Category: စီးပွားရေး/စိုက်ပျိုးရေး

စက်သုံးဆီ အခက်အခဲကြောင့်တောင်ကြီး- လွိုင်ကော် ယာဥ်လိုင်း ကားခစျေးတက်မည်ဟုဆို

ခမ်းသားငေါဝ်း သြဂုတ် ၁၇၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်တွင် စက်သုံးဆီရရှိမှု အခက်အခဲကြောင့်တောင်ကြီး-လွိုင်ကော် ပြေးဆွဲသည့် လိုင်းကားများကားခစျေးတက်မည်ဟု ယဥ်လိုင်းပြေးဆွဲသူ ကားသမားတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီရရှိမှုပိုမိုဆိုးရွားလာပြီး ဆီပြတ်လပ်မှု ကြောင့်ပြေးဆွဲနေသည့်လိုင်းကားအချို့ရပ်နားခဲ့ရသည်။ ” ဆီကတန်းစီရတာမလွယ်ဘူးလေ၊ ဆီမရတဲ့နေ့ဆိုလည်း မှောင်ခိုစျေးနဲ့ဝယ်ရတော့အရမ်းစျေးကြီးတယ်၊…

လောင်စာဆီ ပြတ်လပ်မှုကြောင့် တချို့ပြည်သူများ စျေးကြီးပေးပြီးမှောင်ခိုစျေးဖြင့်ဝယ်နေရ

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီပြတ်လပ်ပြီး စက်သုံးဆီ ရရှိခြင်း တည်ငြိမ်မှု မရှိသည့်အတွက် အချို့ပြည်သူများ မှောင်ခိုစျေးကွက်တွင်စျေးကြီးပေးဝယ်နေရကြောင်း ဩဂုတ်လ ၁၆ ရက်နေ့ တောင်ကြီးဒေသခံထံ သိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လောင်စာဆီပြတ်လပ်မှုက တစ်ရက်ထက်တစ်ရက်ပိုမိုဆိုးရွားလာပြီး…

ခရမ်းချဥ်သီး စျေးထပ်ကျသည့်အတွက်ကြောင့် ခရမ်းချဥ်စိုက်တောင်သူများ အခက်ခဲကြုံနေရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ပင်လောင်းဒေသတွင် ခရမ်းချဥ်သီးများ ယခင်ထက် စျေးပြန်ကျလာသည့်အတွက် ခရမ်းချဥ်စိုက်တောင်သူများ စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသထွက်ခရမ်းချဥ်သီးများသည် ဇူလိုင်လ လလယ်လောက်တွင် တစ်ပိဿာအများဆုံး ၂၅၀၀ ကျပ်အထိရရှိသော်လည်း ယခုတွင် ပွဲရုံအထိသွားရောင်းလျှင်…

တောင်ကြီးအထက ၁ ကျောင်းအနီး 38 ညဈေးတွင် ဖွင့်လှစ်ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီလက်အောက်စည်ပင်ကဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊ ၂၀၂၄ တောင်ကြီးမြို့ အထက (၁) ကျောင်းမြောက်ဘက် Nights 38 ညစျေးရှိ စျေးဆိုင်များအား ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဟုဩဂုတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံစည်ပင် မှထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊…

နားဘောင်စျေးရောက် စစ်ရှောင်များ စားဝတ်နေရေး အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ တောင်ကြီးမြို့နယ်၊နားဘောင်ဈေးရောက် စစ်ရှောင်များသည် အစားအသောက်အခက်ခဲဖြစ်နေကြောင်းစစ်ရှောင်ကူညီသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့နယ်၊နားဘောင်ဈေးတွင်စစ်ရှောင် ဦးရေ (၆၀) ဝန်းကျင်ရှိပြီး စားနပ်ရိက္ခာအကူညီများလိုအပ်နေကြောင်းသိရသည်။ “ဒီထဲမှာကျောင်းနေအရွယ်ခလေးအယောက်၂၀ ကျော်ပါတယ်၊ အဓိကလိုအပ်တာကဆန်နဲ့ဆီပါ”ဟုစစ်ရှောင်ကူညီသူတစ်ဦးကပြောသည်။ သြဂုတ်လ(၈)ရက်နေ့တွင်လည်းနားဘောင်ရှိစစ်ဘေးရှောင်များအတွက်ဖြူစင်ပရဟိတအသင်းနှင့်လမ်းပြကြယ်လေးများပရဟိတအဖွဲ့တို့ကအဝတ် အထည်များလာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ #PPV0012 #နားဘောင်စျေး…

