နယ်မြေမငြိမ်သက်မှုကြောင့် စံကားဒေသရှိ ဘုရားတောင်ရေဆိပ်စာသင်ကျောင်း ယာယီပိတ်ထား
ခမ်းသားငေါဝ်း ဇူလိုင် ၄၊ ၂၀၂၄ နယ်မြေမငြိမ်သက်မှုကြောင့် စံကားဒေသရှိ ဘုရားတောင်ရေဆိပ်စာသင်ကျောင်း ယာယီပိတ်ထားလိုက်ရကြောင်း ဒေသခံတစ်ဦးပြောဆိုချက်အရ ဇူလိုင်လ(၄)ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင်ရှိသည့် ဘုရားတောင်ရေဆိပ်စာသင်ကျောင်းသည် နယ်မြေငြိမ်သက်မှုမရှိသည့်အတွက် ဇူလိုင်လ(၃)ရက်နေ့မှစပြီး ယာယီပိတ်လိုက်သည်။ “မနေ့ကဘုရားတောင်ကျောင်းတောင်ပေါ်ထိ တော်လှန်ရေးသမားတွေတက်လာတယ်လို့ပြောတာပဲ၊…