Category: နိုင်ငံရေး / တိုက်ပွဲ

ရှမ်းမြောက်တွင်တိုက်ပွဲကြောင့်ဒေသခံလူထုသောင်းချီထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အိုးအိမ်​နေရပ်စွန့်ခွါပြီးစစ်ဘေးရှောင်ပြည်သူ သောင်းချီရှိလာခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ၂၇ ရက်နေ့မှစပြီး နိုဝင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလျက်ရှိကာ ပြည်သူများဘဝနေထိုင်မှု လုံခြုံမှုမရှိကြောင်းရှမ်းမြောက်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ဒီစစ်ဆင်ရေးစတင်ကြေညာတဲ့ရက် တိုက်ပွဲစဖြစ်တဲ့ရက်ကစပြီး ပြည်သူတွေလုံခြုံမှုမရှိတော့ဘူးလေ။ အဲ့ရက်ကတည်းကတချို့ကရှောင်နေရပြီ။ခုထိရှောင်နေရသူ ဦးရေအတိကျမသိရပေမဲ့ သောင်းချီရှိနေပါပြီ။ မရှောင်လည်း တိုက်ပွဲကြောင့်အသက် ဆုံးရှူံးနေတာကရှိတာကို ကလေးကအစ လုံခြုံမနေတော့ ကြောက်ကြတာပေါ့။”ဟု ရှမ်းမြောက်ဒေသခံတစ်ဦးကပြောသည်။ စစ်ရေးပဋိပက္ခနေ့စဉ်ဖြစ်ပွားနေမှုကြောင့်…

ကောလင်းခရိုင် ကောလင်းမြို့ကို PDF များ သိမ်းပိုက်ပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိဟုဆို

ခမ်းသားငေါဝ်း၊ နိုဝင်ဘာ ၆၊ ၂၀၂၃ အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွတ်ကဲရေး အစီစဥ်ဖြင့် ကောလင်းမြို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများပြားသိမ်းဆည်းရမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထုတ်ပြန်ချက်အရသိရသည်။ စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့က ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့…

မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့က စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာလ ၅၊ ၂၀၂၃ ၁၀၂၇ စစ်ဆင်ရေး (၉) ရက်မြောက်နေ့တွင်လည်း ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့စစ်ဆင်ရေးပစ်မှတ်ဖြစ်သည့် စစ်ကောင်စီတပ်စခန်း ၇ ခု ကိုထပ်မံသိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့၏ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွဲလာသည့် (၉)ရက်နေ့မြောက်အထိ ကြာမြှင့်လာချိန်တွင် စစ်ကောင်စီ တပ်စခန်း ၁၀၆ ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။…

ဆောင်းပြောင်းတွင် လက်နက်ကြီးသံနှင့် ကောလဟာလသတင်းစကားကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ဖြစ်ရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာအနီးတွင် လက်နက်ကြီးသံနှင့် ကောလဟာလသတင်းစကားကြောင့် ဒေသခံများ မအိပ်နိုင်ဘဲ စိုးရိမ်ထိတ်လန့်ဖြစ်နေရကြောင်းဒေသခံများပြောပြချက်အရ သိရသည်။ ဆောင်းပြောင်း‌ကျေးရွာအနီး‌တွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင် လက်နက်ကြီးပစ်ခတ်သံ ၃ ကြိမ် နှင့် လက်နက်ငယ်အသံများ‌ ကြောင့် ဒေသခံများမအိပ်နိုင်ဘဲ စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။ “အသံကတော်တော်ကျယ်တယ်။ ရွာရဲ့‌‌တောင်ဘက်ကနေကြားရတာ။…

KNDF နှင့်မဟာမိတ်တပ်ပေါင်းစုများ အောက်တိုဘာလတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော်ဖြစ်ပွား ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊၂၀၂၃ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာလ စစ်ရေးအနှစ်ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ကယား(ကရင်နီ)ပြည်နယ်တွင် အောက်တိုဘာလအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားမျိုးသားကာကွယ်ရေးတပ် KNDF က နိုဝင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ တိုက်ပွဲများသည် ဖရူဆို-ဘောလခဲ ပြည်‌ထောင်စုလမ်းမကြီးတစ်လျှောက်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး…

