Category: ကျန်းမာရေး

ဒီမောဆိုမြို့နယ်နှင့် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ဆေးဝါးများပြတ်လပ်နေသောကြောင့် ပြည်သူများအခက်တွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၄ ဒီမောဆိုမြို့နယ် နှင့် ဖယ်ခုံအနောက်ဖက်ခြမ်းတွင် ဆေးဝါးများပြတ်လပ်နေသောကြောင့် ပြည်သူများအခက်အခဲ ဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ကရင်နီ(ကယား)ပြည်နယ် ဒီမောဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဖက်ခြမ်းတို့တွင် အောက်တိုဘာလမှ စတင်ပြီး ဆေးဝါးပြတ်လပ်မှု နှင့်ကြုံတွေ့နေရကာ ပြည်သူများအခက်အခဲ ဖြစ်နေသည်။ ” ဆေးက ပြတ်သလောက်ဖြစ်နေပြီ၊ ရှာဝယ်ဖို့အရမ်းခက်သွားပြီ၊ ကျွန်တော့ အမေဆို သွေးတိုးရောဂါ ရှိတော့ သွေးကျဆေးဆိုအမြဲ…

အင်းလေးရေညစ်ညှမ်းမှုကြောင့် ဒေသခံများယားယံမှုဖြစ်ပြီး ဆေးဝါးများအကူအညီလိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၄ အင်းလေးကန် တောင်ကျရေများကြောင့် ရေများညစ်ညမ်းမှုဖြစ်နေပြီး အင်းရေကိုသာသုံးနေရသည့် ‌ဒေသခံများ အရေပြားယားယံမှုဖြစ်သောကြောင့် ဆေးဝါးများအကူအညီလိုအပ်နေကြောင်းအောက်တိုဘာလ(၁၅)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်တင်ဘာလဒုတိယပတ်တွင် ယာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ပြီး တောင်ကျရေများကြောင့်အင်းလေးကန်ရှိ ရေများညစ်ညမ်းသွားခဲ့ရသည်။ “ရေကတောသိတဲ့အတိုင်းပဲလေ အင်းလေးကန်ရေကအကုန်လုံးညစ်ပတ်သွားပြီဆိုတော့ သောက်သုံးရေတွေ ချက်ပြုတ်တဲ့ရေတွေကအဆင်မပြေတော့ဘူး၊ ချိုးရေလေးတစ်ခုပဲသုံးလို့ရတယ်ဆိုပေမဲ့ ယားယံခြင်းတွေကတော့ ဖြစ်တာပေါ့ အဓိကဖြစ်တာက ကုန်းမပေရေမပေရှိတဲ့ရွာတွေဘက်မှာ…

ဖယ်ခုံအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတွင် ဆေးဝါးများအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊ ၂၀၂၄ ဖယ်ခုံအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတွင် စစ်ရှောင်များ ဖျားနာနေကြ၍ ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် ရာသီတုပ်ကွေးအပြင်၊ အရေပြားရောဂါများ ဖြစ်ပွားနေကြောင်းသိရသည်။ ” ဒီမှာက တော်တော်ဖျားနေကြတယ်၊ ရာသီတုပ်ကွေးတွေဖြစ်ကြတယ်၊ ပြီးတော့ရေမသန့်လို့ထင်တယ်၊ အရေပြားယားယံတာတွေလည်းဖြစ်နေတယ်၊ ဆေးခန်းတွေ၊ သူနာပြု ဆရာမတွေတော့ ရှိတယ်၊ ဒါပေမယ့် ဆေးဝါးကမရှိတော့ဘာမှလုပ်လို့မရဘူး” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

ရေကြီးရေလျှံပြီးနောက် ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များ NUG ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊၂၀၂၄ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်သတိပေးထုတ်ပြန်ထားသည်၊၊ ဖြစ်ပွါးနိုင်သည့်ရောဂါများမှာ (ဥပမာ – တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါ) နှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (ဥပမာ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ) တို့ ဖြစ်ပွားနိုင်ခြေများနိုင်ပါသည်။ ရေနှင့်ပတ်သက်ပြီး – သောက်သုံးရေကို…

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြသနာအဖြစ် သတ်မှတ်ထားသည့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်ပြီး NUG အသိပေး

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၄ Mpox ကျောက်ရောဂါ လက္ခဏာများသည် ပုံမှန်အားဖြင့် ရောဂါပိုးနှင့် ထိတွေ့ပြီး တစ်ပတ်အတွင်း စတင်ပေါ်ပေါက်လေ့ရှိသော်လည်း ၁ ရက်မှ ၂၁ ရက်အကြာတွင်လည်း စတင်ပေါ်ပေါက်နိုင်သည့်အတွက် ရောဂါနှင့်ပတ်သက်ပြီး NUG ကအသိပေးထုတ်ပြန်ထားသည်။ Mpox ကျောက်ရောဂါလက္ခဏာများသည် အရေပြားနှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် အနီစက်၊ အနီကွက်များ၊ အရည်ကြည်ဖုများ၊ ပြည်ဖုများထွက်ခြင်း၊ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ကြွက်သားများ…

ဆီတန်းစီဝယ်ယူချိန် အသက် ၃၀ ကျော်အမျိုးသမီးများ မူးလဲမှုအဖြစ်များနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ တောင်ကြီးမြို့ပေါ် ရှိ ဆီဆိုင်များ၌ ဆီတန်းစီ ဝယ်ယူချိန် အသက် ၃၀ ကျော်အမျိုးသမီးများ အိပ်ရေးပျက်ဒဏ်နှင့် နေအပူချိန်ဒဏ်ကြောင့် မူးလဲမှုအဖြစ်များနေကြောင်းဩဂုတ်လ ၂၀ ရက်နေ့တွင်ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဆီဝယ်ယူမှုအတွက် နေတိုင်းလိုလိုဆီကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းကြောင့်အသက် ၃၀ ကျော် အမျိုးသမီး အများအစုသည် အိပ်ရေးပျက်ဒဏ်နှင့်…

