Category: နိုင်ငံရေး / တိုက်ပွဲ

နမ်းခမ်းမြို့တိုက်ပွဲတွင် အရပ်သား(၁၄)ဦးသေဆုံးပြီး အရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၃၊၂၀၂၃ တိုက်ပွဲတစ်လကျော်ကာလကြာမြင့်ခဲ့သည့် နမ်းခမ်းမြို့တိုက်ပွဲတွင် အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ရှမ်းမြောက် နမ်းခမ်းမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တစ်လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ် (၁၂၇)လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ယနေ့ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ တိုက်ပွဲဖြစ်ပွားသည့်ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးဖြင့်ကြဲချခြင်း၊ လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ခြင်းကြောင့်…

တရုတ်ဂက်စ်ပိုက်လိုင်းတလျှောက်စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဂက်စ်ပိုက်လိုင်းပေါက်ကွဲမည်ကိုပြည်သူစိုးရိမ်

ခမ်းသားငေါဝ်း ဒီဇင်ဘာလ ၂၂ ၊၂၀၂၃ မြှုပ်နှံထားသည့်ပိုက်လိုင်းတည်ရှိရာနေရာများကိုစစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်မည်ကိုပြည်သူများစိုးရိမ်နေရကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြောဆိုထားသည်။ ရှမ်းမြောက်တိုက်ပွဲအတွင်း ပြည်သူလူထုများလူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့်ပတ်သက်ပြီး ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဒီဇင်ဘာ ၂၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ထားကြောင်းသိရသည်။ “စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်ပြီးစစ်ရာဇဝတ်မှုကျူးလွန်တာရှိတယ်၊ စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီး နဲ့လာပစ်တာတွေလည်းရှိနေတယ်”လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ယိင်းလျန်ဟန် ကပြောသည်။ ရှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှုကြောင့်…

ထီရီးရွာအတွင်း လက်နက်ကြီးကျရောက်မှုဆက်ရှိနေပြီး ဒေသခံများ ထပ်မံထွက်ပြေးနေရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၁၊၂၀၂၃ ရှမ်းတောင် ညောင်ရွှေမြို့နယ် ထီးရီးကျေးရွာအတွင်း ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ လက်နက်ကြီးကျရောက်မှု ဆက်ရှိနေပြီး ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်မှာ ရွားသားများက ရွာအတွင်းတိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်နေရပြီး နီးစပ်ရာ ရန်ကင်းရွာ၊ နမ့်ဗွန်ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ “အခုတော့ကျွန်တော်တို့ရှောင်လိုက်ပြီ၊ ကျွန်တော်တို့စရှောင်တာက…

လေကြောင်းဖြင့်အပြစ်မဲ့ပြည်သူကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် လေယာဥ်မှူး ဝန်ချတောင်းပန်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၀၊ ၂၀၂၃ လေကြောင်းဖြင့်အပြစ်မဲ့ပြည်သူကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအတွက် ပြည်သူလူထုများကို ဝန်ချတောင်း ပန်လိုကြောင်း ဗိုလ်မှုးခိုင်သန့်မိုး(လေယာဥ်မှူး)က ပြောဆိုလိုက်သည်။ ကရင်နီပြည်နယ်အတွင်း၌ စစ်ကောင်စီတပ် ဗိုလ်မှူးခိုင်သန့်မိုး(လေယာဥ်မှူး)သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ လူထုများထိခိုက်ဒဏ်ရာရခြင်း၊ အိုးမဲ့အိမ်မဲ့များဖြစ်သွားခြင်း စသည့်ကိစ္စရပ်များကို ကျူးလွန်ခဲ့သည့် အတွက် ပြည်သူလူထုများကို ဝန်ချတောင်းပန်လိုကြောင်းပြောထား သည်။ “တကယ့်ကိုနောင်တနဲ့ ကျွန်တော်တကယ်ဝန်ချပြီးတော့ အပြစ်မဲ့ပြည်သူတွေအပေါ်မှာ ကျွန်တော် လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့…

