Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

မိုင်းနင်းမိရ၍ ၆ ဦးဒဏ်ရာရသည့်ထဲမှ ခြေထောက်ဖြတ်ရသည့်အမျိုးသား ၁ ဦး သွေးထွက်လွန်ပြီးသေဆုံး

ခမ်းသားငေါဝ်း မတ် ၁၉၊၂၀၂၄ ကွတ်ခိုင်တွင် လမ်းပြုလုပ်ရင်း မိုင်းနင်းမိ၍ ၆ ဦးဒဏ်ရာရခဲ့ပြီး ခြေထောက်ဖြတ်ခဲ့သည့် အသက် ၅၃ အရွယ် ဦးစိုးဝင်းက သွေးထွက်လွန်ပြီး သေဆုံးရကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် တိုးဂိတ်အကျော်…

နောင်ကားကျေးရွာအုပ်စုအတွင်းတွင် PNOပြည်သူ့စစ်က အဆမတန်ဆက်ကြေးကောက်ခံနေခြင်းကြောင့် ဒေသခံအချို့မှာအခက်ခဲရှိနေ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ နောင်ကားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို စက်အမျိုးမျိုး ယာဥ်အမျိုးမျိုးရှိသည့်ပြည်သူများထံ PNO ကအဆမတန် သိန်းချီ ဆက်ကြေးကောက်နေသည့်အတွက် ဒေသခံအချို့ အခက်အခဲဖြစ်ရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့နယ်ခွဲ နောင်ကားကျေးရွာအုပ်စုအတွင်းရှိကျေးရွာကို PNO ပြည်သူ့စစ်က ယာဥ်များ…

နမ့်စန်တွင် စစ်မှုမထမ်းလိုသည့် တပ်မိသားစုသားသမီးများ ယာယီပုန်းရှောင်ခိုင်းထားဟုသိရ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ နမ့်စန်မြို့အတွင်းရှိ မြို့ခံပြည်သူများ စစ်မှုထမ်းရန် မဲနှိုက်မည့်အစီစဥ်ပြုလုပ်သည့်အတွက် တပ်မိသားစု၏ သားသမီးများ ထိုအစီစဥ်ထဲမပါသွားရန်ယာယီပုန်းရှောင်ခိုင်းနေကြောင်းဒေသခံပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့အတွင်းမှာ လာမည့် မတ်လ ၁၉ ရက်နေ့မှာ စစ်မှုထမ်းရန်မဲနှိုက်အစီစဥ် စီစဥ်ထားကြောင်းသိရသည်။ “အဲ့ဒါဟုတ်တယ်…

ရှမ်းတောင်တွင် စစ်မှုထမ်းရန် မဲနှိုက်စနစ်ဖြင့် ပြုလုပ်နေပြီဖြစ်၍ လူငယ်အချို့အခက်ခဲဖြစ်ဟုဆို

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များသည် စစ်မှုထမ်းဆင့်ခေါ်ရန် မဲနှိုက်စနစ်ဖြင့် ပြုလုပ်နေပြီဖြစ်ပြီး လူငယ်အချို့က အခက်အခဲဖြစ်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ မတ်လအတွင်းတွင် စစ်မှုထမ်းဆောင်ရန် အသက် အရွယ်မှန်လူငယ်နှင့် ဘွဲ့ရလူငယ်များကိုဦးစားပေး ခေါ်ဆောင်နိုင်ရန် မြို့နယ်အချို့ စာရင်းကောက်ပြီးသလို အချို့ကစာရင်းကောက်နေဆဲဖြစ်ကြောင်းသိရသည်။…

တောင်မဲသင်းတွင်ယနေ့ တိုက်ပွဲပြင်းထန်နေပြီး ရွာသားများ ထပ်မံထွက်ပြေးရ

ခမ်းသားငေါဝ်း မတ်လ ၁၇၊ ၂၀၂၄ တောင်မဲသင်းကျေးရွာတွင်ယနေ့ တိုက်ပွဲ ပြင်းထန်နေပြီး ရွာသားများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာ ယနေ့မနက်က စစ်ကောင်စီ၊PNOပြည်သူ့စစ်နှင့် ကရင်နီ တော်လှန်ရေး အင်အားစု များအကြား တိုက်ပွဲပြင်းထန်နေ ကြောင်း…

ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်း ဒရုန်းဖြင့်ဗုံးကြဲခံရ၍ ကိုရင်တစ်ပါးနှင့် ကပ္ပိယတစ်ဦးဗုံးဆထိမှန်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မတ် ၁၇၊၂၀၂၄ ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျောင်းပေါ်ရှိ ကိုရင်တစ်ပါးနှင့် ကျောင်းကပ္ပိယတို့ဗုံးဆထိမှန်ပြီး ဒဏ်ရာပြင်းထန်ရခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နှင့် ၄ ဖာလုံဝေးသည့်ရွှေဟင်္သာဘုရားဝန်းရှိ ဘုန်းကြီးကျောင်းကို မတ်လ ၁၆…

ပေါင် ၅၀၀ ဗုံးဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထမ်းယမ် ရွာနေအိမ်မီးလောင်

ခမ်းသားငေါဝ်း မတ် ၁၆၊၂၀၂၄ ထမ်းယမ်းကျေးရွာကို တစ်ရက်အတွင်း စစ်ကောင်စီ လေယာဉ်ဖြင့်နှစ်ကြိမ် ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယမ်ရွာ မတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် နေ့လည် ၁…

ပင်လောင်းမြို့ပေါ် အထိ တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီး ဒေသခံများ နောင်တရားထိတိမ်းရှောင်ကြ

ခမ်းသားငေါဝ်း မတ် ၁၄၊ ၂၀၂၄ ပင်လောင်းမြို့ပေါ်အထိ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံများ ပင်လောင်းမြို့အကျော်နောင်တရားဘက်တွင် ထပ်မံပြီးစစ်ရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်တွင် မတ်လ ၁၀ ရက်က စတင်ခဲ့သည့် တိုက်ပွဲကြောင့် ဆက်လက်ပြင်းထန်နိုင်သည့် အခြေအနေတွင်ရှိနေပြီး…

သွားလာခွင့်ကဒ်ပြုလုပ်ပေးမည်ဟုဆိုပြီး PNO ပြည်သူ့စစ်က ပုံးအင်းဒေသ ယာဥ်ပိုင်ရှင်များထံငွေကောက်ခံ

ခမ်းသားငေါဝ်း မတ် ၁၀၊၂၀၂၄ သွားလာခွင့်ကဒ်ပြုလုပ်ပေးမည်ဟုဆိုပြီး PNO ပြည်သူ့ စစ်က ပုံးအင်းဒေသတွင် ယာဥ်ပိုင်ရှင်များထံငွေကောက်ခံနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် PNO ပြည်သူ့စစ်က အစည်းအဝေးပြုလုပ်ပြီး ကားကြီး ကားငယ်နှင့် ထွန်စက်ရိတ်စက်များရှိသူ၏ စာရင်းကိုကောက်ယူကာ ပိုက်ဆံတောင်းသည်ဟုဆိုသည်။…

ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်

ခမ်းသားငေါဝ်း မတ် ၈၊ ၂၀၂၄ ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတု အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်နေကြောင်း ပအိုဝ်း အမျိုးသား လွှတ်မြှောက်ရေးတပ်မတော်PNLAက ယနေ့တွင် ထုတ်ပြန်ထားသည်။ ယင်းအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခြင်းကြောင့် PNLA မှ ရဲဘော်များ အရေပြားယားယံခြင်း…