စက်သုံးဆီ ပြတ်လပ်မှုကြောင့် စက်လှေသမားများ အခက်အခဲဖြစ်နေ

ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ အင်းလေးတွင် စက်သုံးဆီပြတ်လပ် နေခြင်းကြောင့် စက်လှေပြေးဆွဲနေသူများအခက်အခဲ ဖြစ်နေကြောင်းစက်လှေသမားထံ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်သုံးဆီစျေးမြင့်တက်နေပြီး အကန့်သတ်ဖြင့်သာ ရရှိနိုင်သောကြောင့် စက်လှေပြေးဆွဲသူများအခက်အခဲဖြစ်နေသည်။ ” စက်သုံးဆီတွေက စျေးအရမ်းတက်နေတယ်၊…

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိူးသီးနှံများပျက်စီးဆုံးရှုံးမှုရှိနေ

ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၄ ပင်လောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိူးသီးနှံများပျက်စီးဆုံးရှုံးမှုပြဿနာနှင့်ကြုံတွေ့နေရကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့တွင် ပြီးခဲ့သည့်သြဂုတ်လ ၁ ရက်နေ့ကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်မြေနိမ့်ပိုင်းဒေသရှိ စိုက်ပျိူးသီးနှံများရေလွမ်းမိုး၍ ပျက်စီးကုန်ကြောင်း သိရသည်။ “ဒီပင်လောင်းဖက်မှာဆိုရင်ပြောင်း၊ ငရုပ်သီး၊ ခရမ်းချဥ်သီး၊ အာလူး၊…

စစ်ကောင်စီက နေ့တစ်ပိုင်းသာခြံသွားခွင့်ပြုသောကြောင့် စိုက်ပျိုးရေးအတွက်အခက်အခဲကြုံနေရ

ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၄ စံကားဒေသတွင် စစ်ကောင်စီက ဒေသခံများကို နေ့တစ်ပိုင်းသာ ခြံသွားခွင့်ပြုထားသောကြောင့် အခက်အခဲကြုံတွေ့နေရသည်ဟု ဩဂုတ်လ(၆)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် စစ်ကောင်စီက ဒေသခံများအား နေ့တစ်ပိုင်းသာခြံသွားခွင့်ပြုထားသောကြောင့် ဒေသခံများကစိုက်ပျိုးရေးအတွက်…

လောင်စာဆီ ပြတ်လပ်မှုကြောင့် ယာဥ်လိုင်းပြေးဆွဲမှုရပ်နားပြီးမြို့ပေါ်အလုပ်လာလုပ်သူများအခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း သြဂုတ် ၂၊ ၂၀၂၄ တောင်ကြီးမြို့တွင် လောင်စာဆီ ပြတ်လပ်မှုကြောင့် ယာဥ်လိုင်းပြေးဆွဲမှုအချို့ရပ်နားပြီးတောင်ကြီးမြို့ပေါ်အလုပ်လာလုပ်သူများအခက်ခဲကြုံတွေ့ သြဂုတ် ၂ ရက်နေ့ကဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လောင်စာဆီ ပြတ်လပ်မှုသည် မြို့တွင်းပြေးဆွဲနေ သည့်ယာဥ်လိုင်းအချို့ရပ်နားရမှုကြောင့် ​အခြေခံ လူတန်းစားသွားလာခြင်း အခက်ခဲကြုံတွေ့ရကြောင်းသိရသည်။ “…

တောင်ကြီးမြို့တွင် ဂက်စ်စျေးမြင့်တက်သည့်အပြင် လုံလုံလောက်လောက် မရရှိ

ခမ်းသားငေါဝ်း သြဂုတ် ၂ ၊ ၂၀၂၄ တောင်ကြီးမြို့တွင် အိမ်သုံးဂက်စ်များ ဈေးမြင့်တက်သည့်အပြင် ပစ္စည်းများပြတ်လပ်နေ​ကြောင်းဂက်စ်ဘူးဝယ်ရောင်းဆိုင်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ တွင်ဇူလိုင်လနောက်ဆုံးပတ်အတွင်း အိမ်သုံးဂက်စ်များ စျေးမြင့်တက်လာသည့်အပြင် လိုအပ်သလောက်ဝယ်ယူ၍မရကြောင်းသိရသည်။ “ကျွန်တော်တို့ဆိုင်ကတစ်ခါယူရင်အဗူး ၃၀ ပဲယူတာ အဲတာတောင်ဒီတစ်ခေါက်မှာတာက…