Category: နိုင်ငံရေး / တိုက်ပွဲ

တစ်ပတ်အတွင်းရွာငံ၊ ပင်းတယ၊ ရပ်စောက်မြို့နယ်တွင် အရပ်သားပြည်သူ ၁၅ ဦးအထိဖမ်းဆီးခြင်းခံရ

ခမ်းသားငေါဝ်း သြဂုတ် ၈၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်တွင် စစ်ကောင်စီပူးပေါင်းအဖွဲ့များက အရပ်သားပြည်သူ ၁၅ ဦးအထိ ဖမ်းဆီးထားကြောင်း သိရှိရပါသည်။ သြဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ စစ်ကောင်စီတပ်သားနှင့် ဒေသဗျူစောထီးများက လက်နက် ကိုင်တော်လှန်ရေးလှုပ်ရှားသူများနှင့်ဆက်စပ်သည်ဟုဆိုကာ ပြည်သူကို ဖမ်းဆီးထားခြင်းဖြစ်သည်။ အဖမ်းခံရသူသည် ပင်းတယမြို့နယ်မှ ၃ ဦး ၊ရပ်စောက်မြို့နယ်မှ…

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောက်မဲမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်

ခမ်းသားငေါဝ်း သြဂုတ် ၈၊ ၂၀၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ ရပ်ကွက် (၁)၌ ပတ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံ တစ်ဦးထံမှ သိရှိရသည်။ ညမထွက်ရ အမိန့်ကို ည ၇ နောက်ပိုင်းမှစပြီး မနက် ၄ နာရီ အထိ အပြင်သို့သွားလာခြင်းမရကြောင်း သိရှိပါသည်။ “ဗုံးပေါက်ကွဲပြီးတဲ့နောက်ပိုင်းမှာ ည ၇…

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းစဥ်များလုပ်ဆောင်နိုင်ရန် ဌာန ၁၂ ခုကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု IEC ဆို

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၃ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC မှပြည်သူ့ဝန်ဆောင်မှုနှင့်ပြည်သူ့လုံခြုံရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် ဌာန ၁၂ ခုကိုအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ အထောက်အကူပြုဌာန ၁၂ ခုအနက် ဦးစားပေးဌာနအဖြစ် ၇ ခုကိုစတင်ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် IEC မှအသိပေးကြေညာထားပါသည်။ ဦးစားပေးဌာန ၇ ခုတွင် ပညာရေးဌာန၊ ကျန်းမာ ရေးဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့်ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန၊ကာကွယ်ရေးနှင့်လုံခြုံးရေးဌာန၊…

လဲချားတွင် စစ်ကောင်စီတပ်နှင့်ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ တိုက်ပွဲဖြစ်ပွား

…………….. ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ နေရာနှစ်နေရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် စစ်ကောင်စီတပ်တို့ သြဂုတ်လ ၆ရက် နံနက် ၆ နာရီအချိန်၌နှစ်ဖက် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်ထားသည်။ ဟိုင်းဆိုင်အုပ်စု ခိုင်းဖက်နမ် နမ့်ပေါက်ကျေးရွာအနီးရှိ SSPP တပ်စခန်းကို စစ်ကောင်စီတပ်ဖက်မှ အင်အား ၇၀ ခန့်ဖြင့်ထိုးစစ်ဆင်…

DPLA ဖွဲ့စည်းကြောင်း ထုတ်ပြန်ပြီးနောက် မြစေတီကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲနေထိုင်သဖြင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေရ

ခမ်းသားသငါဝ်း ဩဂုတ် ၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြစေတီကျေးရွာ ဘုန်းကြီးကျောင်းတွင် ဓနုပြည်သူ့လွှတ်‌ မြောက်ရေးတပ်ဦး DPLA ဖွဲ့စည်းကြောင်း ထုတ်ပြန်ပြီးနောက်ရက်တွင် စစ်ကောင်စီတပ်များက လာရောက်တပ်စွဲနေထိုင်သဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ဖြစ်နေကြ‌ရသည်ဟု သိရသည်။ DPLA ထုတ်ပြန်ပြီးနောက် ဇူလိုင် ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ် အင်အား ၃၀ ဝန်းကျင် လာရောက်တပ်စွဲကင်းလှည့်နေထိုင်ခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။…

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု ၃၇၅ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဩဂုတ် ၂၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ)ပြည်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှု (၃၇၅) ဦးအထိရှိပြီဖြစ်ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု Progressive Karenni People Force(PKPF)၏ ထုတ်ပြန်ချက် အရသိရသည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ(၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့အထိ နှစ်နှစ်ခွဲကျော်အတွင်း ကရင်နီပြည်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် အရပ်သားပြည်သူ…

