Category: နိုင်ငံရေး / တိုက်ပွဲ

နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ၂ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး နမ့်ဖက်ကာတွင် လက်နက်ကြီးကျရောက်ပွဲကွဲမှုကြောင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦး နှင့် ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ယနေ့အောက်တိုဘာ၂၇ ရက်နေ့ မနက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့ဖြစ်သော MNTJP/MNDAA နှင့် စစ်ကောင်စီတပ် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ကလေးတစ်ယောက်က ပွဲချင်းပြီး သေဆုံးတယ်။အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကတော့ နမ့်ဖက်ကာဆေးရုံကို…

ယုံဗွေကွမ်းသီးခြံတွင် စစ်ကောင်စီတပ်အင်အား၂၀၀ ခန့် လာရောက်တပ်စွဲထားသဖြင့် ဒေသခံများကြောက်လန့်နေရ

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၁၉၊၂၀၂၃ ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတောတွင် စစ်ကောင်စီတပ်သား အင်အား၂၀၀ ခန့်လာရောက်တပ်စွဲထားသဖြင့် အနီးတဝိုက်ရှိဒေသခံများက ကြောက်လန့်ပြီး ခြံမသွားရဲကြကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော် ကျေးရွာ၊ ငှက်သောက်ကျေးရွာအနီးရှိ ယုံ​ဗွေတော ကွမ်းသီးခြံတွင် စစ်ကောင်းစီတပ်သားများက ဒေသခံများ၏ခြံတွင် လာရောက်တပ်စွဲထားပြီး စစ်ဆေးမှုများပြုလုပ်နေသဖြင့် ခြံထဲသို့မသွားရဲကြကြောင်း သိရသည်။ စစ်ကောင်စီတပ် လာရောက်တပ်စွဲထားမှုကြောင့် ဒေသခံများ၏ခြံများတွင် လာရောက်စစ်ဆေးခြင်း…

ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်အချို့ ဓားပြတိုက်ခံရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊၂၀၂၃ ဖယ်ခုံမြို့အတွင်းရှိ ပြည်သူနေအိမ်များတွင် ဓားပြတိုက်မှု၊ လုယက်မှုများ ဖြစ်ပွားနေကြောင်း‌ ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့၊ မြို့ကုန်းနှင်ညောင်ပင်သာရပ်ကွက်ရှိ ဒေသခံပြည်သူများ နေအိမ်အချို့တွင် အမည်မသိလူနှစ်ဦးကအောက်တိုဘာလ ၁၈ ရက်နေ့၌ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အခုက အခြေနေတော်တော်ဆိုးတယ်။ အိမ်ရှင်နာမည်ခေါ်ပြီး ဓားပြတိုက်တာ။ လာတိုက်တဲ့သူက လက်နက်‌လည်း ပါတယ်။ ဘယ်သူလဲ ဆိုတာတော့ မသိရဘူး။…

စစ်ကောင်စီက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း‌နေတာပါ ဟု PNFC ဥက္ကဋ္ဌပြော

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူစာချုပ် NCA နှင့်ပတ်သက်ပြီး ဗန်းပြတလွဲအသုံးချနေကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။ စစ်ကောင်စီသည် NCA၏ (၈)နှစ်ပြည့်အခမ်းအနားကို မိမိသဘောဖြင့် နေပြည်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာ (၁၅)ရက်နေ့က ခေါ်ယူကျင်းပခဲ့‌တာဖြစ်ကြောင်း ‌ ပြောဆိုသည်။ “NCAနဲ့ပတ်သက်တာ သူလုပ်ခွင့်ကိုင်ခွင့်မရှိဘူး။ သို့သော်လည်းပဲ NCAကို ဗန်းပြပြီးတော့ တလွဲအသုံးချပြီး အတုအယောင်ငြိမ်းချမ်းရေးကို…

မိုးဗြဲတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒေသခံနေအိမ်များ မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့ စည်ကား ၃ ရပ်ကွက်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ အောက်တိုဘာလ ၁၇ ရက် နေ့လယ် ၁ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က စည်ကား ၃ ရပ်ကွက်ရှိ ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။…

တလုပ်ချရေတံခွန်အနီးတွင် စစ်ကောင်စီတပ်လက်နက်ကြီးများ လာရောက်ပစ်ခတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ တလုပ်ချရေတံခွန်အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရွာငံမြို့နယ် ကျောက်ဂူတိကျေးရွာနှင့် ထန်းလှပင်ကျေးရွာကြား တလုပ်ချရေတံခွန်ရှိရာဝန်းကျင်ကိုအောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများက အင်အားသုံးကာ လာရောက်ပစ်ခတ်ခဲ့ကြောင်းသိရပါသည်။ စစ်ကောင်စီတပ်သားများက ယခုရက်ပိုင်းအတွင်းထန်းလှပင်ကျေးရွာလမ်းတွင် စစ်ဆေးမေးမြန်းမှုတင်းကြပ်နေကြောင်း သိရသည်။ ထန်းလှပင်ကျေးရွာနေထိုင်သူတစ်ဦးက ” တိုက်ပွဲမရှိဘူး ဒီတိုင်းလာပစ်သွားတာ ရေတံခွန်မှာစောင့်တဲ့သူတွေရှိတယ်…

