Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ပြည်သူများ စိုက်ပျိုးထားသည့် လယ်စပါးကို PNOနှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ရိတ်ယူ သယ်ဆောင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ ဟိုဝိုး၊ ဗန်းမောက်၊ ဆောင်လန်ရွာ ဖက်ရှိ ပြည်သူများ စိုက်ပျိုးထားသည့် လယ်စပါးကို PNOနှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက ရိတ်ချွေယူကြောင်း နိုဝင်ဘာ (၄)ရက်နေ့က သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ရှိ…

ဟိုဝိုး၊လွယ်ကျိုင်း၊လင်ခံကျေးရွာများကိုစစ်ကောင်စီ မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊ ၂၀၂၄ ပင်လောင်းမြို့နယ် ဟိုဝိုး၊ လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို စစ်ကောင်စီနှင့် PNO ​ပြည်သူ့စစ် တို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဟိုဝိုး၊ လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို စစ်ကောင်စီနှင့်…

စစ်ကောင်စီ၏ လေကြောင်းရန်စိုးရိမ်ခြင်းကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စာသင်ကျောင်းများ ခွဲဖွင့်ထားရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊ ၂၀၂၄ ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်း ရန်ကို စိုးရိမ်နေရသောကြောင့် စာသင်ကျောင်းများကို ခွဲပြီးဖွင့်ထားရကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်း-ကရင်နီ( ကယား) နယ်စပ် ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကောင်စီက ပြည်သူများကို ပစ်မှတ်ထား…

သစ်ပင်ကောက်ရွာရောက် စစ်ဘေးရှောင်များအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က နေခွင့်မပေးပဲမောင်းထုတ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊ ၂၀၂၄ ပင်လောင်းမြို့နယ်တောင်ဘက်၊ သစ်ပင်ကောက်ရွာရောက်စစ်ဘေးရှောင်များအား စစ်ကောင်စီနှင့် PNOပြည်သူ့စစ်ကနေခွင့်မပေးပဲ မောင်းထုတ်နေကြောင်း အောက်တိုဘာလ(၃၁)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အစပ်တွင်ရှိသည့် သစ်ပင်ကောက်ရွာတွင် (၂၀၂၃)ခုနှစ်၌ (၁၁၁၁)စစ်ဆင်ရေးနှင့် ရှမ်းကယားနယ်စပ်တိုက်ပွဲများကြောင့် ကရင်နီပြည်ဘက်မှ စစ်ဘေးရှောင်ပြည်သူအများအပြားရောက်ရှိလာပြီး…

ဗန်းမောက်ရွာမှာ ဒေသခံတွေပိတ်မိနေပြီး ကယ်ထုတ်ပေးမယ့် အကူအညီအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၀၊ ၂၀၂၄ ပင်‌လောင်းမြို့နယ် ဗန်းမောက်ကျေးရွာမှာ PNO၊ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ ဗန်းမောက်ကျေးရွာ ပြည်သူတွေ ထွက်မရဘဲ အရေးပေါ်ကယ်ထုတ်မယ့်သူတွေရဲ့ အကူအညီလိုအပ်နေတယ်လို့ ယနေ့ မှာ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို…

ကုန်စျေးနှုန်း နှစ်ဆမြင့်တက်သည့်ကြား စစ်ကောင်စီ တပ်ကိုတစ်ရက်သုံးနှပ် ထမင်းထုပ်ပို့နေရ၍ ပြည်သူအခက်ခဲရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ဆီဆိုင်မြို့တွင် သီတင်းကျွတ်အပြီးကုန်စျေးနှုန်း နှစ်ဆမြင့်တက်သည့်ကြား စစ်ကောင်စီတပ်ကိုတစ်ရက်သုံးနှပ် ထမင်းထုပ်ပို့နေရ၍ ပြည်သူများအခက်ခဲကြုံတွေ့နေရရြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ စစ်ကောင်စီ တပ်စွဲထားသည့် လွယ်တဖြွီးတောင်တွင် ယခင်ကတစ်ရက်ကိုထမင်းထုပ် တနပ်စာသာပို့ခဲ့ရသော်လည်း ယခုတစ်ရက်သုံးကြိမ်ပို့ဆောင်ပေးနေရကြောင်းသိရသည်။ “စစ်ပွဲပြီးကတည်းက အဆင်ပြေအောင်မနည်းလုပ်ရတာ၊အခုလိုသူတို့အတွက်ပါထပ်ပို့ရတော့ပိုဆိုးတာပေါ့၊အခုဆိုကုန်ဈေးနူန်းအများကြီးထိုးတက်လာတော့ဘယ်လို၀ယ်ရမှန်းတောင်မသိဘူး”ဟု…

နောင်ပီရွာရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်စစ်ဆေးရေးဂိတ်က စားနပ်ရိက္ခာများသယ်ခွင့်မပြု

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ပင်လောင်းမြို့နယ် နောင်ပီရွာရှိ စစ်‌ကောင်စီနှင့် PNO ပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည် ‌ဒေသခံများအား စားနပ်ရိက္ခာများသယ်ယူခွင့်မပြုကြောင်း အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာရှိ စစ်ကောင်စီနှင့် PNOပြည်သူ့စစ် စစ်ဆေးရေးဂိတ်သည်…

ဆီဆိုင်မြို့ရပ်ကွက်များအတွင်း ပြည်သူထံဝေပေးရမည့်ဆန်အား ရပ်ကွက်လူကြီးများရောင်းစားခြင်းရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇ ၊ ၂၀၂၄ ဆီဆိုင်မြို့တစ်ချို့ရပ်ကွက်များအတွင်း စစ်ဘေးဒုက္ခရောက်သူများအတွက် စစ်ကောင်စီမှထောက်ပံ့လာသည့် ဆန်များအား ရပ်ကွက်လူကြီးများမှ ရောင်းစားခြင်းရှိနေကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တချို့ရပ်ကွက်များတွင် စစ်ကောင်စီမှလာရောက်ဗုံးကြဲပြီး ဒုက္ခရောက်နေသည့် ပြည်သူများအား ဆန်ပြည်လှည်ထောက်ပံ့လျှက်ရှိရာ ရပ်ကွက်လူကြီးအဖွဲ့များက အပြည့်မပေးပဲရောင်းစားခြင်းရှိနေသည်၊၊…

အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီဖမ်းဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊ ၂၀၂၄ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီး အမှုဖွင့်ထားကြောင်း စစ်ကောင်စီက အောက်တိုဘာ (၂၄)ရက်မှာ ထုတ်ပြန်ထားသည်။ ဒေါက်တာ နေစိုးမောင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်…

ရှမ်းတောင်မှာ ရွာအတွင်းစစ်ဘေးရှောင်တွေ ပိတ်မိနေပြီး ထွက်လို့ မရသေး

ခမ်းသားငေါဝ်း အောက်တိာဘာ ၂၄၊ ၂၀၂၄ ပင်လောင်းမြို့-ဖယ်ခုံနယ်စပ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး ဗန်းမောက် ကျေးရွာမှာ ရွာအတွင်းစစ်ရှောင်တွေ ပိတ်မိနေပြီး ထွက်လို့ မရသေးဘူးလို့ ဒေသခံထံက သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်‌လောင်းမြို့နယ် ဖယ်ခုံနယ်စပ်အနီး ဗန်းမောက်ကျေးရွာမှာ PNO၊ စစ်ကောင်စီနဲ့…

You missed