Category: နိုင်ငံရေး / တိုက်ပွဲ

နောင်ချိုမြို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းလာခြင်းကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊ ၂၀၂၄ နောင်ချိုမြို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်းလာသည့်အတွက်ကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း PSLF/TNlAက သြဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ သရက်ချို၊ တောင်ခမ်းနှင့် ကမ္ဘောဇဘုန်းတော်ကြီးကျောင်း စသည့်နေရာများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ယမန်နေ့မနက် ၉ နာရီ ၁၃ မိနစ် အချိန်တွင်…

အင်အားတစ်သောင်းဖြင့် PNO/PNA ပြည်သူ့စစ် စစ်သင်တန်းဆင်းပွဲပြုလုပ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ အင်အားတစ်သောင်းဖြင့်PNO /PNA ပြည်သူ့စစ် စစ်သင်တန်း ဆင်းပွဲကို သြဂုတ်လ၂၁ ရက်နေ့တွင် ပင်လောင်းမြို့နောင်တရားဒေသ၌ ပြုလုပ်‌ခဲ့ကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်း ပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်တရားမြို့ဒေသခံပြည်သူများက မိမိတို့ဒေသကာကွယ်ရေးနှင့် လုံ ခြုံရေးရေးကိစ္စဆောင်ရွက်နိုင်ရန်အမှတ်စဥ်(၁) စစ်အင်အားတစ်သောင်းဖြင့် PNO/PNA ပြည်သူ့စစ် စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်၊၊ “ငါးရက်လောက် အတင်းအဓမ္မ တစ်အိမ်တစ်ယောက်မတက်မနေရဆိုပြီး…

တိုက်ပွဲဝင်လိုသည့် လူငယ်အမျိုးသား/အမျိုးသမီးတွေကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုနေကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၁၊ ၂၀၂၄ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF သည် တိုက်ပွဲဝင်လိုသည့် လူငယ် အမျိုးသား/အမျိုးသမီးတွေကို ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုနေကြောင်း ဩဂုတ်လ(၂၀)ရက်တွင် ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တောင်ပိုင်းစစ်ဒေသ၏ အထူးလက်ရုံးတပ်ဖွဲ့ဖြစ်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (P29999/ အထူးတပ်ဖွဲ့) မှအဆုံးသတ်တိုက်ပွဲဆင်နွှဲရန် အတူတကွလက်တွဲ တိုက်ပွဲဝင်လိုသည့် လူငယ်…

စစ်ကောင်စီကြောင့် အရပ်သား(၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားဟု TNLA ဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ သီပေါမြို့တွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား(၂) ဦးသေဆုံးပြီး စက်သုံးဆီသိုလှောင်ကန်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသြဂုတ်လ(၂၀)ရက်တွင် TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-၂၃ အနီးရှိ နားမုံရပ်ကွက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသား (၂) ဦးထိမှန်သေဆုံးသွားခဲ့ဟု TNLA က ဆိုထားသည်။ အလားတူ ဩဂုတ်…

လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရသတ်မှတ်ခြင်း လုံး၀မပြုလုပ်ကြောင်း MNDAA မှပြည်သူများကို တွေ့ဆုံရှင်းလင်း

ခမ်းသားငေါဝ်း ဩဂုတ် ၂၀၊ ၂၀၂၄ လားရှိုးမြို့တွင် လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရ သတ်မှတ်ခြင်း လုံး၀မပြုလုပ်ကြောင်း MNDAA မှ တာဝန်ရှိသူများက မြို့ခံပြည်သူများကို တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်ဩဂုတ်လ ၁၈ ရက်နေ့ ၌ရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ တို့တွင် လားရှိးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီအဖွဲ့က လူထု တွေ့ဆုံပွဲများပြုလုပ်ပြီး ပြည်သူတို့၏ပြဿနာများကို…

