Category: နိုင်ငံရေး / တိုက်ပွဲ

ဒီးမော့ဆိုအနောက်ဖက်ခြမ်းစစ်ရှောင်စခန်းတွင် စာသင်ဆောင်မလုံလောက်သည့်အတွက် နေအိမ်ထဲထိပါစာသင်ကြားနေရ

ခမ်းသားငေါဝ်း ဩဂုတ်လ၂၅၊၂၀၂၃ ကရင်နီ(ကယား)ပြည်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါနိုးကူးစစ်ရှောင်စခန်းတွင် စာသင်ဆောင်လုံလောက်မှုမရှိခြင်းကြောင့် စာသင်ကြားရန်အခက်အခဲရှိနေကြောင်း ဩဂုတ်လ ၂၅ ရက်နေ့တွင်သိရသည်။ စာသင်ဆောင်လုံလောက်မှု မရှိသည့်အတွက် စစ်ရှောင်ကလေးများကို လူနေအိမ်တွင် စသင်ကြားပေးနေရကြောင်းသိရသည်။ ” ကျနော်တို့ရွာက အထက်တန်းအထိစာသင်တာဆိုတော့ စာသင်ဆောင်လည်းမရှိဘူးလေ။ သူများနေအိမ်မှာသင်ရတာပေါ့၊ ကျောင်းသား/သူ ၁၆၀ နီးပါးရှိတယ်၊ တစ်အိမ်ထဲမလုံလောက်ဘူး၊ အိမ် ၃ လုံးခွဲပြီး တစ်အိမ်ကို ၅၀ ဦးသင်ကြရတယ်၊…

ဖရူဆိုအရှေ့ဘက်ခြမ်းကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် ဖရူဆိုအရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDFမှ ယနေ့သြဂုတ်၂၄တွင် ထုတ်ပြန်ထားသည်၊၊ စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ (၂၃)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟုဖော်ပြထားသည်၊၊ “စစ်ကောင်စီက ကျေးရွာကို ဗုံးကြဲတိုက်ခိုက်‌တော့ကျေးရွာထဲရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့တယ်၊၊ ကလေးငယ်…

စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ သေဆုံးမှု ၄၀၀၀ အထိမြင့်တက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးမှု (၄၀၀၀)ဦးအထိရှိလာကြောင်းနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်းAAPP ထုတ်ပြန်ချက် အရသိရသည်။ ၂၀၂၃ ခုနှစ်သြဂုတ် ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ(၂၄,၄၁၀)ဦး ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ (၄၅၁၅)ဦးသာရှိသေးကြောင်း ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးခံရသူ(၂၄,၄၁၀) ဦးရှိသည့်အနက် (၇,၁၇၅)ဦးသည် လက်ရှိပြစ်ဒဏ်ချမှတ်ခံထားရပြီး ကျန်သည့်(၁၉,၈၉၅) ဦးသည် ထိန်းသိမ်းခံနေရခြင်းဖြစ်ကြောင်း…

ကရင်နီပြည် မော်ချီဒေသတွင် ဆန်တစ်အိတ် ၄ သိန်းကျပ်၊ ကြက်ဥတစ်လုံး တစ်ထောင်ကျပ် ဖြင့်ပေးဝယ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ကယား(ကရင်နီ)ပြည် နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်မှုနှင့် ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံများသည် စားသုံးကုန်များကို မြင့်မားသည့်‌ဈေးနှုန်းဖြင့် ပေးဝယ်နေရကြောင်း သိရသည်။ တဖက်တွင်လည်း စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာ ပို့လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်း၊ စစ်ဆေးတင်းကြပ်ခြင်းများကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုအခါ ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီဒေသတွင် ပေါ်ဆန်းမွေး ဆန်တစ်အိတ်ကို ၄သိန်းကျပ်၊ ကြက်ဥတစ်လုံး…

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ PDF တပ်ရင်းများထံ NUG အစိုးရက Drone အစင်း (၄၀၀)ကျော်ပေးပို့

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေး (PDF)တပ်ရင်းများထံ Drone အစင်း(၄၀၀)ကျော် ပို့ဆောင်ထားကြောင်း ဩဂုတ်လ(၂၃)ရက်နေ့ NUGအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ဆောင်ထားသည့် Droneများကို ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များ ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နိုင်ကြရန်အတွက် ပို့ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထို Drone များသည်…

အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ဝန်ထမ်းများအခက်ခဲကြုံတွေ့လာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ရုံးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ အခက်အခဲကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်၊၊ လက်ရှိအချိန်တွင် ရှမ်းဆန် တစ်ပြည်လျှင် ၄၅၀၀/၅၀၀၀ ကျပ် အထိစျေးတက်နေပြီး စားအုန်းဆီတစ်ပိဿာလျှင် တစ်သောင်းကျော်ရှိနေကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးထံမှ သိရသည်၊၊ တောင်ကြီးမြို့ပေါ် ယခုကာလတွင် အဆောင်ခများလည်း ဈေးနှုန်းတက်နေပြီး တစ်ဦးလျှင် ကျပ်ငွေ ၅ သောင်းကျော် နှင့်…

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားဝင်ငွေကိုင်ဆောင်ထားသူများအား အရေးယူသွားမည်ဟု စစ်ကောင်စီဗဟိုဘဏ်အသိပေး

ခမ်းသားငေါဝ်း သြဂုတ် ၂၁၊ ၂၀၂၃ မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ပြုချက်/လိုင် စင်မရှိဘဲ နိုင်ငံခြားငွေများလက်ဝယ်ထားရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်ကဩဂုတ်လ၂၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ နိုင်ငံခြားသုံးငွေကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လက်ဝယ်တွေ့ရှိမည်ဆိုပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်ငွေနှစ်ရပ်လုံးကျခံပြီး သက်သေခံပစ္စည်းများကိုလည်း သိမ်းယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ နိုင်ငံတွင်းနေထိုင်သူများအနေဖြင့် တရားဝင်ရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀(သို့)၎င်းပမာဏနှင့်ညီမျှသည့် နိုင်ငံခြားဝင်ငွေများကို ၆ လအထိသာလက်ဝယ်ထားရှိခွင့်ရမည်ဖြစ်ပြီး…

ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် (၇၀) ကျော် ထိခိုက်သေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၉၊၂၀၂၃ ဒီမော့ဆိုမြို့မှ ဖရူဆိုမြို့နယ်ဖက်သို့ ဩဂုတ်လ ၂ ရက်နေ့ကစ၍ စစ်ကြောင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ် များနှင့် ကရင်နီပြည်တော်လှန်ရေးပူးပေါင်းတပ်များအကြား ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်…

ပင်လောင်းဒေသ ဝါးပြုံးရွာရောက်စစ်ရှောင်များအတွက် ဆေးဝါးများနှင့် စားနပ်ရိက္ခာများ အကူညီလိုအပ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ပိုင်းရှိ ဝါးပြုံးရွာရောက်စစ်ရှောင်များအတွက် ဆေးဝါးများနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ဩဂုတ်လ ၁၈ ရက်နေ့တွင် သိရသည်။ ယင်းစစ်ရှောင်စခန်းတွင် လှုဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး သက်ကြီးရွယ်အိုအများစုပါဝင်ကာ ရာသီတုပ်ကွေး‌ရောဂါ ဖြစ်ပွားမှုများလည်း ရိနေကြောင်းသိရသည်။ “နောင်တရားမှာ ကော်မတီဖွဲ့တဲ့အချိန် ဝါးပြုံးက မပါဘူး နာမည်မပေါက်တော့ စားနပ်ရိက္ခာပိုင်းလည်းအခက်ခဲရှိတယ်။ သူတို့စာရင်းမပါတော့ ရိက္ခာတွေပစ္စည်းတွေ…

ကွတ်ခိုင်တွင် စစ်ကောင်စီတပ် နှင့် TNLA တပ်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အကြား စစ်ရေးတင်းမာ

ခမ်းသားငေါဝ်း ဩဂုတ် ၁၈၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိိုင်မြို့နယ်၊မိုင်းယုကျေးရွာအနီးတွင် ဩဂုတ်လ ၁၇ ရက်နေ့။ နေ့လည် (၁:၂၀)မှ (၂:၃၀)အထိ စစ်ကောင်စီတပ် နှင့်TNLA တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုင်းယုကျေးရွာဖက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီလက်အောက်ခံ ရမခ ၊ ခလရ(၄၅)နှင့် TNLA တပ်မဟာ(၁)၊တပ်ရင်း(၈၇၆)တို့ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAသတင်း နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။…