တိုင်းရင်းသားအမည်များကို ပြောင်းလဲလုပ်ဆောင်ရာတွင် လဝကရုံးက ထည့်သွင်းခွင့်မပြု‌သဖြင့် တိုင်းရင်းသားများ အခွင့်အရေးဆုံးရှုံး ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၇၊၂၀၂၃ နိုင်ငံသား စိစစ်ရေးကတ် (မှတ်ပုံတင်)တွင် ဗာမာအမည်မှ တိုင်းရင်းသားအမည်များကို ပြောင်းလဲလုပ်ဆောင်ရာတွင် လဝကရုံးက ထည့်သွင်းခွင့်မပြု‌ကြောင်း တိုင်းရင်းသားလူငယ်တစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ လဝကရုံးများတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ အမည်ဖြစ်သော ခွန်/နန်းကို နိုင်ငံသားစီစစ်ရေးကတ် မှတ်ပုံတင်တွင် ပြောင်းလဲထည့်သွင်းလို‌သော်လည်း လဝကရုံးက မပြောင်းလဲပေးဘဲ ဗမာအမည်ဖြစ်သော မောင်/မကိုထည့်သွင်းနေရသောကြောင့် တိုင်းရင်းသားလူငယ်များအတွက် အခက်အခဲဖြစ်နေရကြောင်း ပအိုဝ်းတိုင်းရင်းသားလူငယ်တစ်ဦးက ယနေ့ အောက်တိုဘာလ…

တောင်မဲသင်းကျေးရွာတွင် စစ်ကောင်စီတပ်က အင်အား ၄၀၀ ခန့် လာရောက်တပ်စွဲသဖြင့် ဒေသခံများ လုံခြုံရေးစိုးရိမ်ရ ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် အောက်တိုဘာ ၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား ၄၀၀ ဝန်းကျင်ဖြင့် လာရောက်တပ်စွဲနေထိုင်ခဲ့ကြောင်း ‌စုံစမ်းသိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ပိုင်း တောင်မဲသင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက လာရောက်တပ်စွဲနေထိုင်သဖြင့် ဒေသခံပြည်သူများ စိတ်ရောကိုယ်ပါလုံခြုံမှုမရှိသလိုခံစားရပြီး ထိတ်လန့်နေကြရသည် ဟု ဒေသခံတစ်ဦး‌ ပြောပြချက်အရ သိရသည်။ တောင်မဲသင်းဒေသခံများသည် ဇူလှိုင်လလယ်ကတည်းက စစ်ရှောင်ရာကနေ နေရပ်ပြန်လာကြပြီး…

ရွာငံ-အောင်ပန်း လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များ ယခုရက်ပိုင်း စစ်ဆေးမှု ပိုတင်းကြပ်လာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၁၊၂၀၂၃ ရွာငံ-အောင်ပန်း လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ယခင်လထက် ယခုရက်ပိုင်းက စစ်ဆေးမှုများပိုတင်းကြပ်လာကြောင်း ခရီးသည်တစ်ဦးထံမှ သိရသည်။ ရှမ်းတောင်၊ ရွာငံ-အောင်ပန်း လမ်း‌ပေါ်ရှိ စစ်ကောင်စီဂိတ်များတွင် ယခုရက်ပိုင်းအတွင်း အစစ်အဆေးများ တင်းကြပ်လာပြီး ငွေတောင်းခံမှုများလည်း ရှိနေသည် ဟု သိရသည်။ စစ်ကောင်စီဂိတ်မှ ငွေတောင်းသူများသည် စစ်ကောင်စီတပ်သားများ၏ မိန်းမဟု ယူဆရသည့် အမျိုးသမီးများက ငွေတောင်းခံနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ…

စစ်ကောင်စီတပ်က ရွှေပြည်အေးရွာသားများကို ဖမ်းပြီး ငွေဖြင့်ပြန်ရွေးခိုင်း ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ ရွှေပြည်အေးရွာတွင် စစ်ကောင်စီတပ်သားများက ရွာသားများကို ဖမ်းပြီး ငွေဖြင့်ပြန် ရွေးခိုင်းနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ စစ်ကောင်စီတပ်သားများသည် ရွှေပြည်အေးရွာအနီးရှိ ရွာဘုရားတောင်ပေါ် တွင် တပ်စွဲထားသဖြင့် ဒေသခံများတောင်ယာသို့ အလုပ်သွားသည့်အချိန်တွင် ကြောက်လန့်နေရပြီး လုံခြုံရေးလည်း စိုးရိမ်နေကြရကြောင်း သိရသည်။ “ရွာသားအများစုက ကြောက်လို့ စစ်ရှောင်ကြတယ်။ စစ်မရှောင်တဲ့ သူလည်းများတယ်။…