ကုန်စျေးနှုန်းများ မြင့်တက်လာပြီး ဝယ်သူနည်းလာသဖြင့် တစ်ပိုင်တစ်နိုင်စီးပွါးဖြစ်ဆိုင်များပိတ်သိမ်းလာရ
ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊၂၀၂၄ ကုန်စျေးနှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာပြီး ပြန်လည်ရောင်းချသည့်အိမ်ဆိုင်များတွင်လည်း ဝယ်သူနည်းပါးလာသဖြင့် တစ်ပိုင်တစ်နိုင် စီးပွါးဖြစ်ကိုယ်ပိုင်ဆိုင်များ ရပ်တန့်လာရကြောင်း ဆိုင်ပိတ်လိုက်ရသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ တစ်ပိုင်တစ်နိုင်စီးပွါးဖြစ် အိမ်ဆိုင်များ၊ ဆိုင်ခန်းများ၊ အကင်ဆိုင်များနှင့် အကြော်ဆိုအချို့သည် ပြည်သူများ ဝင်ငွေကြပ်တည်းလာသည်နှင့်အမျှ ဝယ်ယူစားသုံးသူများနည်းပါးလာသဖြင့် အရင်းအနှီးပြုတ်ပြီး ဆိုင်များပိတ်သိမ်းလိုက်ရကြောင်း ဆိုင်ပိတ်လိုက်ရသူ အမျိုးသမီးတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း…