဖမ်းဆီး

ခမ်းသားငေါဝ်း မေလ ၂၅ ၊ ၂၀၂၄ နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်တို့ကပြန်ပေးဆွဲဖမ်းဆီးပြီး ယခုထိပြန်မလွတ်သေးကြောင်း PNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်သိမ်ကျေးရွာ ရပ်မိရပ်ဖ ဦးထက်နိုင်ကို PNO…

You missed