Category: မူးယစ်/ မှုခင်း

စစ်ကောင်စီကြောင့် ၉ ရက်အတွင်း နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ် ၉ ရက်တာအတောအတွင်း စစ်အုပ်စု နှင့် ၄င်းတို့လက်ပါးစေကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ (၄၀) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီအုပ်စုကြောင်း ၂၀၂၄ ခုနှစ်…

ပင်လောင်းတွင် သူခိုးလုယက်မှု၊ ဓါးပြတိုက်မှုများ တစ်နေ့ထက်တစ်‌နေ့ ပိုများလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၉၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သူခိုး၊ဓားပြ၊လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ သူခိုးများသည် လက်ဖက်၊ ငရုတ်သီး၊ အာလူး၊ဆိုင်ကယ်များ ခိုးယူမှု ဆိုးဆိုးရွားရွား အခြေအနေရှိလာနေပြီး ဒေသခံများ အခက်ခံကြုံတွေ့ စေရကြောင်းဆိုသည်။…

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်က နေအိမ်တစ်လုံးဖောက်ထွင်းခိုးခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၈၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် နယ်မြေ ၁ ရွာသစ်ကုန်းအတွင်း၌ ယနေ့ဇန်နဝါရီလ ၈ ရက်နေ့ လူနေအိမ်တစ်လုံးဖောက် ထွင်းခံရပြီး ပစ္စည်းခိုးခံရမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဥ်သည် ယနေ့နံနက် ၉ နာရီဝန်းကျင်အချိန်တွင် ပညာဗောဓိလမ်း လမ်းခွဲ…

ပင်လုံဓားပြတိုက်မှုတွင် တရားခံကို ဖမ်းမိခြင်းမရှိသေးသောကြောင့် ဒေသခံများစိုးရိမ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ ပင်လုံမြို့ ဖြစ်ပွားခဲ့သည့် ဖုန်းဆိုင်ဓားပြတိုက်လူသတ်မှုတွင် ယနေ့အထိ တရားခံကို ဖမ်းမိခြင်း မရှိသေးသောကြောင့် မြို့ခံပြည်သူများက လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့၌ ဖုန်းဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး…

ဒီဇင်ဘာလအတွင်း ခိုးဆိုးလုယက်မှု ဓားပြတိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားပြီး အရေးယူဆောင်ရွက်မှုမရှိ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ရှမ်းတောင်ရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ခိုးဆိုးလုယက်မှု ဓားပြတိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ပင်လုံမြို့နယ် နှင့် ဟိုပုံးမြို့နယ်များတွင် ခိုးဆိုးလုယက်မှုများ၊…

ဘော်ဆိုင်းတွင် ရဲနှင့်အုပ်ချုပ်ရေးမှူးများလိုင်းကြေးယူပြီး လောင်းကစားဝိုင်းဖွင့်ပြီးပြုလုပ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းဒေသတွင် နယ်မြေရဲနှင့် အုပ်ချုပ်ရေးမူး ကလိုင်းကြေးရရယူပြီး လောင်းကစားဝိုင်းများတရားဝင် ဖွင့်ခွင့်ပေးထားကြောင်း သိရသည်။ အထက ၆ ကျောင်းရံပုံငွေနှင့် ပြည်တော်သာရပ်ကွက် ဓမ္မာရုံ တည်ဆောက်ရန် အကြောင်းပြပြီးတရားဝင်ပုံစံနှင့်…

တောင်ကြီးမြို့တောင်ဘက်ကျေးရွာရှိလူနေအိမ်အချို့ဖောက်ထွင်းခံရပြီး ပစ္စည်းများအခိုးခံရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၄၊၂၀၂၃ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တောင်ဘက်ရှိညိုမီး ထီဗွာကျေးရွာရှိ လူနေအိမ်အချို့ဖောက်ထွင်းခံရပြီး ပစ္စည်းများဝင်ရောက်ခိုးယူခြင်းခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ညိုးမီးရှိလူနေအိမ်တစ်အိမ်ကို သူခိုးများက အိမ်စောင့်ခွေးကို အဆိပ်ပါအစာကြွေးပြီး အိမ်ကိုဖောက်ကာ…

ဗန်းမောက်စစ်ရှောင်စခန်းသို့ စစ်ရှောင်ကူညီရန်သွားသူများကို စစ်ကောင်စီက ဓားထောက်စစ်ဆေးခြိမ်းခြောက်မှုပြုလုပ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်း – ဖယ်ခုံ နယ်စပ်ရှိ ဗန်းမောက်ကျေးရွာသို့သွားသည့် စစ်ရှောင်ကူညီသူများကို စစ်ကောင်စီက ဓားထောက်ခြိမ်း ခြောက်သည့်အတွက် စစ်ရှောင်များကိုအကူအညီပေးရန် အခက်အခဲရှိနေကြောင်းသိရသည်။ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်ကူညီလုပ်ဆောင်ပေးသူများကို စစ်ကောင်စီက ဒီဇင်ဘာ ၂၀…

ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့ တက်လာသည့် လူနာတင်ကားတစ်စီး ဓားပြတိုက်ခံရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၂၊၂၀၂၃ ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့ တက်လာသည့် လူနာတင်ကားတစ်စီး ပင်လောင်းမြို့နယ်တွင် ဓားပြတိုက်ခံရကြောင်း ကိုယ်တိုင်ကြုံတွေ့သူပြောပြချက်အရ သိရသည်။ ဒီဇင်ဘာ၂၀ ရက်နေ့ ည ၈ နာရီအချိန်တွင် အဆိုပါ လူနာတင်ကားသည် ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့…

မူးယစ်ဆေးသုံးစွဲသူများလာသည့် ပင်လုံမြို့တွင် ခိုးဆိုးလုယက်မှု ပိုများလာ

ခမ်းသားငေါဝ်း ဒီဇင်ဘာလ ၁၇၊၂၀၂၃ မူးယစ်ဆေးဝါးသုံးစွဲသူ၊ ဆေးကြောင်သူပိုမိုများပြား လာသည့် ပင်လုံမြို့တွင် ခိုးဆိုးလုယက်မှုများလာပြီး ပြည်သူများလုံခြုံမှုမရှိတော့ကြောင်း ဒေသခံ များထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ယခုရက် ပိုင်းအတွင်း မူးယစ်ဆေးသုံးစွဲသူ ဆေးသမားများက နေအိမ်ဖောက်ထွင်း ပြည်သူ၏ စည်းစိမ်…

You missed