Category: နိုင်ငံရေး / တိုက်ပွဲ

လောက်ကိုင်မြို့၏ အဓိကကျသည့် Hight Point တာရင်တောင်ကို MNDAA သိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၇၊၂၀၂၃ ကိုးကန့် ဒေသ လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်၏ တောင်ဖက်ခြမ်းတွင် အရေးပါသည့် Hight Point တာရင်တောင်ကို MNDAA က သိမ်းပိုက်နိုင်ခဲ့ကြောင်း The Koekang က ဖော်ပြထားသည်။ တာရင်တောင်သည် စစ်ကောင်စီလောက်ကိုင် မီးရှင့်ကုတ် ဒကစ နေရာ နှင့် တိုက်ရိုက်အကွာအဝေး(၂) မိုင်ခန့်သာရှိပြီး လောက်ကိုင်မြို့ကို တိုက်ရိုက်ရှုမြင်နိုင်ကြောင်း ဆိုထားသည်။…

စစ်ကောင်စီ၏ မိုင်းဝီးတပ်စခန်းနှင့် မိုင်းလုံတပ်စခန်း ကို TNLA ထပ်မံသိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၆၊၂၀၂၃ တအာင်းပြည်နယ်စစ်ဒေသအတွင်း ကျောက်မဲမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း(၂)ခုကို တအာင်းတပ်မတော် PSLF/TNLAက ထပ်မံသိမ်းပိုက်ရရှိကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းတီးတပ်စခန်းနှင့် ကျောက်မဲမြို့နယ်ရှိ မိုင်းလုံတပ်စခန်းကို ယမန်နေ့ ဒီဇင်ဘာလ(၅)ရက်နေ့တွင် PSLF/TNLA က ထပ်မံသိမ်းပိုက်ရရှိကြောင်း TNLAက ယနေ့ဒီဇင်ဘာလ(၆)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ မိုင်းလုံတပ်စခန်းကို…

ကျောက်မဲတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက် ကြီး‌‌ကြောင့် နေအိမ်တစ်လုံး၊ ကားတစ်စီး ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၆၊၂၀၂၃ ကျောက်မဲမြို့တွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကျရောက်ပေါက်သဖြင့် ဒေသခံနေအိမ်တစ်လုံး နှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း TWO က ထုတ်ပြန်ထားပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ တိလင် ၉ ရက်ကွက် ငြိမ်းချမ်းရေးကုန်းဘုရားအနီးတွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးကျရောက်ပေါက်ပြီး ဒေသခံနေအိမ်တစ်လုံးနှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း Ta’ang Wonen’s Organization -TWO ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ဒီဇင်ဘာ…

စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော တရွန်အိုင်ဗျူဟာစခန်းကြီးကို ရက္ခိုင့်တပ်တော် AA သိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၆၊၂၀၂၃ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးပါသော “တရွန်အိုင်ဗျူဟာ”ကုန်းစခန်းကို (AA) တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း AA ကထုတ်ပြန်ထားပါသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်ရေးအရ အရေးပါသော “တရွန်အိုင်ဗျူဟာ”ကုန်းစခန်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ဒီဇင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တရွန်းအိုင်ဗျူဟာ စခန်းကုန်းကို နိုဝင်ဘာ ၁၄ ရက်နေ့…

စစ်ကောင်စီတပ်ခွဲမှူးအပါ တပ်ဖွဲ့များ နှင့် လက်နက်ခဲယမ်းများကို MNDAA ထပ်မံသိမ်းဆည်းရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၆၊၂၀၂၃ တာရွှေထန် အမြောက်တပ်ရင်းမှ ကုန်းကြမ်းသို့ ပြောင်းရွေ့လာသည့် စစ်ကောင်စီတပ်ခွဲမှူးတစ်ဦးကို MNDAA မှ ပစ်သတ်နိုင်ခဲ့ကြောင်း MNDAA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၁၂၇ စစ်ဆင်ရေးလုပ်ဆောင်သည့် MNDAA သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီ တပ်ခွဲမှူးအပါ တပ်ဖွဲ့များ နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရကြောင်းထုတ်ပြန်ထားသည်။ ထို့ပြင် ကုန်းကြမ်းစခန်းမှ စစ်ကောင်စီ…