ဟံမြင့်မိုရ်- ရွာငံသွားလမ်းမကြီးရှိ ခရီးသွားပြည်သူများ အသွားအလာသတိပြုရန် မှော်ဘုရင်စစ်ကြောင်းမှ အသိပေး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ မှော်ဘုရင်စစ်ကြောင်းမှ ဟံမြင့်မိုရ်နှင့် ရွာငံသွားလမ်းမကြီးရှိ ခရီးသွားပြည်သူများအား သတိဖြင့်သွားလာပေးကြရန် မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွာငံဒေသအခြေစိုက် မှော်ဘုရင်စစ်ကြောင်း (P3-1003)က နိုဝင်ဘာလ ၂ ရက်နေ့မှစပြီး အဆိုပါလမ်းမကြီးအား ဖြတ်သန်းမောင်းနှင်မည့်ခရီးသွား‌ ဒေသခံကားများကို ထပ်မံသတိပေးခြင်းဖြစ်‌ကြောင်း ဆိုထားပါသည်။ ” မဖြစ်မနေဖြတ်သန်းသွားလာရတဲ့ကားတွေ စစ်ကောင်စီယာဥ်တန်းများနဲ့ ကိုက် ၁၀၀ ဝန်းကျင် အကွာမောင်းနင်သွားကြဖို့ ”…

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ်မြို့များကို အလုံးစုံထိန်းချုပ်နိုင် ဟု မဟာမိတ် ၃ ဖွဲ့ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂ ၊၂၀၂၃ စစ်ဆင်ရေး ၇ ရက်တာတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ် ၃ ဖွဲ့ က ယနေ့တွင် ထုတ်ပြန်သည်။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် အောက်တိုဘာ ၂၇ ရက်နေ့မှ ယနေ့ နိုဝင်ဘာ ၂…

စစ်ကောင်စီတပ်စခန်း ၃ ခုကို တအောင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ တအောင်းတပ်မတော် PSLF/TNLA သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခုကို လက်နက်ခဲယမ်းများ နှင့်အတူ သိမ်းဆည်းခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးထံမှ သိရသည်။ တပ်မဟာ(၅) စစ်ဒေသ၊ မိုင်းယု-နမ့်ဖတ်ကာကြားရှိ စစ်ကောင်စီ ရင်ကွဲတောင် တပ်စခန်းကို နိုဝင်ဘာ ၁ ရက်နေ့ နေ့လည် ၃ နာရီ…

စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်နှစ်နှစ်အတွင်း ကလေးငယ် ၄၇၆ ဦး သတ်ဖြတ်ခံရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်နှစ်နှစ်‌ကျော်ကာလအတွင်း စစ်ကောင်စီကြောင့် မြန်မာနိုင်ငံအနှံ့ရှိ ကလေးငယ်‌ ၄၇၆ ဦး ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရ ကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသည့် ကလေးငယ်များသည် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ဒုတိယ သေဆုံးမှုအများဆုံးဖြစ်ကာ မကွေးတိုင်းက တတိယအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။ မတရားဖမ်းဆီးထိန်းသိမ်းခံရ‌သော ကလေးငယ် ၆၉၁ ဦးရှိခဲ့ပြီး ၃၈၉…

ကိုးကန့်ဒေသတွင် ဖြစ်ပွားသည့် ပဋိပက္ခမျိုးစုံကို ဝင်စွက်ဖက်မည်မဟုတ် ဟု UWSA ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခပုံစံအမျိုး မျိုးကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA အနေဖြင့် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းနိုဝင်ဘာ(၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ UWSA ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးအရ လေကြောင်း ကြည်းကြောင်းမှ ဆိုးရွာသောထိုးနှက်မှု၊ နယ်မြေကျူးကျော်လာမှုရှိလာပါက တုံ့ပြန်တိုက်ထုတ်သွားမည် ဟု ဖော်ပြထားသည်။ “ဝ”ပြည်နယ် နယ်မြေလုံခြုံရေး နှင့် စစ်သားများ၊ အရပ်သားပြည်သူများအားလုံး၏ အသက်နှင့်…