Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

မြဝတီသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါဝင် ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၂၃၊ ၂၀၂၄ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား K.N.L.Aနှင့် ပူးပေါင်းတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဗိုလ်ကြီး(၁)ဦးအပါ (၆)ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားများအစည်းအရုံး(KNU) ထုတ်ပြန်ထားသည်။ ကရင်ပြည်နယ်၊ ကောကရိတ်မြို့မှ မြဝတီမြို့သို့ ဧပြီလ(၂၁)ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)ဦးဆောင်ပြီး…

ထိုင်းသို့သွားသည့် လူငယ်များ ခိုလမ်အရောက်တွင် RCSS မှဖမ်းဆီးပြီးတပ်သားသစ်အဖြင့်စုဆောင်းမှုရှိနေ

ခမ်းသားငေါဝ်း ဧပြီ ၂၃၊၂၀၂၄ ထိုင်းနိုင်ငံသို့ထွက်သွားသည့်လူငယ်အချို့ရှမ်းပြည်နယ် ခိုလမ်မြို့ အရောက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ဖမ်းဆီးခေါ်ဆောင်ပြီး တပ်သားသစ်အဖြစ်စုဆောင်းခေါ်ယူနေကြောင်း သိရသည်။ ဖမ်းဆီးခံရသည့်သူအချို့တွင် ပအိုဝ်းလူငယ်များလည်းပါဝင်နေပြီး ထိုင်းသို့မရောက်သွားဘဲ RCSS ၏ တပ်သားသစ်စုဆောင်းရာသို့ ရောက်ရှိသွားသည့်အတွက်မိသားစုများစိတ်ပူနေရကြောင်း သိရသည်။…

ကောင်ပန်းတင်အုပ်စုရှိဒေသခံများ ထိုင်းသွားသော်လည်း ဆက်ကြေးကိုအရစ်ကျသိန်းချီပေးနေရ

ခမ်းသားငေါဝ်း ဧပြီ ၂၁၊၂၀၂၄ ဆီဆိုင်မြို့နယ် ကောင်ပန်းတင်ကျေးရွာအုပ်စုအ တွင်းတွင် PNOပြည်သူ့စစ်အဖွဲ့က ထိုင်းနိုင်ငံသို့ထွက်သွားသည့်ဒေသခံများထံကို အရစ်ကျဖြင့် ဆက်ကြေးသိန်းချီကောက်ခံနေကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဒေသအရှေ့ဘက်ရှိ ကောင်ပန်းတင်အုပ်စုအတွင်းထိုင်းသွားသည့်ရွာခံများကို စစ်ယူနီဖောင်းအတွက်ဟုဆိုပြီးဧပြီလ၂၃ရက်(တန်ခူးလပြည့်နေ့)မှစတင်၍ အရစ်ကျဖြင့် လစဥ်ကြေးထည့်ပေးနေရကြောင်းဆိုသည်။ “ထိုင်းသွားတဲ့သူကလည်းထည့်ရမယ်တဲ့ တစ်ယောက်ဆို ၅သိန်း…

မြဝတီအမှတ်၂ ချစ်ကြည်ရေးတံတားအနီးတိုက်ပွဲပြင်းထန်၍ ပြည်သူများယနေ့ထိတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဧပြီ ၂၁၊၂၀၂၄ ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ အမှတ် ၂ချစ်ကြည် ရေးတံတားတွင် စစ်ကောင်စီတပ်နှင့် ကေအဲန်ယူပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်၍ ပြည်သူများက တံတားအနီးကနေမှ ဝေးဝေးရှောင်နိုင်ရန် ယနေ့ထိတိမ်းရှောင်နေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ည ၇…

ဆီဆိုင်မြို့နောင်သဲင်ရွာတွင် ရေသွားခပ်သည့် စစ်ရေရှောင် လူငယ်သုံးဦးပျောက်ဆုံးနေ

ခမ်းသားငေါဝ်း ဧပြီလ ၂၁၊၂၀၂၄ ဆီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စု နောင်ဆိုင်(သဲင်)ရွာနေ စစ်ရှောင်လူငယ်သုံးဦး ဧပြီ ၁၉ ရက်နေ့က ရေသွားခပ်စဥ်ပျောက်ဆုံးသွားကြောင်း မိသားစုများထံသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် တောထဲတစ်နေရာ စစ်ရှောင်နေသည့် နောင်ဆိုင်(သဲင်)ရွာ သားသည် ရေသွားခပ်ရန်ထွက်သွားစဥ် အဆက်သွယ်ပြတ်ပြီးပျောက်သွားကြောင်းသိရသည်။…