ကရင်နီပြည်နယ်မြောက်ပိုင်း တိုက်ပွဲအတွင်း KNDF ရဲဘော် ၆ ဦးကျဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၉၊ ၂၀၂၄ ကရင်နီပြည်နယ်မြောက်ပိုင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF အမှတ် (၉) တပ်ရင်းက ရဲဘော် ၆ ယောက် ကျဆုံးခဲ့ကြောင်း KNDF အမှတ်(၉)တပ်ရင်းထုတ်ပြန်ချက်အရ သိရသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ် (၉) တပ်ရင်းတွင် တာ၀န်ထမ်းဆောင်နေသည့် ရဲဘော် ရီမောင်းဒို (ခ)ပိန်းဆူ၊ ရဲဘော် ဝီလျံ (ခ)…

ဒီပဲယင်းမြို့နယ်တစ်ခုလုံးအား တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဩဂုတ် ၁၈ ၊ ၂၀၂၄ ဒီပဲယင်းမြို့နယ်တစ်ခုလုံးအား တော်လှန်ရေးတပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ကထုတ်ပြန်ထားသည်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တစ်ခုလုံးအား “အမှတ် ၁ စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ကွပ်ကဲမှု နဲ့ ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းများ၊ရွှေဘိုခရိုငိပကဖ၊ဒီပဲယင်းမြို့နယ်ပကဖ ဘုတလင်မြို့နယ်ပကဖ၊ တန့်ဆည်မြို့နယ်ပကဖတို့ပါ ဝင်ပြီး ဒီပဲယင်းမြို့​ရှိစကစနဲ့ပျူများ တပ်စွဲနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မနက် ၆ နာရီ…

RCSS/SSA တပ်ဖွဲ့ဝင်များ မီးဆော့ကစားရာမှ လက်ပစ်ဗုံးပေါက်ကွဲမှုဖြစ်ပြီး ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၈ ၊ ၂၀၂၄ လုဲင်းလောင်းရွာရောက် RCSS/SSA တပ်ဖွဲ့ဝင်များ မီးဆော့ကစားရာမှ လက်ပစ်ဗုံးကျကာပေါက်ကွဲမှုဖြစ်ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက ဩဂုတ် ၁၈ ရက်တွင် သိရသည်။ ရပ်စောက်မြို့နယ် လုဲင်းလောင်းရွာတွင် ဩဂုတ် ၁၆ ရက်၌ ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်များ မီးဆော့ကစားရာမှ လက်ပစ်ဗုံးမီးထဲကျကာပေါက်ကွဲမှုဖြစ်ပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။ “ခြေထောက်မှာ…

တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်၏စစ်သုံ့ပန်းသုံးရာနီးပါး ကို MNDAA က ထပ်မံလွှတ်ပေး

ခမ်းသားငေါဝ်း ဩဂုတ်လ ၁၇၊ ၂၀၂၄ တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်၏ စစ်သုံ့ပန်းစုစုပေါင်း ၂၉၆ ဦးကို ထပ်မံလွှတ်ပေးလိုက်ကြောင်း ကိုးကန့်တပ် MNDAA က ဒီနေ့ ဩဂုတ် ၁‌၇ ရက်တွင်ထုတ်ပြန်ထားသည်။ MNDAA တပ်သည် တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီတပ် စစ်သုံ့ပန်းများကို လူသားချင်းစာနာမှုဆိုင်ရာ ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ ယခုတကြိမ် လွှတ်ပေးခဲ့သူ များတွင်…

ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရရှိရန်လုပ်ဆောင်ပြီး အခြားတိုင်းရင်းသားများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု KA စစ်ဦးစီးချုပ်ပြော

ခမ်းသားငေါဝ်း သြဂုတ် ၁၇၊ ၂၀၂၄ နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းဖြင့် ဒီမိုကရေစီအရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား နှစ် ၇၀ ကျော် တောင်းဆိုလာခဲ့ပြီး ယနေ့တိုင်မရရှိသေးဘဲ၊ ယခုအချိန်သည်အမျိုးသားစည်းလုံး ညီညွတ်မှုမှာ ထိပ်ဆုံးရောက်နေပြီ ဖြစ်၍ ကိုယ့်ကံကြမ္မာဖန်တီးပိုင်ခွင့် ရရှိအောင် လုပ်ဆောင်ပြီး အခြား တိုင်းရင်းသားများနှင့် အတူ တိုက်ပွဲဝင်သွားရမည်ဟု (KA/KNDF) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ယနေ့ကျရောက်သော ၇၆…