Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

စစ်ကောင်စီက ပြည်သူများအားဦးတည်ကာ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် တစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီက ပြည်သူများအား ဦးတည်ကာ ဩဂုတ်လ ၂၄ ရက်နေ့၌ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းဒေသ၊တပ်မဟာ(၂)နယ်မြေ သီပေါမြို့တွင်…

ကျောက်နီတိုက်နယ်အတွင်း စစ်မှုထမ်းအတွက်နှင့် RCSS ဆက်​ကြေးအတွက် ငွေကောက်ခံမှုကြောင့် ဒေသခံအခက်ခဲဖြစ်

ခမ်းသားငေါဝ်း သြဂုတ် ၂၄၊ ၂၀၂၄ ကျောက်နီတိုက်နယ် ရှိကျေးရွာများတွင် စစ်မှုထမ်းအတွက်နှင့် RCSS ဆက်​ကြေးအတွက် ငွေကောက်ခံမှုကြောင့် ဒေသခံအခက်ခဲဖြစ်နေရကြောင်း ဒေသခံကပြောသည်။ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ‌ကေျာက်နီတိုက်နယ်အတွင်းရှိကျေးရွာများတွင် စစ်မှုထမ်းလူငှားရန်အတွက် တစ်အိမ် ၅ သောင်းနှုန်းနှင့်…

ဆီဲဲဆိုင်မြို့တွင်တစ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ် ၅၀ နီးပါးသေဆုံး

ခမ်းသားငေါဝ်း သြဂုတ် ၂၄၊ ၂၀၂၄ PNLA ရှိသည့်နေရာများသို့ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာခြင်းကြောင့် သြဂုတ်လတစ်လအတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပွား စစ်ကောင်စီ တပ် ၅၀ နီးပါးသေဆုံး ခဲ့ကြောင်း…

ပြည်သူ့စစ်သင်တန်းမတက် နိုင်သည့်ပြည်ပရောက်လူငယ်များကို PNO ပြည်သူ့စစ်က တစ်ဦး ငွေသုံးသိန်းကောက်ခံ

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ တောင်ကြီးမြို့နယ်တောင်ဘက်ရှိ ကျေးရွာအုပ်စုအချိူ့တွင်ပြည်သူ့စစ်သင်တန်းမတက်ရောက်နိုင်သည့်နိုင်ငံခြားရောက်‌သူများကို တစ်ယောက်သုံးသိန်းနူန်းဖြင့်PNO ပြည်သူ့စစ်ကကောက်ခံနေကြောင်းဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်ထီဖောင်းကျေးရွာအုပ်စုတွင် PNOပြည်သူ့စစ်က ဆယ်ရက်တစ်ကြိမ်တပ်သားသစ်များစုဆောင်းနေပြီးသင်တန်းမတက်ရောက်နိုင်သည့်နိုင်ငံခြားရောက်နေသူများကိုငွေကြေး ကောက်ယူနေကြောင်းသိရသည်။ “ရွာမှာရှိတဲ့သူတွေကပိုက်ဆံထည့်လို့မရဘူး၊နိုင်ငံခြားရောက်နေတဲ့သူတွေပဲထည့်ရတာ၊တစ်ရွာကိုတစ်ယောက်၊ ရွာကြီးရင်တော့နှစ်ယောက်ဝင်ရတယ်၊ တစ်သုတ်ပြီးတစ်သုတ်မဲနိုက်စနစ်နဲ့သွားကြရတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ စစ်သင်တန်း(၁၀)ရက်တက်ပြီးသည့်သူများကိုလုံခြုံရေးကင်းစောင့်ရန်အဖြစ်အခြားရွာသို့(၃)ရက်သွားစောင့်ပေးရကြောင်းသိရသည်။ စစ်မှုထမ်းဥပဒေကြောင့်ပြည်ပသို့လူငယ်အများအပြားထွက်ပြေးတိမ်းရှောင်ပြီးနောက်ပိုင်းစစ်ကောင်စီကစစ်မှုထမ်းအကျူံးဝင်လူငယ်များကိုပြည်ပထွက်ခွင့်ကန့်သတ်ထားကြောင်းသိရသည်။ ပအိုဝ်းဒေသ တွင် စစ်ကောင်စီ…