စစ်ကောင်စီတပ်သားတစ်ဦးက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန်ကြံစည်

ခမ်းသားငေါဝ်း ဧပြီ ၁၉၊ ၂၀၂၄ ဆီဆိုင်မြို့ ခြေမြန်တပ်ရင်း ခမရ ၄၂၃ တပ်မှ တပ်သားညီညီနိုင်သည် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန် ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူအမျိုးသမီးထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တောထဲတစ်နေရာတွင်…

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားသည့် ၈၄ ရက်အတွင်း အရပ်သားသေဆုံးသူ ၆၁ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၁၈ ၊ ၂၀၂၄ ရှမ်းတောင်တွင်တိုက်ပွဲဖြစ်ပွားပြီး ၈၄ ရက်အတွင်းအရပ်သား ၆၁ ဦးသေဆုံးခဲ့ရပြီး ၇၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ ဧပြီ ၁၅ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊…

ပင်လောင်းတောင်ဘက် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်ရာ မပေးဆောင်နိုင်သူအချို့ခြိမ်းခြောက်ခံနေ

ခမ်းသားငေါဝ်း ဧပြီ ၁၈ ၊ ၂၀၂၄ ပင်လောင်းတောင်ဖက်ရှိကျေးရွာအချို့တွင် PNOပြည်သူ့စစ်ကဆက်ကြေးကောက်နေပြီး မပေးဆောင်နိုင်သူအချို့ခြိမ်းခြောက်ခံနေရကြောင်း ဒေသခံထံက သိရသည်။ ဆက်ကြေးကောက်ရာတွင် PNO ပြည်သူ့စစ်က ရွာသူကြီးမှတစ်ဆင့်ကောက်ခိုင်းကာ မပေးလျှင် အထက်လူကြီးတိုင်ပြီး လာရောက်ဖြေရှင်းခိုင်းမည်ဟုဆိုကာ ဆက်ကြေးအတွက်သတ်မှတ်ထားသည့်နှုန်းအတိုင်း မပေးမနေရဟုခြိမ်းခြောက်မှုရှိနေသည်။ “သူတို့ကောက်ရင်ကောက်တဲ့အတိုင်း…

ဧပြီလပထမပတ် ဆယ်ရက်အတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၁၂) ဦးသေဆုံး

ခမ်းသားငေါဝ်း ဧပြီ ၁၂၊ ၂၀၂၄ ​ဧပြီလပထမပတ် ဆယ်ရက်အတွင်း နိုင်ငံတစ်ဝန်း၌ စစ်ကောင်စီကြောင့် အမျိုးသမီးနှင့်ကလေးအပါအဝင်သေဆုံးသူ ၁၂ ဦးထိရှိကြောင်း AAPP ထုတ်ပြန်ချက်အရသိရသည်၊၊ ဧပြီ ၁ ရက်နေ့မှ ဧပြီ ၁၁ ရက်နေ့ထိအမျိုးသမီး (၁၂)သေဆုံးပြီး၊…

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်လာခြင်းကြောင့် ပင်စုံရွာ နေအိမ် ၁ လုံးမီးလောင်ပြာကျ

ခမ်းသားငေါဝ်း ဧပြီ ၁၂၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက် ကြီးပစ်ခတ်လာခြင်းကြောင့် ပင်စုံရွာ နေအိမ်တစ်လုံးမီးလောင်ပြာကျသွားခဲ့ရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ နန်းတုတ်ကျေးရွာအုပ်စု၊ပင်စုံရွာတွင် မတ်လ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်းကြောင့် နေအိမ်ပျက်စီးခြင်း၊ နေအိမ်မီးလောင်ခြင်းများ ဖြစ်ပွားခဲ့ရသည်၊၊…