ကျေးရွာနှင့် လမ်းမကြီးများတွင် စစ်ကောင်စီမြေမြုပ်မိုင်းထောင်ထားသဖြင့် ပြည်သူများကျေးရွာသို့မပြန်ရဲ ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၅၊၂၀၂၃ ကျေးရွာများတွင် စစ်ကောင်စီက မြေမြုပ်မိုင်းများထောင်ထားခြင်းရှိ‌နေသေးသောကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ပြည်သူများအ‌နေဖြင့် ကျေးရွာသို့ပြန်မလာရဲကြောင်း ယနေ့တွင် ဒေသခံမျိုးသားတစ်ဦးက ပြောဆိုသည်။ ကယား(ကရင်နီ)ပြည် ဒီမော့ဆိုမြို့နယ်ရှိ ကျေးရွာများအတွင်း နှင့် ပြည်သူများသွားလာသည့်လမ်းမကြီးများတွင် စစ်ကောင်စီက မြေမြုပ်မိုင်းများထောင်ထားသဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့်ပြည်သူများ ကျေးရွာသို့ပြန်မလာရဲဖြစ်ကြရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် လူသွားလာများသည့်လမ်းမကြီးများ၊ စစ်ကောင်စီ တပ်စွဲအခြေချသောရွာ၏ ပတ်ဝန်းကျင်နေရာများနှင့် တပ်စခန်းအနီးအနားများတွင် မြေမြုပ်များထောင်ထားသည် ဟု ဆိုသည်။…

ဘာသာရေးအဆောက်အဦးများတွင် စစ်ကောင်စီတပ်စွဲထားလာသဖြင့် စစ်ရှောင်ပြည်သူများ အခက်အခဲဖြစ်ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၅၊၂၀၂၃ တိုက်ပွဲအတွင်း ဘာသာရေးအဆောက်အဦးများတွင် စစ်ကောင်စီတပ်က တပ်စွဲထားမှုကြောင်း စစ်ရှောင်ပြည်သူများ အခက်အခဲဖြစ်ကာ စိုးရိမ်နေရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ကယား(ကရနီ)ပြည်နယ် လွိုင်ကော်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲသည့် ဥတ္တရရုံ ဘုန်းကြီးကျောင်း ၊ နောင်ယားဘုရားကျောင်းများတွင် ဘာသာရေးခေါင်းဆောင်များနှင့် စစ်ရှောင်ပြည်သူများလည်း ရှိနေကြောင်း ဒီဇင်ဘာလ ၅ ရက်မှ သိရသည်။ “အချို့လူတွေက အခြားမြို့ကိုသွားပြီး စစ်မရှောင်နိုင်လို့…

စစ်ကောင်စီ တပ်စခန်း ၅ ခုကို MNDAA ထပ်မံသိမ်းယူနိုင်ခဲ့ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၄၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း တုန်ရှမ်းဒေသရှိ စစ်ကောင်စီ တပ်စခန်း ၅ ခုကို ဒီဇင်ဘာ ၃ ရက်နေ့က MNDAA ထပ်မံသိမ်းယူနိုင်ခဲ့ကြောင်း ကိုးကန့်မီဒီယာဖော်ပြချက်အရ သိရသည်။ ထို့အ​ပြင် မူပန်(သိန္နီ)ခရိုင်တွင်နန့်စလပ်ဗျူဟာကုန်းမှထွက်ပြေးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းပြောဆိုထားသည်။ “မူပန်(သိန္နီ)ခရိုင် လုံခြုံ‌ရေးအဖွဲ့သည် မူပန်ဒေသကိုရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ နန့်စလပ်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီအကြွင်း…

ရက် ၂၀ အတွင်း စစ်ကောင်စီက ကရင်နီပြည်ကို လေကြောင်းဖြင့် အကြိမ်သုံးရာကျော်တိုက်ခိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာလ ၄၊ ၂၀၂၃ စစ်ကောင်စီက ကရင်နီပြည်အတွင်း ရက်ပေါင်း ၂၀ အတွင်း လေးကြောင်းအသုံးပြုပြီး ၃၅၃ ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ကရင်နီပြည်ရှိ လွိုင်ကော်မြို့အတွင်း စစ်ကောင်စီမှလေကြောင်းဖြင့်တိုက်ခိုက်မှုသည် နိုင်ဘာလ ၁၁ ရက် ၂၀၂၃ ခုနှစ် မှစပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၃၅၃ ကြိမ်ရှိကြောင်း ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ (KHAI )မှ…

စစ်ကောင်စီက နေအိမ်ရပ်ကွက်၌ရမ်းသမ်းပစ်ခတ်မှုကြောင့် တစ်ရက်ထဲအရပ်သား ၇ ဦး သေဆုံးခဲ့

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၃၊ ၂၀၂၃ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင်း အသက်မပြည့်သေးသည့် ကလေးငယ်အပါအဝင် ဒေသခံအရပ်သား (၇) ဦးသေဆုံးခဲ့ရကြောင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့်ဒေသတွင် စစ်ကောင်စီမှ အရပ်သားများနေအိမ်များ ရပ်ကွက်များကို ပစ်မှတ်ထား လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်အရပ် ၇ ဦးသေဆုံးခဲ့ပြီး ၄ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း MNDAA ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးဖြင့် နိုဝင်ဘာလ ၃၀…