Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

စစ်ကောင်စီက စစ်မှုထမ်းရန်ခေါ်ယူပြီး မရသည့်ရပ်ကွက်များကို ဝင်ဖမ်းမည်ဟုခြိမ်းခြောက်

ခမ်းသားငေါဝ်း ဩဂုတ်၊ ၁၉၊ ၂၀၂၄ ညောင်ရွှေ ၊ နန့်ပန်မြို့နယ်ရှိ ဒုတိယအကြိမ် စစ်မှုတမ်းဆောင်ရန်အတွက် စစ်ကောင်စီက တစ်ရွာတစ်ယောက်ဖြင့် ခေါ်ယူပြီး မရသည့်ရပ်ကွက်များအား ဝင်ဖမ်းမည်ဟု ခြိမ်းခြောက်မှုရှိကြောင်း ဩဂုတ်လ ၁၉ ရက်တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်…

PV(Passport For Visit) ပတ်စပိုစ့် အမျိုးအစားကိုင်ဆောင်သူများ ပြည်ပထွက်ခွာခွင့်တားမြစ်ထား

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊၂၀၂၄ ပြည်ပနိုင်ငံသို့ အလည်အပတ်သွားရန် ထုတ်ပေးသည့် PV(Passport For Visit) အမျိုးအစားကိုင်ဆောင်၍ ပြည်ပထွက်ခွာမည့်သူများကို စစ်ဆေးတားမြစ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ပြည်ပနိုင်ငံသို့ ထွက်ခွာမည့်သူများသည် OWIC…

ဆီဆိုင်မြို့အဝင်ဂိတ်တွင် ရဲများကဈေးလာဝယ်သူများအား ဖမ်းဆီးပြီးငွေညစ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ဆီဆိုင်တွင်ဈေးလာဝယ်သည့် လွယ်ခြယ်ရွာသား(၃)ဦး ဆီဆိုင်မြို့အဝင်ဂိတ်၌စောင့်သည့်ရဲများက ဖမ်းဆီးပြီးငွေဖြင့်ပြန်ထုတ်ခဲ့ရကြောင်း ဒေသခံပြောပြချက်အရ ဩဂုတ်လ(၁၅)ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တောင်ရှေ့ကျေးရွာအုပ်စု လွယ်ခြယ်ရွာသား(၃)ဦးသည် ဩဂုတ်လ(၁၀)ရက်နေ့က ဆီဆိုင်မြို့သို့ဈေးဝယ်သွားပြီး အပြန်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ထော်လာဂျီပေါ်၌ အရက်ဘီယာများသယ်ဆောင်လာသည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ…

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ဒေသခံ(၆)ဦး ထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၃)လုံး ပျက်စီးကြောင်း…

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ကလေးငယ်တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ဆီဆိုင်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပန်အောင်ရွာနေ မွိုးစွန်နှင့် သားဖြစ်သူခွန်မောင်ပေးသည် သြဂုတ်လ ၁၄ ရက်…

လူငယ်သုံးဦးအား PDF ဟုစွပ်စွဲပြီး PNO မှ ဖမ်းဆီးပစ်သတ်စဉ် တစ်ဦးမှာ ပစ်သတ်သူ၏ ကျပ်ပမပြည့်သည့် ဆွေမျိုးဖြစ်နေပြီး ပြန်လွတ်ပေးကာ PNO ပြည်သူ့စစ်မှုထမ်းခိုင်းနေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ ဆီဆိုင်တွင် PDF ဟုစွပ်စွဲပြီး PNO မှအပြစ်မဲ့လူငယ်သုံးဦးအား ဖမ်းဆီးပစ်သတ်စဉ် သုံးဦးထဲမှတစ်ဦးမှာ ပစ်သတ်သူ၏ ဆွေမျိုးဖြစ်နေသည့်အတွက် ငွေငါးသိန်းနှင်ရွေးပြီး ပြန်လွတ်ပေးကာ PNO ပြည်သူ့စစ်ထမ်းခိုင်းနေကြောင်း ဒေသခံထံကသိရသည်။ ယခုဩဂုတ်လ ပထမပတ်အတွင်း…

စစ်သင်တန်းမတက်ရဘဲ စစ်ဘေးရှောင်ရာကပြန်လာသည့် လူငယ်များကို PNO ပြည်သူ့စစ်ကရှေ့တန်းပို့

ခမ်းသားငေါဝ်း ဩဂုတ် ၁၄၊ ၂၀၂၄ ဆိဆိုင်တွင် စစ်ဘေးရှောင်ရာက ပြန်လာသည့်လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူပြီး သေနတ်တပ်ဆင်ပေးကာ ရှေ့တန်းပို့နေကြောင်းဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိဆိုင်မြို့နယ် ကျေးရွာဖက်တွင် စစ်သင်တန်းမတက်ရဘဲ စစ်ဘေးရှောင်ရာကပြန်လာသည့် လူငယ်များကို PNO ပြည်သူ့စစ်ကခေါ်ယူကာ…

ပင်းတယမြို့နယ်တွင် စစ်မှုထမ်းအတွက်လူငှားရန် ပြည်သူထံ တအိမ်နှစ်သိန်းခွဲထိ ငွေကြေးကောက်ခံမှုရှိနေ

ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၄ ပင်းတယမြို့နယ် ကျေးရွာအချို့တွင် စစ်ကောင်စီတပ် စစ်မှုထမ်းခေါ်ရာ ရွာခံလူငယ်မလိုက်နိုင်ခြင်းကြောင့် လူငှားရန် တစ်အိမ်ကို ငွေနှစ်သိန်းခွဲကောက်ခံနေကြောင်း ဒေသခံကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် မိုင်းလီကျေး ရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီ ခေါ်သည့်…

NCA လက်မှတ်ထိုးထားသည့် RCSS/SSA က တောင်ကြီးမြို့နယ်ထိ တစ်အိမ်တစ်သောင်းကျပ် ဆက်ကြေးကောက်နေ

ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၄ တောင်ကြီးမြို့မြောက်ဘက်တကြောတွင် ယခုရက်ပိုင်းအတွင်း NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်က တစ်အိမ်တစ်သောင်းနှုန်းဖြင့် ဆက်ကြေးကောက်ခံ နေကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မြို့တော်တောင်ကြီးကပ်ရက် မြောက်ဘက်တကြောကျေးရွာများတွင် RCSS/SSA တပ်ဆက်ကြေးကောက်ခံသည့်…

စစ်သင်တန်းတက်မှ နေအိမ်ပေးပြန်သ​ည့်​ အတွက်ဒေသခံများအခက်ခဲဖြစ်နေ

ခမ်းသားငေါဝ်း သြဂုတ် ၁၃၊၂၀၂၄ ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က စစ်ထဲဝင်မှရွာပေးပြန်မည်ပြောသဖြင့် ဒေသခံများကအခက်အခဲဖြစ်နေရကြောင်း ဩဂုတ်လ(၁၃)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် ဇွန်လနောက်ဆုံးပတ်၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့၍ ဒေသခံများစစ်ဘေးတိမ်းရှောင်နေခဲ့ရပြီး ယချိန်ထိနေရပ်ပြန်ရန်အခက်ခဲရှိနေ ကြောင်းသိရသည်။ “သူတို့က…