နမ်းပန်တွင် စစ်မှုထမ်းအတွက် ညအချိန်မတော်လိုက်ဖမ်းမည်သတင်းကြောင့် လူငယ်များထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ ညောင်ရွှေမြို့ နယ် နန့်ပန်ဒေသရှိ ရပ်ကွက် တချို့တွင် စစ်မှုထမ်းဆောင်ရန်အတွက် ညအချိန် ဝင်ရောက်ဖမ်းဆီးမည်ဆိုသည့် သတင်းကြောင့် ရွာထဲရှိ ယောက်ကျားများ တိမ်းရှောင်နေရကြောင်းဩဂုတ်လ ၂၃ ရက်က ဒေသခံထံ သိရသည်။…

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် စိုးရိမ်သောကြောင့် စာသင်ကျောင်းများမကြာခဏ ပိတ်ထားရ

ခမ်းသားငေါဝ်း သြဂုတ် ၂၃၊ ၂၀၂၄ ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်သောကြောင့် စာသင်ကျောင်းများမကြာခဏ ပိတ်ထားရကြောင်း CDM ကျောင်းဆရာမတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စာသင် ကျောင်းများ နှင့်…

စစ်ဘေးရှောင်ကလေး ၃ ဦးအား PNLA မှခေါ်ယူထိန်းသိမ်းထားပြီး လာခေါ်ပေးသူကို ကလေးမိဘကတစ်ဦးဆယ်သိန်းပေရဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ ဆီဆိုင်တွင် ဒုတိယအကြိမ်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ကြစဉ် အသက် ၁၅ နှစ်အရွယ် ကလေးသုံးဦးသည် မိသားစုဝင်နှင့်အဆက်သွယ်ပြတ်ပြီး PNLA တပ်ကထိန်းသိမ်းပေးခဲ့ပြီး မိဘကိုပြန်အပ်ရာ သွားရောက်ခေါ်ပေးသည့် အိမ်နီးချင်းက တစ်ဦးဆယ်သိန်းမိဘထံတောင်းခံသည်ဟု အုပ်ထိန်းသူထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း…

ရှမ်မြောက်သို့သွားမည့် နို့စို့ကလေးအရွယ်ကလေးအပါဝင် ၁၆၀ ကျော်အားမြေမဲဂိတ်တွင် PNO ဖမ်းဆီးမိပြီး စစ်ကောင်စီသို့အပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းဘက်မှ ရှမ်းမြောက်သို့သွားမည့် နို့စို့ကလေးငယ်အပါအဝင် ၁၆၀ ဦးကျော်အား မြေမဲစစ်ဆေးရေးဂိတ်တွင် PNO ပြည်သူ့စစ်ကဖမ်းဆီးပြီး စစ်ကောင်စီထံသို့ လွဲပြောင်းပေးခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် မြေမဲဂိတ်တွင် ဩဂုတ် ၂၀…

တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီက အသွင်ယူဖမ်းဆီးမှုပြုနေ

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ တောင်ကြီးမြို့တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီအသွင်ယူဖမ်းဆီးမှု ပြုလုပ်နေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်တောင်ပိုင်း ရှိတောင်ကြီး-အေးသာယာ-ညောင်ရွှေ လမ်းမကြီးတစ်လျှောက်တွင်ရှိသည့် လမ်းဘေးတွင် ခုံချပြီးပုလင်းများဖြင့်ဆီမှောင်ခိုရောင်းချနေသူများအား စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးမှုပြုလုပ်နေသည်။ “တစ်ချိူ့ကတော့ဆီပန့်တွေမှာ တန်းစီတိုးပြီးရလာသလောက်ကို အပြင်မှာဈေးတင်ပြီးပြန်ရောင်းကြတယ်လေ၊…

ဟိုပုံးမြို့နယ် ဆော့တော့ရွာအရှေ့ဘက်တွင် ဝစစ်သားများလမ်းပိတ်ထားခြင်းကြောင့် ဒေသခံများ သွားလာ‌ရေးအခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ ဟိုပုံးမြို့နယ် ဆော့တော့ရွာအရှေ့ဘက်တွင် ဝစစ်သားများလမ်းပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် သွားလာ‌ရေးအခက်အခဲများဖြစ်နေရသည်ဟု ဩဂုတ်လ(၂၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဥ်းတိုက်နယ်ရှိ ဆော့တော့ရွာအရှေ့ဘက်ခြမ်းတွင် ဩဂုတ်လ(၁၉)ရက်နေ့မှစကာ ဝစစ်သားများကလမ်းပိတ်ထားလိုက်ခြင်းကြောင့် ဒေသခံများက သွားလာရေးအတွက်နှင့် စိုက်ပျိုးရေးအတွက်အခက်အခဲဖြစ်နေရသည်။…