ပြည်သူ့စစ်ကားဝယ်ရန် PNO က ဆက်ကြေးကောက်ခံသလို ပြည်သူ့စစ်မှုမထမ်းပါက ကျပ်သိန်း ၅၀ ပေးဆောင်ရ
ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊၂၀၂၄ ဆတ်သေ၊မြေမဲရွာဘက်တွင် PNO ပြည်သူ့စစ်များအတွက် ကားဝယ်ရန်ဟုဆိုပြီး ဆက်ကြေးကောက်သလို ပြည်သူ့စစ်ထဲမဝင်လျှင်တစ်ဦးကို ငွေကျပ်သိန်း ၅၀ ဒေသခံများထံ PNOပြည်သူ့စစ်ကကောက်ခံနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရပ်စောက်မြို့နယ် ဆတ်သေ မြေမဲကျေးရွာနှင့် တောင်ကြီးမြို့မြောက်ဘက် ဇလဲကျေးရွာဘက်တွင် ပြည်သူ့စစ်များအတွက် ကားဝယ်ပေးရန်ဆိုပြီး တစ်အိမ် ၂ သောင်းကျပ်ကောက်ခံနေပြီး စစ်မှုမထမ်းပါကသိန်း ၅၀ ပေးဆောင်ရကြောင်း သိရသည်။ “အရင်ကသေနတ်ဖိုးကောက်တယ် အခုလည်းစစ်သားအတွက်ကားဝယ်ပေးဖို့တဲ့ PNO…