ဖယ်ခုံအနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတွင်ကလေးအများစု ရာသီတုပ်ကွေး​ကြောင့်ဖျားနာနေကြ

ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ ဖယ်ခုံအနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းတွင် ကလေးများ ရာသီတုပ်ကွေးအဖြစ်များနေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိစစ်ရှောင်စခန်းတွင် ခြင်၊ယင်ပေါများသောရာသီဖြစ်နေသည့်အပြင် သန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်မှု မရှိခြင်းကြောင်း ကလေးများရာသီတုပ်ကွေး ဖြစ်ပွားနေသည်။ ” အဓိက ကလေးတွေဖျားတာများတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကူးကြတာ၊ ဒီမှာက ခြင်ကောင်တွေပေါတယ်၊ ပြီးရေကသိပ်မသန့်ဘူး၊ မိုးရေပဲအဓိကခံသုံးရတာ၊ ယင်လုံအိမ်သာတွေလည်း လုံလောက်မှုမရှိတဲ့ အခြေအနေတွေကြောင့် ရောဂါ…

စစ်ဘေးရှောင်သည့် သက်ကြီးပိုင်းအမျိုးသမီး အအေးပတ်ပြီး သေဆုံးသူ ၄ ဦးထိရှိလာ

ခမ်းသားငေါဝ်း ဩဂုတ် ၅၊ ၂၀၂၄ ပင်လောင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများအနက်သက်ကြီးပိုင်းအမျိူးသမီးများ အအေးပတ်၍သေဆုံးမှု ၄ ဦးထိရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့တွင် ယခုနှစ်မိုးရာသီ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ရာသီဥတုအေးခြင်းကြောင့် သုံးရက်အတွင်း အအေးပက်၍သေဆုံးသူ ၄ ဦးထိရှိသည်။ “အခုရက်ပိုင်း တစ်ချိူ့စစ်ရှောင်စခန်းဆိုရင် လူကြီး၊ ကလေးကလွဲရင်ကျန်တဲ့လူကတစ်ရက်ကိုထမင်း(၂)နပ်လျှော့စားကြတယ်ဆိုတဲ့ကိစ္စရပ်လဲပေါ်လာတယ် ၊ နောက်ပြီးတော့သေဆုံးသွားတဲ့အမျိူးသမီးတွေဟာ ပင်လောင်းတောင်ဘက်ကစစ်ရှောင်တွေပဲဖြစ်တယ်”ဟုပအိုဝ်းလူငယ်အစည်းအရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ဘေးရှောင်များသည် မိုးရာသီဖြစ်သည့်အတွက်…

ပင်လောင်းစစ်ဘေးရှောင်များ ဝမ်းပျက်၊ ဝမ်းလျှောဖြစ်သူများပြားနေ

ခမ်းသားငေါဝ်း ဇူလိုင် ၃၀၊ ၂၀၂၄ ပင်လောင်းမြို့နယ်ရှိစစ်ဘေးရှောင်များ ဝမ်းပျက်၊ဝမ်းလျှောဖြစ်သူများပြားနေကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ဘေးရှောင်များသည် ဇူလိူင်လအတွင်းတွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါခံစားနေရသူ များနေကြောင်း သိရသည်။ “ခုကာလက စစ်ရှောင်တွေ ဆေးရုံဆေးခန်း သွားနိုင်ဖို့ အရမ်းခက်ခဲကြတယ်။မသွားနိုင်ကြဘူး။ဝမ်းလျှောရောဂါခံစားနေရတဲ့သူတွေ သူတို့ဘာသာသူတို့ဘဲ ဆေးမှီးတိုနဲ့ ပြန်ကုသကြရတာများတယ်”ဟု စစ်ရှောင်အရေးကူညီပေး နေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ပင်လောင်းဖက်စစ်ရှောင်များသည် ဝမ်းလျှော၊ဝမ်းပျက်ရောဂါများအပြင် ရာသီတုပ်ကွေးကြောင့်…

ထီယွန်းရွာရောက်စစ်ဘေးရှောင်များ တုပ်ကွေးရောဂါဖြစ်ပွားသူများနေ

ခမ်းသားငေါဝ်း ဇူလိုင် ၃၀၊ ၂၀၂၄ ထီယွန်းရွာရောက် စစ်ရှောင်များ တုပ်ကွေးရောဂါဖြစ်ပွားသူများနေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ ဇူလိူင်လ ၃၀ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ထီယွန်းရွာရောက် စစ်ဘေးရှောင်များသည် ဇူလိူင်လအတွင်းတွင် ရာသီတုပ်ကွေးဖြစ်ပွားသူများနေသည်။ “ဘုန်ကြီးကျောင်းတွေ နေတဲ့နေရာတွေက စုပေါင်းနေကြရတော့ အဖျားတွေကူးစက်တာ။ ကျန်းမာရေးနဲ့ပက်သက်တာ နောင်တရားနဲ့ ပင်လောင်းကဆရာဝန် လာကြည့်ပေးတာရှိပေမယ့် ဖျားတဲ့သူများနေဆဲ”ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ဖျားနာသူများအတွက် ဆေးဝါးများလိုအပ်သည့်အပြင်…