Category: စီးပွားရေး/စိုက်ပျိုးရေး

PNA ပြည်သူ့စစ်က ပြောင်းများ ပေးမစိုက်သဖြင့် ဒေသခံတောင်သူများ ဝင်ငွေနည်းပါးရ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၆၊၂၀၂၃ ဆောင်းပြောင်းဒေသ လမ်းမကြီး‌ဘေးနှင့် PNA စခန်းအနီးတွင် ပြောင်းများကို ပေးမစိုက်သဖြင့်‌ တောင်သူများဝင်ငွေနည်းပါးလာရသည်‌‌ဟု ပြောင်းစိုက်‌တောင်သူတစ်‌ဦးက ပြောသည် ။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီး နန်းနိမ့်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး‌နောက်ပိုင်း PNA ပြည်သူ့စစ်အဖွဲ့က ဩဂုတ်လတွင်‌…

ဈေးကွက်တွင် ဂျင်းဈေးကောင်းရသလောက် စိုက်ပျိုး‌တောင်သူများထံတွင် ဈေးကောင်းမရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၅၊၂၀၂၃ ယခုနှစ်တွင် နိုင်ငံခြားသို့ ဂျင်းတင်ပို့မှုအားကောင်းသဖြင့် ဈေးကွက်အတွင်း ဂျင်းဝယ်လိုအားကောင်း ပြီး ဂျင်းဈေးကောင်းရရှိနေကြောင်း ဂျင်းဝယ်ရောင်းသူတစ်ဦးထံမှ သိရသည်။ ဈေးကွက်အတွင်း ဂျင်းဈေးကောင်းရရှိသ‌လောက် စိုက်ပျိုးတောင်သူများထံတွင် ဈေးကောင်းမရရှိ‌နေကြောင်း စက်တင်ဘာလ ၅ ရက်နေ့တွင် သိရသည်။…

ဈေးကွက်အတွင်း တရုတ်အာလူးအဝင်များသဖြင့် ဒေသထွက်အာလူးစျေးကျပြီး တွက်ချေမကိုက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း နောင်တရားမြို့နယ်ရှိအာလူးစိုက်တောင်သူများသည် လတ်တလော ဒေသထွက်အာလူးစျေးကျနေသဖြင့် တွက်ချေမကိုက်ပဲ အရှုံးပေါ်နေကြောင်း စက်တင်ဘာလ ၂ရက်နေ့တွင် အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။ စျေးကွက်အတွင်း တရုတ်အာလူးအဝင်များသဖြင့် ဒေသထွက်အာလူးများ ဈေးကျပြီး ဒေသတွင်း အာလူးစိုက်ပျိုးတောင်သူများ၏ အာလူးဈေးကွက်…

ယခုနှစ်ပြောင်းသီးနှံ စျေးကောင်းရရှိသော်လည်း သွင်းအားစုစျေးမြင့်မားမှုကြောင့်တွက်ခြေမကိုက်သေး

ခမ်းသားငေါဝ်း သြဂုတ် ၂၈၊ ၂၀၂၃ ယခုနှစ်ရာသီထွက် ပြောင်းသီးနှံများ စျေးကောင်းရသော်လည်း သွင်းအားစုစျေး​မြင့်မားသောကြောင့် ပြောင်းစိုက်ပျိုးတောင်သူများ တွက်ခြေမကိုက်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့တွင် သိရသည်။ ထို့အပြင်ဒေသတွင်း စစ်ရေးအခြေအနေကြောင့် ပြောင်း စိုက်ပျိုးမှုနည်းပါးလာပြီး ပြောင်းစိုက်ပျိုးသူ ၃…

ကရင်နီပြည် မော်ချီဒေသတွင် ဆန်တစ်အိတ် ၄ သိန်းကျပ်၊ ကြက်ဥတစ်လုံး တစ်ထောင်ကျပ် ဖြင့်ပေးဝယ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ကယား(ကရင်နီ)ပြည် နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်မှုနှင့် ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံများသည် စားသုံးကုန်များကို မြင့်မားသည့်‌ဈေးနှုန်းဖြင့် ပေးဝယ်နေရကြောင်း သိရသည်။ တဖက်တွင်လည်း စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာ ပို့လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်း၊ စစ်ဆေးတင်းကြပ်ခြင်းများကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း…

အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ဝန်ထမ်းများအခက်ခဲကြုံတွေ့လာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ရုံးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ အခက်အခဲကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်၊၊ လက်ရှိအချိန်တွင် ရှမ်းဆန် တစ်ပြည်လျှင် ၄၅၀၀/၅၀၀၀ ကျပ် အထိစျေးတက်နေပြီး စားအုန်းဆီတစ်ပိဿာလျှင် တစ်သောင်းကျော်ရှိနေကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးထံမှ…

ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာမှုကြောင့် ပြည်သူများအခက်ခဲမျိုးစုံကြုံတွေ့လာ

ခမ်သားငေါင်း ဩဂုတ် ၁၈၊ ၂၀၂၃ ကျပ်နှစ်သောင်းတန်ထုတ်ပြီးနောက် မြန်မာနိုင်ငံ တွင် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာပြီး ပြည်သူများစားဝတ်နေရေးအခက်ခဲမျိုးစုံကြုံတွေ့လာရကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင်အလုပ်သွားလုပ်ပြီရသည့်လုပ်အားခနှင့် ​မြန်မာနိုင်ငံရှိ မိသားစုစားဝတ်နေရေး ဖြေရှင်းရာတွင် ဖူလုံမှုမရှိတော့ပဲအခက်ကြုံနေကြရသည်။ “အရင်နှစ်တွေကသမီးငွေတစ်သိန်းလွဲလာရင်တစ်လစာ လုံလောက်တယ် ။ ဆန်ကတစ်အိတ်‌ ခြောက်သောင်းဆို…

စစ်တပ်အာဏာသိမ်းပြီးနောက် ယခုဩဂုတ်လအတွင်း ရွှေဈေး ၃၇ သိန်း‌ကျော်အထိမြှင့်တက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊၂၀၂၃ မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကာလ ယနေ့အထိ မြန်မာငွေကျပ်တန်ဖိုးကျဆင်း၍ ဒေါ်လာဈေး နှင့် ရွှေဈေးများ အဆမတန်မြှင့်တက်လာခဲ့ကြောင့် သိရသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၁၁…

ယခုနှစ် မျော့ကို တစ်ပိဿာ ရှစ်သောင်းကျပ် ဝယ်ယူလျက်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မျော့ကို စျေးကောင်းပေးကာဝယ်ယူနေကြောင်း မျော့ရှာဖွေရောင်းချသူထံမှ သိရှိရသည်၊၊ ပွဲစားများက မျော့တစ်ပိဿာလျှင် ငွေ ၈သောင်းကျပ် ဝန်းကျင်အထိ ပေးဝယ်နေကြောင်းသိရသည်၊၊ ယခုကာလတွင် မျော့ရောင်းချရန် စျေးကောင်းရရှိနေသော်လည်း လိုက်လံရှာဖွေရာတွင်…

နိုင်ငံခြားတင်ပို့မှုအားကောင်းသဖြင့် ဂျင်းစိုက်ပျိုးတောင်သူများ ယခုနှစ် ဂျင်းစျေးကောင်းရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ ယခုနှစ်နိုင်ငံခြားသို့ ဂျင်းတင်ပို့မှုအားကောင်းသဖြင့် ရှမ်းပြည်နယ်‌‌တောင်ပိုင်း ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများ ဂျင်းစျေးကောင်းရရှိနေကြောင်း ဩဂုတ်လ ၁၁ရက်နေ့တွင် သိရသည်။ ယခုလက်ရှိ ဈေးကွက်အတွင်း ဂျင်းပေါက်စျေးသည် ဂျင်းဥမအခက်ကြီး ၁ပိသာ (၇၀၀၀) ကျပ်အထိရရှိနေပြီး ဥမအခက်အလတ်…