ကရင်နီပြည်တွင်ဖော်ဆောင်သည့် ၁၁၁၁ စစ်ဆင်‌ရေးတိုက်ပွဲတွင် PNDF – KK ပါဝင်တိုက်ခိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၀၊ ၂၀၂၃ ကရင်နီပြည်တွင် ဖော်ဆောင်သည့် ၁၁၁၁ စစ်ဆင် ရေးတိုက်ပွဲ၌ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် ခမ်းကောင် PNDF-KK သည် ပူးပေါင်းတိုက်ပွဲဝင်နေကြောင်းသိရသည်။ ကရင်နီပြည် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်ရှိတိုက်ပွဲတွင် KNDF ၏ဗျူဟာ- ၁ စစ်ကြောင်းနှင့်အတူပါဝင်တိုက်ခိုက် တိုက်ပွဲဝင်နေသည်ဟုသိရသည်။ “တော်လှန် ရေးနယ်မြေမှာ ရည်မှန်းချက်တူ ၊ပန်းတိုင်တူတဲ့စစ်အာဏာရှင်ပြုတ်ကျရေးမှာ လုပ်နေတဲ့ မဟာမိတ်နဲ့ အတူ…

နမ့်ခမ်းမြို့ကို TNLA အလုံးစုံထိန်းချုပ်နိုင်၊တိုက်ပွဲအတွင်း TNLA တပ်သား ၄၉ ဦးကျဆုံးဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၉၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင်တအာင်းတပ်မတော် TNLAက အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း TNLAသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ နမ်းခမ်းမြို့ကို သိမ်းပိုက်ရရှိရန်အတွက် ၁၀၂၇ စစ်ဆင်ရေးအတွင်း (၃၁)ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲအတွင်း TNLA တပ်သား ၄၉ ဦး ကျဆုံးကာ ၁၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ တိုက်ပွဲအတွင်းတွင်…

ဆောင်းနန်းခဲကျေးရွာတောင်ပေါ် စစ်ကောင်စီပွိုင့်ကုန်းကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၉၊၂၀၂၃ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ဆောင်းနန်းခဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတောင်စခန်းပွိုင့်ကုန်းကို မဟာမိတ်တော်လှန် ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ဆောင်းနန်းခဲကျေးရွာတောင်ပေါ် တွင် တပ်စွဲထားသည့် စစ်ကောင်စီ တောင်စခန်းပွိုင့်ကုန်းကို မဟာမိတ် တော်လှန် ရေး အင်အားစုများက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက ပူတွဲထုတ်ပြန်ထားသည်။ ဒီဇင်ဘာ…

စစ်ကောင်စီ လေကြောင်းဖြင့်ပစ်ခက်တိုက်ခိုက်မှုကြောင်း တစ်ရက်အတွင်း အရပ်သား ၆ ဦးထက်မနည်းသေဆုံး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၉၊၂၀၂၃ စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီး ပစ်ခက်တိုက်ခိုက်မှုကြောင်း တစ်ရက်အတွင်း အရပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ရေးအတွင်း စစ်ရေးနှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီတပ်ကလေကြောင်းနှင့် လက်နက်ကြီး အားကိုးပြီး အနိုင်ကျင့် သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း ဒီဇင်ဘာလ ၁၉ ရက်တွင် ရှမ်းမြောက်ညီနောင် ၃ဖွဲ့မှ ၁၀၂၇…

သေနတ်သံလက်နက်ကြီးသံကြားနေရ၍ ထီရီးရွာခံများ ထိတ်လန့်ထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာလ ၁၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရီးကျေးရွာတွင် သေနတ်သံလက်နက်ကြီးသံကြားနေရ၍ ဒေသခံရွာသားများ ထိတ်လန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံသိရသည်။ ကျေးရွာအတွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် လုံခြုံသည့် နီးစပ်ရာကျေးရွာအတွင်းသို့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရကြောင်းသိရသည်။ “တောင်ဘက်ကနေ သေနတ်တွေပစ်လာတာရှိတော့လေ ဒီဘက်က မပစ်သေးပေမဲ့ ကြောက်ကြတာပေါ့ အဲ့လိုမျိုး ၊ တိုက်ပွဲဖြစ်လာမှာကို ကြောက်တာပါ၊ အဲ့ကြောင့်ပြေးကြရတာပါဗျ။ ရွာထဲမအိပ်ရဲတဲ့သူတွေလည်းရှိတယ်၊ အရင်တလောက သုံးပုံတစ်ပုံဆို အခုက…

ရှမ်းမြောက် ​နမ့်ဆန်မြို့ကို တအာင်းတပ်မတော် TNLA ကအလုံးစုံသိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၈၊ ၂၀၂၃ အတွင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ စခန်းများကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အမြောက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် TNLAတပ်ဖွဲ့မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း…

You missed