ရေတာရှည် မြို့တွင်စစ်ကောင်စီက ဒရုန်းဗုံးကြောင့် အရပ်သားပြည်သူ (၃)ဦးသေဆုံးပြီး၊(၁၂) ဦးထိခိုက်ဒဏ်ရာရ
ခမ်းသားငေါဝ်း စက်တင်ဘာ ၁၀၊ ၂၀၂၄ ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်၍အရပ်သားပြည်သူ (၃)ဦးသေဆုံးပြီး၊(၁၂) ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ ကသတင်းထုတ်ပြန်လာသည်။ စစ်ကောင်စီက အရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍ စက်တင်ဘာလ (၈) ရက်၊ နေ့လည်ပိုင်းအချိန်တွင် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ အာဏာသိမ်းစစ်ကောင်စီသည် တော်လှန်ရေးပူးပေါင်းအဖွဲ့များကို အဘက်ဘက်ကရှုံးနိမ့်လာပြီးနောက် တောင်ပိုင်းစစ်ဒေသနယ်မြေအပါအဝင်…