Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

SSPP ကစစ်သားစုဆောင်းမည်ဟု ပြောကြားချက်ကြောင့် တ​ခြားသို့အလုပ်လုပ်သည့်ကျေးသီး ဒေသခံများ နေရပ်မပြန်ရဲ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၂၊ ၂၀၂၄ SSPP/SSA တပ်ဖွဲ့မှ ရွာသားများကို နှစ်ကုန်ပြီး နှစ်သစ်ရောက်လျှင် တစ်အိမ် တစ်ယောက် မဖြစ်မနေ စစ်သားလုပ်ရမည်ဟု ပြောကြားချက်ကြောင့် အခြားဒေသသို့ အလုပ်သွားရောက်လုပ်ကိုင်သည့်ကျေးသီး ဒေသခံများ နေရပ်မပြန်ရဲကြကြောင်း နိုဝင်ဘာ(၂၂)ရက်တွင် စုံစမ်းသိရသည်။…

ဖယ်ခုံမြို့သည် လုံးလုံးမအေးချမ်းသေးသဖြင့် ပြန်နေလို့မရသေး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၂၊ ၂၀၂၄ ဖယ်ခုံမြို့ တွင်း လုံးလုံးမအေးချမ်းသေးသဖြင့် ပြန်နေ၍မရသေးကြောင်း မြို့တွင်းခန ပြန်လာသူ ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိတော့သည့်အပြင် မိုင်းရှင်းလင်းရေးများ ပြုလုပ်နေပြီဖြစ်သောကြောင့် ပြန်လည်နေထိုင်နိုင်ကြောင်း စစ်ကောင်စီဖက်မှ ပြောဆိုမှု ရှိနေသော်လည်း…

စစ်ရှောင်စခန်းဗုံးကြဲခံရပြီး နေရာထပ်မံပြောင်း‌ရွေ့နေရသဖြင့် စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်း အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ စစ်ရှောင်စခန်းဗုံးကြဲခံရပြီး စစ်ဘေးရှောင်များနေရာထပ်မံပြောင်း‌ရွေ့နေရသဖြင့် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများအတွက် အရေးပေါ်လိုအပ်နေကြောင်း နိုဝင်ဘာလ(၁၉)ရက်နေ့တွင် စစ်ဘေးရှောင်အ‌ရေးကူညီပေးသူထံမှ သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်များ…

နောင်ချို အင်းဝိုင်းသကြားစက်ရုံကို စစ်ကောင်စီ လေကြောင်း ဗုံးကျဲတိုက်ခိုက်၊ အမျိုးသား(၁)ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ ရှမ်းမြောက် TNLA ပူးပေါင်းတပ် ထိန်းချုပ်ထားသော နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံကို စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့်အမျိုးသား (၁)ဦး သေဆုံးသွားကြောင်း နိုဝင်ဘာလ(၁၉)ရက်တွင် သိရသည်။ စစ်ကောင်စီသည် နောင်ချိုမြို့ကို မကြာခဏ…

ဖယ်ခုံမြို့အနောက်ဘက် ဘန်ကောက်စစ်ရှောင်စခန်းဗုံးကြဲခံရမှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ ဖယ်ခုံမြို့အနောက်ဘက် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရသွားကြောင်း နိုဝင်ဘာလ(၁၉)ရက်နေ့တွင် မြေပြင်သတင်းရင်းမြစ်ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် လေယာဥ်နှစ်စီးဖြင့်…

ဖယ်ခုံမြို့အနောက်ဘက်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီလေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၈၊ ၂၀၂၄ ဖယ်ခုံမြို့အနောက်ဘက် လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းမြေပြင်သတင်းရင်းမြစ်ထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိတိုက်နယ် ကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို နိုဝင် ဘာလ ၁၈…

မိုင်းငေါ့မြို့တွင် စစ်ကောင်စီ ဂျက်ဖိုက်တာနှင့်ဗုံး လာရောက်ကြဲချသဖြင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၇၊ ၂၀၂၄ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း…

စစ်ကောင်စီတပ်က လေကြောင်းဖြင့် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်၍ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၄ စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းဖြင့် ပေါင် (၃၀၀) ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရကြောင်း နိုဝင်ဘာ (၁၄)ရက်က (TNLA) ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ (၁၃) ရက်နေ့ ည‌နေ…

မိုးဗြဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်သဖြင့် စပါးရိတ်ရန်ကျန်နေသောပြည်သူများအခက်တွေ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၄ မိုးဗြဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေသောကြောင့် စပါးရိတ်ရန်ကျန်ရှိနေသောပြည်သူများအခက်အခဲ ဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ကို စစ်ကောင်စီကလက်နက်ကြီးဖြင့်အဆက်မပြတ်ပစ်ခတ်နေပြီး ဝါရီဆူးပလိုင် နှင့် ဝါရီကောခူကျေးရွာများအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေသောကြောင့် စပါးရိတ်ရန်ကျန်ရှိနေသည့်ပြည်သူများ အခက်အခဲ…

စစ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်‌ပြေးဒုက္ခသည်(၆.၆) သန်းကျော်ထိရှိလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၄၊ ၂၀၂၄ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်‌ပြေး ဒုက္ခသည် စုစုပေါင်း (၆.၆) သန်းကျော်ထိရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ‌လေ့လာရေး အင်စတီကျု ISP-Myanmar (Institute for…

You missed