အနိမ်ခံ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ

ခမ်းသားငေါဝ်း၊ ဆောင်းပါး ဇူလိုင်လ ၃၁၊၂၀၂၃ “အလုပ် လာလုပ်တာ မဟုတ်တော့ဘူး ကျွန်လာခံနေသလိုဖြစ်နေပြီ ကျွန်လိုမျိုးအနိမ်ခံနေရတယ် မြန်မာကဆိုတာနဲ့ နိမ်တော့တာပဲ” လို့ ခံစားချက်ကို ရင်နာနာနဲ့ပြောလာသူ ကတူးကြီးဒေသကနေ ထိုင်းနိုင်ငံကိုသွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ခွန်ထွက်ကုဲင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်များဟာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲကို တရားဝင်ဝင် တရားမဝင်ဝင် သွားရောက်အလုပ်လုပ်ကိုင်ကြတယ်။ အခုခွန်ထွက်ကုဲင်တစ်‌ယောက် ထိုင်းနိုင်ငံထဲကို သွားရောက်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့…

ကရင်နီပြည် စစ်ဘေးရှောင် အိမ်ထောင်စု ၄၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဖြင့် PNLO မှတဆင့်အကူညီရရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၃၁၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာရှိ ကရင်နီဖက်မှစစ်ဘေးတိမ်းရှောင်လာသည့် အိမ်ထောင်စု ၄၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဖြင့် PNLO မှတဆင့်အကူညီရရှိကြောင်း ဇူလိုင် ၃၁ ရက်နေ့တွင် သိရှိသည်။ လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန (AHA Center)က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှတစ်ဆင့် အကူအညီထောက်ပံ့ပေးပို့ခဲ့ကြောင်းသိရသည်။ ” လူဦးရေနဲ့ဆိုရင် ၁၄၅၀ အတွက် ဆန်အိတ်…

ထိုင်းနယ်စပ်ရောက် စစ်ဘေးရှောင်တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်

ခမ်းသားငေါဝ်း ဇူလိုင် ၃၀၊ ၂၀၂၃ ထိုင်-ကရင်နီ နယ်စပ်တစ်နေရာတွင် ဖားဆောင်းမြို့နယ်မှ ဒေသခံ စစ်ရှောင် တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ဇူလိူင်လ ၃၀ ရက်နေ့ကသိရသည်။ ထိုစစ်ရှောင်များသည် ထိုင်နိုင်ငံနှင့် နီးသည့် နယ်စပ်တစ်နေရာတွင် တိမ်းရှောင်နေရပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံခွင့် မရခြင်းကြောင့် ဒုက္ခရောက်နေကြရသည်ဟု သိရသည်။ “သူတို့ဒီကိုရောက်လာတာ နှစ်ပတ်ကျော်ပြီ သူတို့ပါလာတဲ့ဟာနဲ့ပဲချွေတာပြီး စားကြရတာ လူလည်း…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) ဖွဲ့စည်းတည်ထောင်ကြောင်း အသိပေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၉၊၂၀၂၃ ဓနုလူငယ်များနှင့် ဒေသတွင်းရှိပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ​စုပေါင်း၍ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်ဒေသအခြေစိုက်တစ်နေရာတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ဇူလိုင်လ၂၉ ရက်နေ့တွင် ထုတ်ပြန်အသိ‌ပေးပါသည်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် ဘုံရန်သူစစ်ကောင်စီအုပ်စုကို အမြစ်ဖြတ်ချေမှုန်းရန် နှင့် ဘုံရည်မှန်းချက်တူညီသည့် မည်သည့်အဖွဲ့အစည်းမဆိုပူးပေါင်းတော်လှန်သွားမည်​ဖြစ်ကြောင်းဆိုပါသည်။ ” ဓနုဒေသအတွင်းရှိိပြည်သူ့မျက်နှာကိုအဓိကထားပြီး ရှေ့ဆက်လုပ်ငန်းစဥ်များဆောင်ရွက်​မယ် ၊ အာဏာသိမ်းပြီးကတည်းက ဓနုလူမျိုးစုတပ်မတော်မဖြစ်မနေလိုအပ်တာကြောင့် ကျွန်တော်တို့ ဓနုလူငယ်​တွေစုပေါင်းပြီး တည်ထောင်ဖြစ်တယ်”လို့ DPLF တာဝန်ရှိိသူတစ်ဦး​က…