Category: နိုင်ငံရေး / တိုက်ပွဲ

နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသောနည်းလမ်းကို ရှာဖွေမည်ဟု NCA အဖွဲ့ ဆွေးနွေး

ခမ်းသားငေါဝ်း၊ မေလ ၁၉၊၂၀၂၃ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့သည် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသောနည်းလမ်းများ ရှာဖွေ‌သွားမည်ဟု NCA အဖွဲ့ဆွေးနွေးထုတ်ပြန်ထားသည်၊၊ အဆိုပါ နည်းလမ်းများ ရှာဖွေရာတွင်…

မြန်မာပြည်သူအတွက် Burma Act ကိုအကောင်အထည်ဖော်ဆောင်သွားမည်ဟု အနိုင်ရထိုင်းပါတီခေါင်းဆောင်ဆို

ခမ်းသားငေါဝ်း၊ မေလ ၁၇၊၂၀၂၃ မြန်မာနိုင်ငံပြည်သူအတွက် အမေရိကန်နိုင်ငံကဖော်ဆောင်ပေးသည့် Burma Act ကို အကောင်အထည် ဖော်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရပါတီခေါင်းဆောင်က ဆိုသည်၊၊ ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် Move Forward…

အကူညီပေးရန်ရောက်လာသည့်သံတမန်ယာဥ်တန်း တိုက်ခိုက်ခံရမှုအပေါ်ရှုတ်ချကြောင်း(PNFC)ထုတ်ပြန်

ခမ်းသားငေါဝ်း၊ မေ ၁၂ ၊ ၂၀၂၃ ရှမ်းတောင်ပိုင်း ပအိုဝ်းအမျိုးသားနယ်မြေဖြစ်သည့် ဆီဆိုင်မြို့နယ်အတွင်းစစ်ရှောင်များအကူညီပေးနိုင်ရန်ရောက်လာသည့် အာဆီယံသံတမန်ယာဥ်တန်းကိုပြီးခဲ့သည့်မေလ(၇)ရက်နေ့၌ ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC)မှပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်းမနေ့မေလ(၁၁)နေ့ကထုတ်ပြန်ခဲ့သည်။ အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန(AHA)စင်တာသည် ပအိုဝ်းအမျိုးသားနယ်မြေအတွင်းရှိစစ်ရှောင်များကိုလူချင်းတွေ့ကူညီပေးနိုင်ရန်ခရီးစဥ်တွင်ယာဥ်တန်းတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။ ၎င်းဖြစ်ရပ်ကိုမြင်တွေ့ခဲ့သည် ဒေသခံပအိုဝ်းပြည်သူများ၏ပြောဆိုချက် အရ ဒေသခံဌာနေအသွင်ပြောင်းပြည်သူ့စစ်များလုပ်ဆောင်ခဲ့ကြောင်းနှင့် ယင်း…

လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို ကူညီရန် NUGနှင့်EROsတို့မှ အာဆီယံကို တိုက်တွန်း

ခမ်းသားငေါဝ်း၊ မေလ ၁၁၊၂၀၂၃ မြန်မာနိုင်ငံပြည်သူအားလုံးကို လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအထောက်အပံ့များ ကူညီခွင့်ပြုပေးရန် အာဆီယံကို တိုင်ရင်းသားတော်လှန်ရေးအဖွဲ့များ EROs နှင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားပါသည်။ လက်ရှိအခြေအနေတွင် နိုင်ငံတစ်ဝှမ်း၌ ပြည်သူ…

နမ်းသြကျေးရွာအနီး အာဆီယံသံတမန်ယာဥ်တန်းတိုက်ခိုက်ရမှု PNLOအနေနှင့် လုပ်စရာအကြောင်းမရှိ ဟုဆို

ခမ်းသားငေါဝ်း၊ မေလ ၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နမ်းသြကျေးရွာအနီး ပြီးခဲ့သည့်မေလ(၇)ရက်နေ့တွင် အာဆီယံလူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ(AHA Center)၏ ယာဥ်တန်းပစ်ခတ်တိုက်ခိုက်ရမှုပတ်သက်ပြီး PNLO အနေနှင့်ပြုလုပ်စရာအကြောင်းမရှိဟု PNLO တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အာဆီယံသံတမန်၏…

လူနေအိမ် ၁၀လုံးကျော်မီးရှို့ဖျက်ဆီးခံရ၊ ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း၊ မေလ ၉၊ ၂၀၂၃ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အကြားရှိ မျက်ခါးအင်းကျေးရွာတွင် နေအိမ် ၁၀ လုံးကျော်ကို စစ်ကောင်စီတပ်သားများက မီးရှိုဖျက်ဆီးရာ ထွက်ပြေးတိမ်းရှောင်နေရ သူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရှိရပါသည်။ မေလ ၇ ရက်နေ့က…

တက်ကြွလှုပ်ရှားလူငယ်များကို စစ်ကောင်စီက တော်လှန်ရေးတွင်မပါဝင်ရန် ခံဝန်လက်မှတ်ထိုးခိုင်မှုရှိနေ

ခမ်းသားငေါဝ်း၊ ဧပြီ ၃၀၊ ၂၀၂၃ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ကျေးရွာအချို့တွင် တက်ကြွလှုပ်ရှားသူများကို တော်လှန်ရေးတွင် မပါဝင်ရန် စစ်ကောင်စီက ခံဝန်လက်မှတ်ထိုးခိုင်းသည့် ဖိအားပေးမှုများရှိနေကြောင်း ဧပြီလ ၃၀ရက်နေ့က သိရှိရသည်။ လက်ရှိအခြေအနေအရ စစ်ကောင်စီလက်အောက် မြို့နယ်ရဲစခန်းတွင် ခံဝန်ထိုးရသူများ…

ပင်လောင်းမြို့အဝင်ဂိတ်တွင် စစ်ကောင်စီက အတင်းအဓမ္မငွေတောင်းနေ ဟုဆို

ခမ်းသားငေါဝ်း၊ ဧပြီလ ၂၇ ၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ဝင်ဂိတ်တွင် စစ်ကောင်စီက အတင်းအဓမ္မ ငွေတောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လောင်းမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် စစ်ဆေးမေးမြန်းခြင်း ၊ငွေအတင်းအဓ္ဓမတောင်းခံခြင်းပြုလုပ်နေကြောင်း သိရသည်။ “တစ်ချို့က မြို့ဝင်ကြေးပဲပေးရတာ အခုကမြို့ဝင်ကြေးတောင်းတာထက်ပိုတယ် အသွားလည်း‌…

ပင်လောင်း နှစ်လကျော်တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း သုံးလုံးထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း၊ ဧပြီ ၂၃၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ ဖေဖော်ဝါရီလ ၂၄ရက်က စပြီး ဖြစ်ပွားခဲ့သောတိုက်ပွဲသည် ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စ်ဖက် လက်နက်ကြီးအပြင် လေကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ‌ ဒေသတွင်းရှိ ဘာသာရေး…

ကန့်ဘလူ ပဇီကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ရာ ပြည်သူများစွာသေဆုံး

ခမ်းသားငေါဝ်း၊ ဧပြီ ၁၁၊ ၂၀၂၃ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဥ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများစွာ သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUGမှ ဧပြီ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက်…