တိုက်ပွဲအတွင်းကျဆုံး အာဇာနည်ရဲဘော်များကို “သိန္နီတိုက်ပွဲအာဇာနည်”များအဖြစ် PLA ဂုဏ်ပြု
ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၆၊၂၀၂၄ နောက်ဆုံးထွက်သက်ထိ တိုက်ပွဲဝင်သွားသည့် ရဲဘော်တို့၏စိတ်ဓာတ်ကို လက်စွဲကိုင်ကာ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွဲသွားမည်ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က သံဓိဋ္ဌာန်ပြုထားသည်။ ရှမ်းမြောက်၊ သိန္နီမြို့သိမ်းတိုက်ပွဲတွင် နောက်ဆုံးထွက်သက်ထိ ရဲရင့်စွာတိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘောတို့၏စံပြအာဇာနည်စိတ်ဓာတ်ကို ဆက်လက်ဆွဲကိုင်ကာ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်…