Category: မူးယစ်/ မှုခင်း

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တိုက်ပွဲ တစ်လအတွင်း အရပ်သား ၂၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ပအိုဝ်းဒေသဆီဆိုင်မြို့နယ်နှင့်ဟိုပုံးမြို့နယ် တိုက်ပွဲတစ်လအတွင်းတွင် အရပ်သား ၂၆ ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှု၂၇၁ ကြိမ်ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းရုံး PYOထုတ်ပြန်ချက်အရသိရသည်။ ယင်းသေဆုံးမှုများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီ…

ပင်လောင်းတွင် ကျောင်းသူနှစ်ဦး ရိုက်နှက်ခံရပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂ ပင်လောင်းမြို့၊ ကန်သာဦးရပ်ကွက်တွင် ဆိုင်ကယ်ဖြင့် ကျောင်းသွားနေသည့် ကျောင်းသူနှစ်ဦး ဆိုင်ကယ်လုယက်ခံခဲ့ရကြောင်း ‌သိရှိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် ကန်သာဦးရပ်ကွက် ပင်တလဲလမ်း ညောင်ပင်အနီးတွင် ကျောင်းတက်‌နေသည့် အထက်တန်း ကျောင်းသူနှစ်ဦးကို အမျိုးသားတစ်ဦးက ရိုက်နက်ပြီး…

အင်းလေးဒေသ တွင်လောင်းကစားဝိုင်းတွင်တွင်ကျယ်ကျယ်ဖွင့်လာခြင်းကြောင့် ဒေသခံလုံခြုံရေးစိုးရိမ်ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊ ၂၀၂၄ အင်းလေး‌ဒေသအတွင်း စစ်ကောင်စီမှ လောင်းက စားဝိုင်းများကို နေရာအနှံ့တွင်တွင် ကျယ်ကျယ်ပြုလုပ်လာခြင်းကြောင်း ‌ဒေသခံများလုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသများတွင် အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီမှ ပျူစောထီးနှင့် ပြည်သူ့စစ်တို့…

ကလေးငယ်နေမကောင်းသဖြင့် ဆေးကုသမှုခံယူစဥ် ငွေ လေးသိန်းကျပ် လိမ်လည်ခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံတွင် နယ်လူနာတစ်ဦး ငွေကြေးလိမ်လည်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံတွင် သန့်ရှင်းရေးဝန်းထမ်းတစ်ဦးမှ ကျေးလက်လူနာ၏ ဘာသာစကားအာနည်းမှုနှင့် ဆေးရုံပိုင်းဆိုင်ရာနားလည်မှုအားနည်းခြင်းကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်မှုဖြစ်ခဲ့ကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ ယခုရက်သတ္တပတ်အတွင်းတွင် ကလေးငယ်နေမကောင်းသဖြင့်…

ပင်လုံမြို့ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်တွင် ဓားပြတိုက်မှုမဟုတ်ပဲ စိတ်မမှန်သူ သောင်းကျန်းမှုသာ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ ပင်လုံမြို့ရှိ ကမ္ဘောဇဘဏ်အတွင်း ဖြစ်ပွားသည့်ဖြစ်စဥ်သည် ဓားပြတိုက်မှုမဟုတ်ပဲ ဆေးကြောင်သည့်စိတ်မမှန်သူ အမျိုးသားတစ်ဦး လာရောက်သောင်းကျန်းမှုသာဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ ကမ္ဘောဇဘဏ်အတွင်း ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည်…

တောင်ကြီးတွင် မီးပျက်နေချိန် သူခိုးများ အခွင့်ကောင်းယူပြီး မီးကြိုးများ လိုက်လံခိုးနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ တောင်ကြီးမြို့တွင် မီးပုံမှန်မလာခြင်း၊ မီးနေ့စဉ်နေ့တိုင်းပျက်နေခြင်းကို သူခိုးများ အခွင့်ကောင်းယူပြီး မီးကြိုးများ လိုက်လံခိုးယူနေကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးပုံမှန်မလာသဖြင့် မီးပျက်နေသည့်အချိန်များ၌ သူခိုးများက အခွင့်ကောင်းယူပြီး ရပ်ကွက်တွင်းရှိ မီးကြိုးများ၊…

တောင်ကြီးရှိ ရွှေတောင်ရိုးကားခြံ မီးလောင်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံအား ယနေ့နံနက်အစောပိုင်း ၁ နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံကို ယနေ့ဇန်နဝါရီလ ၁၈ ရက်က်နေ့ နံနက် ၁၂ နာရီ ၅၈…

လွယ်အွန်းရွာအတွင်း လူနေအိမ်၂လုံးဖောင်းထွင်းခံရပြီး ငွေ ၂၇ သိန်းအခိုးခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၅၊၂၀၂၄ ဟိုပုံးမြို့နယ် လွယ်အွန်းကျေးရွာအုပ်စု လွယ်အွန်းရွာအတွင်း ယနေ့ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁နာရီဝန်းကျင်က လူနေအိမ် ၂ လုံးဖောက်ထွင်းခံရပြီး ငွေ ၂၇ သိန်းအခိုးခံရမှုဖြစ်ပွားကြောင်းရွာခံအမျိုးသားတစ်ဦးထံမှသိရသည်။ ကျောင်းစုံညီပွဲတော်ကျင်းပရန်အကြိုရက်တွင် ယနေ့တွင် ဆယ်အိမ်ခေါင်းတစ်စု…

လောင်းကစားဝိုင်းကြောင့် သူခိုးဓားပြများလာပြီး အသက်အန္တာရယ်ခြိမ်းခြောက်သည့်အထိရှိလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် လချီလောင်းကစားဝိုင်းဆက်လက်ဖွင့်ထားနေခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း ဆေးသမားများ၊ သူခိုးများနှင့် လူလိမ်လူညာပေါများ လာနေကြောင်းမြို့ခံ တစ်ဦးထံမှသိရသည်။ လက်ရှိတွင် နမ့်စန်မြို့ရှိ ရွှေငါးကန်နှင့် သစ်ကွင်းတို့တွင် နာမည်ကြီးအဆိုတော်များခေါ်ပြီး ရှိုးပွဲဘန်းပြကာ ညတိုင်းလောင်းစားဝိုင်းဖွင့်လှစ်လျက်ရှိကြောင်း…

ပင်လုံတွင် ဓားပြတိုက်မှုဆက်တိုက်ဖြစ်ပွားပြီးနောက် စာစောင်အတုဖြန့်ကာ ပြည်သူကိုခြိမ်းခြောက်ဟောက်စားမှုရှိ‌နေ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် စာစောင်အတုများဖြန့်ပြီး မြို့ခံပြည်သူများကို ခြိမ်းခြောက်ဟောက်စာမှုရှိနေကြောင်း မြို့ခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် “ကြေးစားလူသတ်ပစ်ခတ်အဖွဲ့” အမည်ဖြင့် စာအတုများရေးပြီး ပင်လုံမြို့ရှိ နမ့်စန်…

You missed